ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ၂ ခု အပြီးသတ်အမိန့်မချဖြစ်၊ သဘာဝဘေးစီမံအမှုအတွက် ဒေါက်တာဇော်မြင့်မောင် ဗွီဒီယိုကတဆင့် သက်သေထွက်ဆို

ဒီဇင်ဘာ ၂၇-၂၀၂၁
KT(VOM)
 
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပါပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ အမှု ၂ ခုအတွက် ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ အပြီးသတ်အမိန့်ချဖို့ပြုလုပ်ထားပေမယ့် ဒီကနေ့အမိန့်ချဖြစ်ဘဲ လာမယ့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
 
နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့မနက်ပိုင်းပြုလုပ်တဲ့ ရုံးချိန်းမှာ အခုလို ဒုတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
 
ဒါ့အပြင် ဒီကနေ့ ရုံးချိန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ ဗီဒီယိုကနေ တဆင့် သက်သေထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #အပြီးသတ်အမိန့်မချဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW