အိုမီခရွန် ဗိုင်းရပ်စ်ကာကွယ်ဆေး ရက် ၁၀၀ အတွင်းထုတ်လုပ်မယ်လို့ Pfizer ကုမ္ပဏီပြော

ဝါရှင်တန်၊ နို၀င်ဘာ-၃၀-၂၀၂၁
မျိုးဆက်(VOM)
 
အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးကို ရက် ၁၀၀ အတွင်း ထုတ်လုပ်ရရှိနိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီဖိုက်ဇာရဲ့ စီအီးအိုဖြစ်သူ အဲလ်ဘတ်ဘူလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်အပေါ် လက်ရှိကာကွယ်ဆေးတွေရဲ့ ကာကွယ်မှုစွမ်းရည်နည်းပါးပါက ကာကွယ်ဆေးသစ်တစ်မျိုးထုတ်လုပ်ဖို့လိုအပ်ပြီး ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေးသစ်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သူကဆိုပါတယ်။
 
ကုမ္ပဏီဟာ ဘီတာနဲ့ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲတွေအတွက်လည်း သီးသန့် ကာကွယ်ဆေးတွေထုတ်လုပ်ထားပြီးဖြစ်ကြောင်း ဒါပေမယ့် မူလကာကွယ်ဆေးဟာ ဗိုင်းရပ်စ်အပေါ် ထိရောက်ဆဲဖြစ်တာကြောင့် သီးသန့်ကာကွယ်ဆေးတွေကို အသုံးမပြုတာလို့ပြောပါတယ်။
 
လက်ရှိကာကွယ်ဆေးဟာ အိုမီခရွန်ဗိုင်းရပ်စ်အပေါ် ထိရောက်မှုမရှိဘူးလို့ ယူဆမှသာ သီးသန့်ကာကွယ်ဆေးကို အသုံးပြုသွားမယ်လို့ မစ္စတာဘူလာက ပြောပါတယ်။
 
Pfizer ကုမ္ပဏီဟာ ဗိုင်းရပ်စ်မျိုးကွဲတွေအတွက် သီးသန့်ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့အပြင် ကိုဗစ်-၁၉ ရောဂါကုသနိုင်တဲ့ သောက်ဆေးတစ်မျိုးကိုလည်း ထုတ်လုပ်ထားပြီး ခွင့်ပြုချက်ရရှိရေးအတွက် အမေရိကန်တာ၀န်ရှိသူတွေထံ တင်ပြထားပါတယ်။
 
Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW