မြန်မာစစ်ဘက်အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က ထပ်မံအရေးယူပိတ်ဆို့

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်၊ မြန်မာနဲ့ မြောက်ကိုရီးယားတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က နောက်ထပ်အရေးယူပိတ်ဆို့မှုတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။
 
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဗြိတိန်နဲ့ ကနေဒါတို့ကလည်း အမေရိကန်နဲ့ ပူးပေါင်းပါ၀င်ခဲ့ပြီး မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပါတယ်။
 
အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ပဲခူးတိုင်း၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်း၊ ကယားပြည်နယ်၀န်ကြီးချုပ် ဦးစောမြင့်ဦး၊ မန္တလေးတိုင်း၀န်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါ၀င်နေပါတယ်။
 
ဒါ့အပြင် ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့တို့ကိုလည်း အမေရိကန်သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ချမှတ်ခဲ့ပါတယ်။
 
အခုလိုအရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာနိုင်ငံတွေက ထိန်းချုပ်ထားမှာဖြစ်ပြီး ခရီးသွားလာခွင့်တွေကိုပါ ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
 
Ref: U.S. DEPARTMENT OF THE TREASURY
Photo: AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW