အာဖဂန်မှာ အမျိုးသားအဖော်မပါဘဲ အမျိုးသမီးတွေခရီးမသွားဖို့ တာလီဘန်တို့ အမိန့်ထုတ်

ကဘူး၊ ဒီဇင်ဘာ-၂၈-၂၀၂၁
မျိုးဆက်(VOM)
 
အာဖဂန်နစ္စတန်မှာ ကုန်းလမ်းခရီးနဲ့ခရီးသွားမယ့် အမျိုးသမီးတွေအနေနဲ့ အမျိုးသားအဖော်ပါမှသာ သွားလာခွင့်ရှိမယ်လို့ တာလီဘန်တို့က အမိန့်ထုတ်လိုက်ပါတယ်။
 
ဒါဟာ သြဂုတ်လအတွင်း အာဖဂန်ကို တာလီဘန်အဖွဲ့ကထိန်းချုပ်လိုက်ပြီးနောက် အမျိုးသမီးတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုအဖြစ် ထုတ်ပြန်လိုက်တဲ့ တင်းကြပ်မှုတွေထဲက တခုဖြစ်ပါတယ်။
 
အမျိုးသမီးတွေဟာ ၄၅ မိုင်ထက်ကျော်လွန်ခရီးသွားမယ်ဆိုရင် မိသားစု၀င်ထဲက အမျိုးသားတဦးပါရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့ပြင် ခေါင်းစွပ်ပုဝါမ၀တ်တဲ့ အမျိုးသမီးတွေကို ယာဉ်စီးနှင်းခွင့်မပြုဖို့ ယာဉ်ပိုင်ရှင်တွေကို တာလီဘန်တို့က ညွှန်ကြားထားပြီး ယာဉ်ပေါ်မှာ သီချင်းဖွင့်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။
 
နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်ဟာ အမျိုးသမီးတွေအတွက် အကျဉ်းကျခံရသလို အခြေအနေမျိုးထိ ဦးတည်သွားနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။
 
လက်ရှိမှာလည်း မိန်းကလေးတွေအတွက် အလယ်တန်းကျောင်းအများစုကို ပိတ်ထားဆဲဖြစ်ပြီး အမျိုးသမီးအများစုကို အလုပ်မလုပ်ဖို့ တာလီဘန်တို့က တားမြစ်ထားပါတယ်။
 
Ref: BBC
Photo:Getty Images
 
#voiceofmyanmar #VOM #အာဖကန#တာလီဘန

Related posts

Leave a Comment

VOM News

FREE
VIEW