စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ဒီဇင်ဘာ ၂၇-၂၀၂၁
KK(VOM)
 
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ဒီကနေ့မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။
 
အမှုလိုက်ရှေ့နေတဦးက”နယ်ဘက်တွေမှာ ၅၀၅(က)ဆို ၂နှစ်ပဲချတာ၊ ရန်ကုန်မှာ သုံးနှစ်ချရမယ် ညွန်ကြားထားတာ အသံကြားတယ်၊ တိတိကျကျတော့မသိဘူး” လို့ ပြောပါတယ်။
 
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ နိူင်ငံရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
 
“အစ်မက နေမကောင်းဘူး ဆီးချိုလည်းရှိတယ် ဆေး
ကုသခွင့်မရဘူးလို့ ပြောတယ် စိတ်မကောင်းဘူး၊ အ
ခုထောင်သုံးနှစ်ချတယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်တယ် “လို့ သူကပြောပါတယ်။
 
NLD အစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ဒေါ်သန်းမြင့်အောင်ဟာ ကော်မတီအဖွဲ့၀င်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူတဦးဖြစ်ပါတယ်။
 
We Love Yangon အဖွဲ့မှာ ဥက္ကဌအဖြစ်ပါဝင်ခဲ့သလို ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုလည်း တည်ထောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။
 
စာရေးဆရာမဒေါ်သန်းမြင့်အောင်မှာ အမျိုးသားစာပေဆု၊ စံပြ ပရဟိတဆု၊ ပြည်သူ့ဂုဏ်ရည်ဆု အစရှိတဲ့ ဂုဏ်ပြုဆုတွေကို ရရှိထားသူတဦးလည်းဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #စာရေးဆရာမဒေါ်သန်းမြင့်အောင့် #ထောင်သုံးနှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW