နိုင်ငံတကာအာကာသစခန်းသို့ ဂျပန်ဘီလျှံနာသူဌေး သွားရောက်လည်ပတ်

တိုကျို၊ ဒီဇင်ဘာ-၉-၂၀၂၁ မျိုးဆက်(VOM)   ဂျပန်ဘီလျှံနာသူဌေးဖြစ်သူ မယ်ဇာဝါယူဆာကူဟာ နိုင်ငံတကာအာကာသစခန်းသို့ ဒီဇင်ဘာ ၈ ရက်မှာ အောင်မြင်စွာရောက်ရှိနေပြီဖြစ်ပါတယ်။   အသက် ၄၆ နှစ်အရွယ် ဖက်ရှင်လုပ်ငန်းရှင်ဖြစ်သူ မာဇာဝါယူဆာကူနဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူတို့ဟာ ကမ္ဘာပတ်လမ်းမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းသို့ ပထမဆုံးသွားရောက်တဲ့ ဂျပန်အရပ်သားတွေဖြစ်ပါတယ်။   သူတို့နှစ်ဦးကို တင်ဆောင်ထားတဲ့ ရုရှားရဲ့ဆိုရုဇ်အာကာသယာဉ်ဟာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာ ကာဇက်စတန်ရှိ လွှတ်တင်ရေးစင်တာတစ်ခုမှ နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်ခဲ့ပါတယ်။   ဒီလိုလွှတ်တင်ပြီး ခြောက်နာရီအကြာမှာ ဆိုရုဇ်အာကာသာယာဉ်ဟာ နိုင်ငံတကာအာကာသစခန်းသို့ အောင်မြင်စွာ ရောက်ရှိချိတ်ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။   နိုင်ငံတကာအာကာသစခန်းမှာ နေထိုင်မယ့် ၁၂ ရက်ကြာကာလအတွင်း မယ်ဇာဝါယူဆာကူဟာ အများပြည်သူ အဆိုပြုထားတဲ့ လုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။   Ref: NHK Photo:CGTN #voiceofmyanmar #VOM…

Read More

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို အမေရိကန်က လက်နက်ရောင်းချခွင့် ပိတ်ပင်

၀ါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁ မျိုးဆက်(VOM)   တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန်က လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အရေးယူပိတ်ဆို့မှုတရပ်ကို ဒီဇင်ဘာ ၈ ရက်မှာ ချမှတ်လိုက်ပါတယ်။   မြန်မာနိုင်ငံအပေး ဖိအားပေးဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ကမ္ဘောဒီးယားအပေါ် အခုလို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။   ဒေသတွင်းလုံးခြုံရေးကို ခြိမ်းခြောက် ပျက်ပြားစေတဲ့ တရုတ်စစ်ဘက်ရဲ့ နက်ရှိုင်းတဲ့သြဇာလွှမ်းမိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘောဒီးယားအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေကို အမေရိကန်ကုန်သွယ်ရေးဌာနက ချမှတ်လိုက်တာဖြစ်ပါတယ်။   လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့အတူ အဲဒီအစီအမံဟာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စစ်ထောက်လှမ်းရေးဆိုင်ရာ ၀န်ဆောင်မှုတွေကိုလည်း ကန့်သတ်သွားမှာဖြစ်ပါတယ်။   ထိုင်းပင်လယ်ကွေ့တလျှောက်မှာ ကမ္ဘောဒီးယားရေတပ်အခြေစိုက်စခန်းရဲ့ အစိတ်အပိုင်းတွေကို တရုတ်စစ်ဘက်ကို သီးသန့်အသုံးပြုခွင့်အတွက် တရုတ်နိုင်ငံနဲ့လျှို့ဝှက်စွာ လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့…

Read More

နယူးဇီလန်မှာ လူငယ်တွေကို တသက်လုံး ဆေးလိပ်ရောင်းချမှု ပိတ်ပင်ဖို့ စီစဉ်နေ

၀ယ်လင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁ မျိုးဆက်(VOM)   နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်သောက်ဆုံးမှုကို ပိတ်ပင်ရန် ကြိုးစားမှုအဖြစ် လူငယ်မျိုးဆက်သစ်များကို ဆေးလ်ိပ်ရောင်းချခွင့်အား ပိတ်ပင်တော့မှာဖြစ်ပါတယ်။   လာမယ့်နှစ်မှာ ပြဌာန်းဖွယ်ရှိတဲ့ ဥပဒေအရ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူမည်သူကိုမဆို စီးကရက် သို့မဟုတ် ဆေးရွက်ကြီး၀ယ်ယူသုံးစွဲခွင့်ရှိတော့မှာမဟုတ်ပါဘူး။   လူငယ်လူရွယ်တွေကို ဘယ်တော့မှ ဆေးလိပ်စသောက်တာမျိုးမဖြစ်စေဖို့ မိမိတို့ဆန္ဒရှိကြောင်း နယူးဇီလန် ကျန်းမာရေး၀န်ကြီး ဒေါက်တာ Ayesha Verall ကပြောပါတယ်။   နယူးဇီလန်ကျန်းမာရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်မှာ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ဆေးလိပ်သောက်သုံးမှုကို အရှိန်အဟုန်နဲ့ နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။   စီးကရက်တွေမှာ နီကိုတင်းဓါတ်ပါ၀င်မှုကို ကန့်သတ်မယ့်အစီအစဉ်နဲ့ ဆေးရွက်ကြီးအသုံးပြုမှု လျှော့ချမယ့် ကမ္ဘာ့ဦးဆောင်အစီအစဉ်တွေကိုလည်း နယူးဇီလန်ရှိ ဆရာ၀န်တွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက ကြိုဆိုထားပါတယ်။   နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ဆေးလိပ်သောက်သုံးမှုနှုန်းကို ၅…

Read More

တနိုင်းမြို့နယ် RC တိုက်ပွဲရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကလေး ၃ ​ယောက် ရေနစ်ပြီး သေဆုံး

ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၁ နှင်းဖြူဝေ ‘VOM)   ကချင်ပြည်နယ် ၊ မြသ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ် ၊ RC တိုက်ပွဲရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကလေး ၃ ယောက် ပျောက်ဆုံးနေတာကို မနေ့ ဒီဇင်ဘာ ၈ ရက် နေ့ခင်းပိုင်း ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့ရတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။   ” အခုလ ၆ ရက်နေ့ ညနေပိုင်းက ကလေး ၄ ယောက် ပျောက်သွားတယ် ၊ ကလေး ၁ ယောက်ကို နောက်တရက် ၇ ရက်နေ့မှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတယ် ၊ ကျန် ကလေး ၃ ယောက်ကိုတော့ မနေ့ကမှ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်း ပြန်ရတာ ”…

Read More
VOM News

FREE
VIEW