အိုမီခရွန်ဗိုင်းရပ်စ် မကူးနိုင်ဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးရုံနဲ့ မလုံလောက်ဘူးလို့ သတိပေး

လန်ဒန်၊ ဒီဇင်ဘာ-၁၁
မျိုးဆက်(VOM)
 
ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရုံနဲ့ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့ မလုံလောက်ကြောင်း ဗြိတိန် သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။
 
လက်ရှိကာကွယ်ဆေးတွေဟာ အိုမီခရွန်နဲ့ဒယ်လ်တာဗိုင်းရပ်စ်တို့ကို တိုက်ဖျက်ရာမှာ အာနိသင်ကျဆင်းမှု များရှိကြောင်း ဗြိတိန်မှာ ပြုလုပ်တဲ့ ကနဦးလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။
 
ဒီဗိုင်းရပ်စ်တွေနဲ့ပတ်သက်ပြီး တတိမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပါက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တွေကပြောပါတယ်။
 
ဗြိတိန်နိုင်ငံမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄၄၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိချိန်ထိ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၂၆၅ ဦးထိရှိလာပြီဲဖြစ်ပါတယ်။
 
မျိုးရိုးဗီဇ အကြိမ်ပေါင်းများစွာပြောင်းလဲခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်စတင်ထွက်ပေါ်လာပြီးနောက် အဲဒီဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကျဆင်းစေမလားဆိုတာဟာ အဓိက စိုးရိမ်ပူပန်မှုတစ် ဖြစ်လာနေပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW