ရန်ကုန်မှာ ပစ်ခတ်မှု ၊မီးရှို့မှု ၊ဆန္ဒပြမှုတွေပြီးတဲ့နောက် လမ်းတွေပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်၊နိုဝင်ဘာ ၃၀ ၊၂၀၂၁
KK(VOM)
 
ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း ပစ်ခတ်မှု ၊မီးရှို့မှု ၊ ဆန္ဒပြမှုတွေဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ လမ်းတွေပိတ်ဆို့စစ်ဆေးနေတယ်လို့
မြို့နယ်တချို့က သိရပါတယ်။
 
ရန်ကုန်က မြို့နယ်တချို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြမှုတွေ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် လမ်းတွေကို စစ်တပ်နဲ့ရဲတွေက ပိတ်ဆို့ရှာဖွေစစ်ဆေးနေတာ ဖြစ်တယ်လို့ ဗိုလ်တစ်ထောင်မြို့နယ်နေသူတဦးက ပြောပါတယ်။
 
“ဗိုလ်ချုပ်လမ်းတို့ ဘုန်ကြီးလမ်တွေမှာ ရှာနေတာ ကားတွေကို ဒီမနက် ဆန္ဒပြတဲ့သူတွေဖမ်းဖို့ရှာတာလား သန်လျှင်က ပစ်ခတ်မှုကို
ရှာတာလားတော့မသိဘူး လမ်းတွေတော့ ပိတ်နေတယ်”ဟု ပြောပါတယ်။
 
သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်၊မင်းနန္ဒာလမ်းသွယ်မှာ ဒီကနေ့မနက် ၉ နာရီက ရာအိမ်မှုးဦးဘမြင့်ဆိုသူ သေနတ်နဲ့ပစ်
ခတ်ခံရပြီးနောက် ရှာဖွေတာဖြစ််မယ်လို့လည်း သန်လျှင်မြို့ခံတဦးကပြောပါတယ်။
 
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ထဲမှာ လူငယ်များဆန္ဒပြပြီးနောက်စစ်တပ်က ဖမ်းဆီးဖို့ ရှာဖွေတာလည်း ဖြစ်နိူင်တယ်လို့ ကျောက်တံတားမြို့နယ်နေသူတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လှည်းတန်းဂမုန်းပွင့်စျေးဝယ်စင်တာမှာ ဆန္ဒပြမှုများဖြစ်ခဲ့ပြီးနောက် လူငယ်အချို့ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဥ်
လည်း ဖြစ်ခဲ့ပါသေးတယ်။
 
အလားတူပင် နိုဝင်ဘာ ၂၈ ရက်ကလည်း သာကေတမြို့နယ်လျှပ်စစ်ရုံးကို ကားတစ်စီးပေါ်မှ သေနတ်နဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့တဲ့ဖြစ်စဥ်
လည်း ဖြစ်ခဲ့ပါသေးတယ်။
 
လက်တလောအခြေအနေမှာ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းနှင့် လမ်းမတော်မြို့နယ်တွေမှာ စစ်တပ်
နဲ့ရဲတွေဟာ မသင်္ကာတဲ့ကားတွေကို တားပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အဲဒီမြို့နယ်တွေက သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်စစ်ဆေးရေး

Related posts

Leave a Comment

VOM News

FREE
VIEW