မြန်မာနိုင်ငံက ဆန် မက်ထရစ်တန် ၂သောင်း သီရိလင်္ကာ၀ယ်ယူမယ်

ကိုလံဘို၊ နို၀င်ဘာ-၃၀-၂၀၂၁
မျိုးဆက်(VOM)
 
သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့လက်ရှိလိုအပ်ချက်နဲ့ပြည့်မီရေးအတွက် မြန်မာနိုင်ငံကနေ ဆန်မက်ထရစ်တန် နှစ်သောင်းတင်သွင်းဖို့ သီရိလင်္ကာအစိုးရရဲ့ ခွင့်ပြုချက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။
 
Government to Government စနစ်နဲ့ မြန်မာနိုင်ငံက ဆန်မက်ထရစ်တန် နှစ်သောင်းတင်သွင်းဖို့ ကုန်သွယ်ရေး၀န်ကြီး Bandula Gunawardena ရဲ့အဆိုပြုချက်ကို အစိုးရအဖွဲ့က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံကဆန်တွေကို သီရိလင်္ကာကုန်သွယ်မှုကော်ပိုရေးရှင်းကတဆင့် တင်သွင်းသွားမှာဖြစ်ပြီး ဆန်တတန်ကို ဒေါ်လာ ၄၆၀ ကျသင့်မှာဖြစ်ပါတယ်။
 
သိရိလင်္ကာပြည်တွင်းစျေးကွက်မှာ ဆန်စျေးတည်ငြိမ်စေဖို့နဲ့ ဆန်ရှားပါးပြတ်လပ်မှုမရှိစေဘဲ အရန်ဆန်ထားရှိရေးတို့အတွက် မြန်မာနိုင်ငံကနေ ဆန်တွေကို အခုလို့တင်သွင်းဖို့ စီစဉ်တာလို့ သိရပါတယ်။
 
Ref: Colombopage
#voiceofmyanmar #VOM #ကိုလံဘို

Related posts

✕
VOM News

FREE
VIEW