အသံထက်မြန်တဲ့ဒုံးပျံ စမ်းသပ်အောင်မြင်သွားပြီလို့ ရုရှားသမ္မတပူတင် အခိုင်အမာဆို

မော်စကို၊ ဒီဇင်ဘာ-၂၅-၂၀၂၁
မျိုးဆက်(VOM)
 
ရုရှားနိုင်ငံဟာ အသံထက်ငါးဆမြန်တဲ့ ဒုံးပျံတွေကို ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက အောင်မြင်စွာစမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီလို့ သမ္မတပူတင်က အခိုင်အမာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
Tsirkon အမျိုးအစားအသံထက်မြန်တဲ့ ဒုံးပျံစနစ်တွေကို ယမန်နေ့ကအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၊ သိပ္ပံနှင့်ပညာရေးကောင်စီတို့ရဲ့ ပူးတွဲအစည်းအဝေးမှာ သမ္မတပူတင်ကပြောဆိုခဲ့တာဖြစ်တယ်လို့ အာအိုင်အေသတင်းဌာနကဆိုပါတယ်။
 
အဲဒီဒုံးပျံစနစ်ဟာ မြေပြင်နဲ့ရေပြင်ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ မိမိတို့ရဲ့ နောက်ဆုံးပေါ်ဒုံးပျံအမျိုးအစားဖြစ်ကြောင်း သမ္မတပူတင်ကပြောဆိုပါတယ်။
 
စမ်းသပ်မှုကို အောင်မြင်ချောမွေ့စွာပြုလုပ်နိုင်ခဲ့ပြီးဒါဟာ ရုရှားရဲ့လုံခြုံရေးနဲ့ ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သူကပြောပါတယ်။
 
အသံထက်မြန်သည့်ဒုံးပျံစနစ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်နာတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ဒုံးပျံတွေကို ရုရှားရေတပ်မှာ လာမည့်နှစ်အတွင်းတပ်ဆင်ဖို့ ရည်ရွယ်ထားကြောင်း သမ္မတပူတင်ကပြောပါတယ်။
 
Ref: Reuters
Photo: AFP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW