သရုပ်ဆောင် ပိုင်တံခွန် ကို အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချမှတ်

ရန်ကုန်၊ဒီဇင်ဘာ ၂၇၊၂၀၂၁
KK(VOM)
 
သရုပ်ဆောင်ပိုင်တံခွန်(ခ)စစ်ကိုပိုင် ကို ဒီကနေ့မနက်ပိုင်းက အင်းစိန်ထောင် အထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေနေတွေဆီက သိရပါတယ်။
 
အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သရုပ်ဆောင်၊မော်ဒယ်၊ ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီကနေ့မနက်ပိုင်း ပုဒ်မ ၅၀၅(က)နဲ့အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာဖြစ်တယ် တရားလွှတ်တော်ရှေနေတဦးက ပြောပါတယ်။
 
“လိုပြသက်သေလာထွက်ရမဲ့ အချိန်ကိုအမိန့်ချတာသက်သေက မလာတော့ မင်းဆန္ဒပြတုန်းက ပါလားဆိုပြီး ဓာတ်ပုံထုတ်ပြတယ် သူကလည်းဝန်ခံတယ်ဝန်ခံတော့ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတာ”လို့သူကရှင်းပြပါတယ်။
 
တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရဆိုပါက တရားလိုနဲ့ တရားလိုပြ သက်သေတွေစုံလင်အောင်စစ်ပြီးမှသာ အမိန့်ချမှတ်ရမှာဖြစ်တယ်လို့ ရှေနေတဦးကသုံးသပ်ပြောဆိုပါတယ်။
 
သရုပ်ဆောင်ပိုင်တံခွန်(ခ)စစ်ကိုပိုင်နဲ့ အဆိုတော် တူးတူး အပါအဝင် ၂၀ ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်လှစ်ခဲ့တယ်လို့ ဧပြီ ၇ ရက် ည ၈ နာရီ MRTVသတင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
MRTV သတင်းထုတ်ပြန်ပြီးနောက် ဧပြီလ ၈ ရက်မနက်ပိုင်း မြောက်ဒဂုံမြို့နယ်က မိခင်ဖြစ်သူနေအိမ်မှာ ပိုင်တံခွန်ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။
 
အသက် ၂၅ နှစ်သာရှိသေးတဲ့ မော်ဒယ်၊သရုပ်ဆောင်၊အဆိုတော်တဦးဖြစ်တဲ့ ပိုင်တံခွန်မှာ ၂၀၁၇ ခုနှစ်မှာ “သန်းခေါင်ယံခရီးသည်များ” ရုပ်ရှင်နဲ့”လူဆိုးလေးများ ၂” ရုပ်ရှင်တွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ပိုင်တံခွန်

Related posts

Leave a Comment

VOM News

FREE
VIEW