ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၃နှစ်ကလေးအပါအဝင် လူ၃ ဦးသေဆုံး

ဒီဇင်ဘာ ၂၅-၂၀၂၁
GH (VOM)
 
ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိုင်တိုင်အမှတ် (၁၇၈/၄)နှင့် (၁၇၈/၅)ကြားမှာ ဒီကနေ့ နေ့လယ်ပိုင်းက Pajero အမျိုးအစားကားတစီး အရှိန်လွန်တိမ်းမှောက်ခဲ့လို့ အသက် ၃ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သာဂရအမြန်လမ်းရဲစခန်းကနေ သိရပါတယ်။
 
“ကနဦး သိရှိချက်အရ ကားကဝိတ်များတယ်၊အရှိန်များတယ်၊လူကလည်း များတယ်၊ ဟိုက်လိုက် ပါဂျဲရိုးကားလေးကားကလည်းသေးတယ်၊ဒါကြောင့်အရှိန်များပြီးမှောက်တယ်လို့သုံးသပ်တယ်။ အရင်က မလင်းလင်းထွန်းဆိုတဲ့ အသက် ၃၈ နှစ်ဆုံးတယ်၊နောက်မောင်ခွန်ဆန်ဖြိုးလင်းဆိုတာအသက်၃နှစ်ကျော်ဆုံးတယ်။နောက်ထပ်ယာဉ်မောင်းကိုအောင်ဇော်ဝင်းထပ်ဆုံးပါတယ်။ဆေးရုံမှာဆုံးတာပါ။အားလုံး ၃ ယောက်ပေါ့။ ဒဏ်ရာရတဲ့သူ ရှိ၊မရှိကိုလည်း စိစစ်နေပါတယ်”လို့ သာဂရအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။
 
တိမ်ူမှောက်တဲ့ယာဉ်ပေါ်မှာ ကျား(၄)ဦး၊ မ(၄)ဦးနဲ့ ကလေး(၅)ဦး အားလုံးစုစုပေါင်း(၁၃)ဦး လိုက်ပါလာတာဖြစ်ကြောင်း၊ သေဆုံးသူတွေကတော့ ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဥိးတို့ဖြစ်တယ်လို့သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦးအနက် (၅)ဦးကိုတော့ သာဂရ RESCUE AMBULANCE နဲ့ဆွာတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ကျန်(၃)ဦးကို သာဂရအမြန်လမ်း ရဲတပ်ဖွဲ့အပိုင်ယာဉ်နဲ့ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ကနဦးသေဆုံးတဲ့ အမျိုးသမီး နဲ့ ကလေးငယ်ကို ဆွာတိုက်နယ်ဆေးရုံကို ဆွာနိဗ္ဗာန်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထပ်မံသေဆုံးတဲ့ယာဉ်မောင်းကတော့ ဆေးရုံအရောက်မှာ သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိမ်းမှောက်

Related posts

✕
VOM News

FREE
VIEW