နယူးဇီလန်မှာ လူငယ်တွေကို တသက်လုံး ဆေးလိပ်ရောင်းချမှု ပိတ်ပင်ဖို့ စီစဉ်နေ

၀ယ်လင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၁
မျိုးဆက်(VOM)
 
နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်သောက်ဆုံးမှုကို ပိတ်ပင်ရန် ကြိုးစားမှုအဖြစ် လူငယ်မျိုးဆက်သစ်များကို ဆေးလ်ိပ်ရောင်းချခွင့်အား ပိတ်ပင်တော့မှာဖြစ်ပါတယ်။
 
လာမယ့်နှစ်မှာ ပြဌာန်းဖွယ်ရှိတဲ့ ဥပဒေအရ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူမည်သူကိုမဆို စီးကရက် သို့မဟုတ် ဆေးရွက်ကြီး၀ယ်ယူသုံးစွဲခွင့်ရှိတော့မှာမဟုတ်ပါဘူး။
 
လူငယ်လူရွယ်တွေကို ဘယ်တော့မှ ဆေးလိပ်စသောက်တာမျိုးမဖြစ်စေဖို့ မိမိတို့ဆန္ဒရှိကြောင်း နယူးဇီလန် ကျန်းမာရေး၀န်ကြီး ဒေါက်တာ Ayesha Verall ကပြောပါတယ်။
 
နယူးဇီလန်ကျန်းမာရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်မှာ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ဆေးလိပ်သောက်သုံးမှုကို အရှိန်အဟုန်နဲ့ နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။
 
စီးကရက်တွေမှာ နီကိုတင်းဓါတ်ပါ၀င်မှုကို ကန့်သတ်မယ့်အစီအစဉ်နဲ့ ဆေးရွက်ကြီးအသုံးပြုမှု လျှော့ချမယ့် ကမ္ဘာ့ဦးဆောင်အစီအစဉ်တွေကိုလည်း နယူးဇီလန်ရှိ ဆရာ၀န်တွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက ကြိုဆိုထားပါတယ်။
 
နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ဆေးလိပ်သောက်သုံးမှုနှုန်းကို ၅ ရာခိုင်နှုန်းထိ လျှောချဖို့နဲ့ အဲဒီနောက်မှာတော့ ဆေးလိပ်သောက်သုံးမှု လုံး၀မရှိစေဖို့ ရည်မှန်းထားပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝယ်လင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW