————————– ဆူးငှက် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအတွက် သားယောက်ျားလေးအရွယ်ရောက်လာရင် မြတ်စွာဘုရားသာသနာအတွင်း သွတ်သွင်းရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်တို့ကို လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုတယ်။ ဒါကို လှူတယ်။ အလှူပြုလုပ်တယ်။ အလှူတော်မင်္ဂလာလို့ သုံးနှုန်းကြပါတယ်။ သာမဏေရပဗ္ဗဇ္ဇမြောက် ချီးမြောက်ခြင်း၊ ကဏ္ဍဝိဇ္ဈန မြတ်နားသမင်္ဂလာဆင်ယင်ခြင်းအလှူတော်လို့ ခေါ်ပါတယ်။ ဒီအလှူကိုဖိတ်ကြားတဲ့အခါ ‘တရားပရိတ်တော် အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်’လို့ ဖိတ်စာမှာရေးသားလေ့ရှိပါတယ်။ မန္တလေးမှာအလှူတွေကို ရှေးက မဏ္ဍပ်ကြီးတွေထိုးပြီး တခမ်းတနားကျင်းပလေ့ရှိတယ်။ ပန်းဆယ်မျိုးလက်မှုအနုပညာထွန်းကားတဲ့ မန္တလေးမှာ လက်ဝါအတတ်ပညာလို့ ခေါ်ဝေါ်တဲ့ စပ်ပန်းချီပညာလည်း ထွန်းကားတယ်။ ရှေးကတော့ ပန်းချီဆရာမှန်သမျှ စပ်ပန်းချီနဲ့ မကင်းနိုင်ကြဘူး။ ပန်းချီပညာကိုစတင်သင်ကြားရင် စပ်ပန်းချီဆရာဆီ အရင်လေ့လာသင်ယူကြရတယ်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့ စတဲ့ပန်းချီကားတွေနဲ့လည်း လက်စွမ်းပြလေ့ရှိတယ်။ မန္တလေးမှာနာမည်ကျော် စပ်ပန်းချီ…
Read MoreDay: December 11, 2021
မြန်မာစစ်ဘက်အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က ထပ်မံအရေးယူပိတ်ဆို့
၀ါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၁ မျိုးဆက်(VOM) တရုတ်၊ မြန်မာနဲ့ မြောက်ကိုရီးယားတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က နောက်ထပ်အရေးယူပိတ်ဆို့မှုတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဗြိတိန်နဲ့ ကနေဒါတို့ကလည်း အမေရိကန်နဲ့ ပူးပေါင်းပါ၀င်ခဲ့ပြီး မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ပဲခူးတိုင်း၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်း၊ ကယားပြည်နယ်၀န်ကြီးချုပ် ဦးစောမြင့်ဦး၊ မန္တလေးတိုင်း၀န်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါ၀င်နေပါတယ်။ ဒါ့အပြင် ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့တို့ကိုလည်း အမေရိကန်သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ချမှတ်ခဲ့ပါတယ်။ အခုလိုအရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက ထိန်းချုပ်ထားမှာဖြစ်ပြီး ခရီးသွားလာခွင့်တွေကိုပါ…
Read Moreအိုမီခရွန်ဗိုင်းရပ်စ် မကူးနိုင်ဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးရုံနဲ့ မလုံလောက်ဘူးလို့ သတိပေး
လန်ဒန်၊ ဒီဇင်ဘာ-၁၁ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရုံနဲ့ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့ မလုံလောက်ကြောင်း ဗြိတိန် သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်နဲ့ဒယ်လ်တာဗိုင်းရပ်စ်တို့ကို တိုက်ဖျက်ရာမှာ အာနိသင်ကျဆင်းမှု များရှိကြောင်း ဗြိတိန်မှာ ပြုလုပ်တဲ့ ကနဦးလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ ဒီဗိုင်းရပ်စ်တွေနဲ့ပတ်သက်ပြီး တတိမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပါက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေကပြောပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄၄၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိချိန်ထိ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၂၆၅ ဦးထိရှိလာပြီဲဖြစ်ပါတယ်။ မျိုးရိုးဗီဇ အကြိမ်ပေါင်းများစွာပြောင်းလဲခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်စတင်ထွက်ပေါ်လာပြီးနောက် အဲဒီဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကျဆင်းစေမလားဆိုတာဟာ အဓိက စိုးရိမ်ပူပန်မှုတစ် ဖြစ်လာနေပါတယ်။ Ref:…
Read Moreယူကရိန်းကိုကျူးကျော်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ရုရှားကို ဗြိတိန်သတိပေး
လန်ဒန်၊ ဒီဇင်ဘာ-၁၁-၂၀၂၁ မျိုးဆက်(VOM) ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး လစ်ဇ်ထရပ်စ်က ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ယခုသီတင်းပတ်ကုန်အတွင်း လီဗာပူးမှာ ကျင်းပမယ့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး စည်းလုံးညီညွှတ်မှုကို ပြသမှာဖြစ်ကာ ရုရှားရဲ့လုပ်ရပ်ဟာ မဟာဗျူဟာမြောက် အမှားဖြစ်တယ်လို့ သူကဆိုပါတယ်။ ဗြိတိန်နဲ့မဟာမိတ်တွေဟာ ရုရှားရဲ့အဲဒီလုပ်ရပ်ကို တားဆီးဖို့လိုအပ်တယ်လို့ မစ္စလစ်ဇ်က ပြောပါတယ်။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့၀င်များစွာချထားခြင်းကြောင့် တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒါပေမယ့် ဒီလိုချထားတာဟာ ယူကရိန်းကိုကျူးကျော်ဖို့မဟုတ်ဘူးလို့ယူကရိန်းကဆိုပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရန်စမှုတွေကို ဆန့်ကျင်ဖို့ မိမိတို့ရပ်တည်ချက် လုံး၀ခိုင်မာကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးကပြောပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားအပြင် အီးယူနဲ့ နယ်နိမိတ်တွေ ထိစပ်နေတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ Ref:…
Read Moreပင်လည်ဘူးက ဌာနဆိုင်ရာ ၄ ခုမှာ လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် အင်ဂျင်နီယာ ၁ ဦးသေ ၊ စစ်သား ၁ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၊ ၁၁-၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့မှာရှိတဲ့ ဌာနဆိုင်ရာ ရုံး ၃ ခုထက်မနည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦး သေဆုံးကာ လူ ၁ ဦး ဒဏ်ရာရတဲ့အပြင် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေဆီက သိရပါတယ်။ ” ဖြစ်တာက မနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ဖြစ်တယ် ၊ လက်နက်ကြီးကျည် ဗုံးသီးဆိုတာ ၄၀ မမ ကိုပြောတာပါ ၊ ၁၇ ချက်ပစ်ခံရတယ် ၊ မိုးကောင်းရပ်ကွက်ထဲက လမ်းဦးစီးဌာနရုံးဝန်းထဲကျပြီး ပေါက်ကွဲတယ် ၊ အငယ်တန်း အင်ဂျင်နီယာ ဦးမျိုးကိုဝင်း အသက် ၂၅ နှစ် ဗုံးစထိမှန်ပြီး ဆေးရုံမှာ…
Read Moreတနိုင်းမြို့နယ်က တိုက်ပွဲရှောင် စခန်းတွေမှာဖျားနာသူတွေများလာတာကြောင့် ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေ အရေးတကြီး လိုအပ်နေ
ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ တနိုင်းမြို့နယ်မှာရှိတဲ့ တိုက်ပွဲရှောင် (IDPs) စခန်းတွေမှာ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ပြီးနောက် အအေးမိ ဖျားနာ စတဲ့ ရာသီပေါ် တုတ်ကွေးရောဂါတွေ ဖြစ်နေတဲ့အတွက် ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ တိုက်ပွဲရှောင် ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ နယ်ခံ ပရဟိတ သမားတွေက ပြောပါတယ်။ ” ဟိုအရင်က အဲ့ဒီ တိုက်ပွဲရှောင် စခန်းတွေဟာ ကျန်းမာရေး စောင့်ရှောက်ပေးမှု အနည်းဆုံး ၁ လ ၊ ၁ ကြိမ် ပုံမှန် နီးပါး ရခဲ့ပေမယ့် အခုနှစ် ဧပြီလ နောက်ပိုင်းကစလို့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတော့ဘူး…
Read More