အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကမ္ဘာလုံးဆိုင်ရာကူးစက်မှုမြင့်မားနိုင်တယ်လို့ WHO သတိပေး

ဂျီနီဗာ၊ နို၀င်ဘာ-၃၀-၂၀၂၁
မျိုးဆက်(VOM)
 
အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုအန္တရာယ်မြင့်မားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ အချို့သောဒေသတွေမှာ ပြင်းထန်တဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ WHO ကဆိုပါတယ်။
 
ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးတွေထိုးနှံနိုင်ရေး ကမ္ဘာ့နိုင်ငံတွေက တွန်းအားပေးလုပ်ဆောင်ကြဖို့ WHO အကြီးအကဲတက်ဒရို့စ်က တိုက်တွန်းလိုက်ပါတယ်။
 
ကိုဗစ်-၁၉ ရောဂါနဲ့ မိမိတို့လူသားတွေအကြား ရေစက်မကုန်သေးဘူးလို့ သူကသတိပေးထားပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ယခုလအစောပိုင်းတွင် တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ကနဦးအထောက်အထားတွေအရ ပြန်လည်ကူးစက်နိုင်ခြေမြင့်မားတယ်လို့ ဆိုပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်ဟာ မကြုံစဖူးမျိုးရိုးဗီဇပြောင်းလဲမှုတွေရှိနေပြီး ကပ်ရောဂါဖြစ်ပွားမှုအပေါ် အလားအလာရှိတဲ့ သက်ရောက်မှုတွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ WHO ကပြောပါတယ်။
 
ကမ္ဘာတ၀န်းရှိသိပ္ပံပညာရှင်တွေဟာ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်ခြေမြင့်မားခြင်း၊ ပြန်လည်ကူးစက်နိုင်ခြေနဲ့ ကာကွယ်ဆေးတွေအပေါ်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာတွေကို ရှာဖွေဖော်ထုတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ WHO အကြီးအကဲက ပြောဆိုပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW