မြန်မာနိုင်ငံမှာ နှစ်သစ်ကူးကာလအပစ်ရပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၈-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးကာလအတွင်း အပစ်အခတ်ရပ်စဲကြဖို့နဲ့ နိုင်ငံတွင်းရှိအဖွဲ့အစည်းအသီးသီးအနေနဲ့ ထိန်းသိမ်းသည်းခံပြီး ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလမသဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
မြန်မာပြည်သူတွေဟာ အရင်ကတည်းက ဒုက္ခဆင်းရဲတွေ့ကြုံနေရပြီး ကိုဗစ်-၁၉ ရောဂါကြောင့်လည်း စီးပွားရေးတွေ ထိခိုက်နေကြောင်း၊ ပြည်သူတွေအတွက် သေနတ်သံတွေတိတ်အောင်လုပ်ဖို့လိုအပ်ပြီး ကလေးငယ်တွေရဲ့အနာဂါတ်ဟာ ဒီအပေါ်မူတည်နေတယ်လို့ သူကပြောပါတယ်။
 
မြန်မာနိုင်ငံကရင်ပြည်နယ်နဲ့ အခြားနေရာတွေမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ တိုးပွားလာတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲဖို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း တောင်းဆိုထားပါတယ်။
ဖြစ်စဉ်မှာပါ၀င်နေတဲ့အဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ဆောင်ရွက်ကြဖို့၊ အရပ်သားတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်ူး ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အကူအညီလိုအပ်သူတွေဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ပေးအပ်ခွင့်ပြုဖို့ကို မစ္စဟေဇာက တောင်းဆိုပါတယ်။
 
သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ယခုလအစောပိုင်းမှာ စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး မြန်မာပြည်သူတွေကို ကူညီဖို့၊ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံတကာထောက်ပံ့ကူညီမှုတွေအတွက် ဆက်လက်စည်းရုံးသွားမယ်လို့ ပြောဆိုထားပါတယ်။
 
Ref:Bernama
 
#voiceofmyanmar #VOM #ကုလအထူးကိုယ်စားလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW