ပင်လည်ဘူးက ဌာနဆိုင်ရာ ၄ ခုမှာ လက်နက်ကြီးတွေ ကျ​ရောက်တဲ့အတွက် အင်ဂျင်နီယာ ၁ ဦးသေ ၊ စစ်သား ၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၁-၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့မှာရှိတဲ့ ဌာနဆိုင်ရာ ရုံး ၃ ခုထက်မနည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦး သေဆုံးကာ လူ ၁ ဦး ဒဏ်ရာရတဲ့အပြင် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေဆီက သိရပါတယ်။
 
” ဖြစ်တာက မနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ဖြစ်တယ် ၊ လက်နက်ကြီးကျည် ဗုံးသီးဆိုတာ ၄၀ မမ ကိုပြောတာပါ ၊ ၁၇ ချက်ပစ်ခံရတယ် ၊ မိုးကောင်းရပ်ကွက်ထဲက လမ်းဦးစီးဌာနရုံးဝန်းထဲကျပြီး ပေါက်ကွဲတယ် ၊ အငယ်တန်း အင်ဂျင်နီယာ ဦးမျိုးကိုဝင်း အသက် ၂၅ နှစ် ဗုံးစထိမှန်ပြီး ဆေးရုံမှာ မနက် ၉ နာရီခွဲလောက်မှာ သေတယ် ၊ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးကျနေတဲ့ စစ်သားတပ်ကြပ်ကြီးကတော့ ဒဏ်ရာပဲရခဲ့တာ “လို့ ပင်လည်ဘူးမြို့ခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပင်လည်ဘူးမြို့ပေါ်က သစ်တောရုံးဝန်း ၊ မြန်မာ့စီးပွားရေးဘဏ် ၊ လမ်းဦးစီးဌာန ၊ မိုးလုံလေလုံ အားကစားခန်းမ စတဲ့နေရာတွေမှာ ၄၀ မမ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
 
ဒီကနေ့ မနက်ပိုင်းအထိ ပင်လည်ဘူးမြို့ပေါ်မှာ စစ်သားနဲ့ရဲတွေက လုံခြုံရေးတင်းကြပ်လျက်ရှိနေပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်တွေ ၊ ကားတွေနဲ့ လူတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပင်လည်ဘူး #လက်နက်ကြီးကျ #ဌာနဆိုင်ရာ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW