ဒီဇင်ဘာ ၊ ၁၉-၂၀၂၁ နှင်းဖြူဝေ (VOM) ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းခရီး တခုတည်းသာ အားထားသွားလာနေရတဲ့ မုံရွာ-ခန္တီး ခရီးစဥ်ဟာ ခရီးသည်တင်ရေယာဥ်တွေ ပြေးဆွဲပေးတာ ယာယီရပ်နားထားတဲ့အတွက် ခရီးသွား အခက်အခဲတွေကြောင့် အခုလ ၂၃ ရက်က စလို့ မုံရွာ-ခန္တီး လေကြောင်းလိုင်းတွေ တိုးချဲ့ပြေးဆွဲပေးတော့မှာလို့ My Monywa ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းဆီက သိရပါတယ်။ ” အခုလ ၂၃ ရက်က ခန္တီး မုံရွာ စတင်ပြေးဆွဲမှာဖြစ်ပြီး ၊ ၃၀ ရက်ကြရင် မုံရွာ-ခန္တီး ပြန်လည်ပြေးဆွဲပေးမှာပါ ၊ ခရီးစဥ်အနေနဲ့ကတော့ ၁ ပတ်ခြား တကြိမ် ကြာသာပတေးနေ့တိုင်းဖြစ်တယ်၊ ခရီးသွားလက်မှတ် ဝန်ဆောင်စရိတ် အားလုံးကတော့ ၁ သိန်း ပတ်ခြာလည် ဖြစ်မယ် “လို့ My Monywa ခရီးသွားဝန်ဆောင်မှု ကုမ္မဏီပိုင်ရှင်…
Read MoreYear: 2021
ဗြိတိန်မှာ အိုမီခရွန်ဗိုင်းရပ်စ်နေ့စဥ်ကူးစက်မှု ၁၀၀၀၀ ကျော်ထိ စံချိန်တင်
လန်ဒန်၊ ဒီဇင်ဘာ- ၁၉-၂၀၂၁ မျိုးဆက်(VOM) ဗြိတိန်နိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ် နေ့စဥ်ကူးစက်မှုဟာ ၁၀၀၀၀ ကျော်ထိစံချိန်တင်နေပြီး လုံလောက်တဲ့အစီအမံတွေမလုပ်ဘူးဆိုရင် ဆေးရုံတက်ရသူအရေအတွက် တိုးလာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။ ဒီဇင်ဘာ ၁၈ ရက်တနေ့တည်းမှာ ကိုဗစ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၁၀၀၅၉ ဦးဟာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ လက်ရှိချိန်ထိ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းဟာ ၂၅၀၀၀ ကျော်ထိရှိလာပြီဖြစ်ပါတယ်။ အဓိက ကူးစက်မှုဖြစ်နေတာကတော့ အဂ်လန်မှာဖြစ်ပြီး ရှစ်ဦးသေဆုံးကာ ၈၅ ဦးဆေးရုံတင်ထားရပါတယ်။ လန်ဒန်မှာ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ ၈၅ရာခိုင်နှုန်းဟာ အိုမီခရွန်ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ လာမယ့်နှစ်ပတ်အတွင်းမှာ ဆေးရုံတက်ရသူအရေအတွက် အကြီးအကျယ်မြင့်တက်လာနိုင်တယ်လို့ သူတို့က သတိပေးထားပါတယ်။ လက်ရှိမှာတော့ အိုမီခရွန်ဗိုင်းရပ်စ်ကာကွယ်ရေးအစီအမံတခုအဖြစ် ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုတွေကို ဗြိတိန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ Ref: NHK Photo:Getty…
Read Moreပြည်ပနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်မှု ဂျပန်သက်တမ်းတိုးမယ်
တိုကျို ၊ ဒီဇင်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်ကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် တင်းကြပ်တဲ့နယ်စပ်ကန့်သတ်ချက်တွေကို သက်တမ်းတိုးဖို့ ရည်ရွယ်ထားတယ်လို့ ဝန်ကြီးချုပ် ကီရှီဒါဖူမီအိုက ပြောပါတယ်။ ပြည်ပနိုင်ငံသားတွေအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ အစဥ်အမံကို ဂျပန်အစိုးရဟာ နိုဝင်ဘာ ၃၀ ရက်မှာ ချတင်စမှတ်ခဲ့ပြီး အဲဒီအစီအမံကို ကနဦးမှာ တလသတ်မှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီအစီအမံတွေကို သက်တမ်းတိုးဖို့ စီစဥ်နေပြီး အိုမီခရွန်ဗိုင်းရပ်စ်ကြောင်ံ့ ဂျီ ၇ နိုင်ငံတွေအပေါ်မှာ တင်းပြ်တဲ့ အစီအမံတွေချမှတ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။ နယ်စပ်တွေထိန်းချုပ်ပြီး ပြည်ပနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်တာတွေကို လာမယ့်နှစ်အစောပိုင်းထိ သက်တမ်းတိုး သွားမှာဖြစ်ပြီး ထပ်ပြီးတော့လည်း သက်တမ်းတိုးသွားဖွယ် ရှိနေပါတယ်။ Ref:NHK Photo:Kyodo #voiceofmyanmar #VOM #တိုကျို
Read Moreသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နားထားလို့ ချင်းတွင်းမြစ်ဖျားပိုင်းဒေသတွေမှာ စက်သုံးဆီနဲ့ ကုန်စည် လိုအပ်ချက်တွေဖြစ်ပေါ်နေ
ဒီဇင်ဘာ ၊ ၁၉ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ချင်းတွင်းမြစ်ဖျားပိုင်း ဒေသတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေဟာ အခုလ လဆန်းပိုင်းကစလို့ လုပ်ငန်းတွေ ရပ်နားထားတဲ့အတွက် ချင်းတွင်းမြစ်ဖျားပိုင်းဒေသတွေမှာ ကုန်စည်ပြတ်လပ်မှုနဲ့ စက်သုံးဆီ လိုအပ်ချက်တွေ နေ့စဥ်ကြုံတွေ့နေရတယ်လို့ အညာကုန်သည်ကြီးများထံက သိရပါတယ်။ ” လက်တလော ကုန်စည်ဝင်ရောက်တာ မရှိသလောက်ဖြစ်နေပြီး စက်သုံးဆီ ပြတ်လပ်မှု ကြုံနေရတဲ့ နေရာတွေက ခန္တီး ၊ နန်စီပွန် ၊ ဟုမ္မလင်း ၊ နောင်ပိုအောင် ၊ နမ့်တော ၊ ဖောင်းပြင် ၊ လွင်ကြီး ၊ နတ်နန်း စတဲ့ဘက်တွေဖြစ်တယ် ၊ ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းဘက်တွေမှာ ကုန်စည်ဝင်ရောက်တာ မရှိဘူး ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နားကြတဲ့အတွက် အခုလို ခက်ခဲနေတာပါ…
Read Moreမန္တလေးမြို့က ဝိန့်လီရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့
ဒီဇင်ဘာ ၁၈-၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀ ၂၈၂၉ကြားရှိ ဝိန့်လီရွှေဆိုင်ကို ဒီကနေ့ညနေပိုင်းက သေနတ်တွေဖောက်ပြီး ဓားပြတိုက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကနေ သိရပါတယ်။ ” ရွှေဆိုင်ရှေ့ကို ဆိုင်ကယ်၂စီးနဲ့ လူ၄ယောက်လာတယ်၊ သေနတ်တွေဖောက်ပြီး ဆိုင်ထဲက ရွှေဆွဲကြိုးနဲ့ လက်ကောက်တွေ ယူသွားတယ်၊ အရေအတွက်တော့ ပြောလို့မရသေးဘူး စစ်ဆေးဆဲပါ”လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။ ဒေသခံတဦးကလည်း “အမက ဝိန့်လီဘေးက ဖိနပ်ဆိုင်မှာဖိနပ်ဝယ်နေတုန်း သေနတ်သံ ၃ချက်ကြားလိုက်တာ၊၅နာရီဆယ်မိနစ်လောက်ကပါ၊ပထမတချက်ကြားပြီး ၃မိနစ်လောက်နေတော့၂ချက်ဆက်တိုက်ကြားပြီး ညီမတို့လဲ ပြန်လာလိုက်တာ”လို့ ပြောပါတယ်။ ဓားပြတိုက်မှုဖြစ်ပွားအပြီးမှာ စစ်တပ်နဲ့ရဲတွေရောက်လာပြီး လမ်း၈၀ပေါ်မှာ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဉ်အတွင်း ရွှေထည်အရေအတွက် ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။ မန္တလေးမြို့မှာ မနေ့ ဒီဇင်ဘာ ၁၇ရက်နေ့…
Read Moreကိုဗစ်-၁၉ ကပ်ရောဂါ ၂၀၂၃ ခုနှစ်ထိ ကြာနိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီ သတိပေး
၀ါရှင်တန်၊ ဒီဇင်ဘာ-၁၈-၂၀၂၁ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါဟာ ၂၀၂၃ ခုနှစ်ထိ ကြမြင့်နိုင်တယ်လို့ အမေရိကန်ဆေးကုမ္ပဏီ ဖိုက်ဇာက ဒီဇင်ဘာ ၁၇ ရက်မှာ သတိပေးလိုက်ပါတယ်။ ဒီလိုအခြေအနေမှာ အသက်၂နှစ်မှ ၁၆ နှစ်ကြားအရွယ်တွေကို ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပေးမယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကာကွယ်ဆေးထိုးအစီအစဉ်ဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ အချိန်ကြာနိုင်ပါတယ်။ ဥရောပနိုင်ငံတွေဟာ ခရီးသွားလာမှုနဲ့ လူမှုရေးဆိုင်ရာကန့်သတ်ချက်တွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အမေရိကန်ဆေးဝါးကုမ္ပဏီ ဖိုက်ဇာက ကပ်ရောဂါကြာမြင့်နိုင်ခြေနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုလိုက်ခြင်းဖြစ်ကာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ထက် ကူးစက်နိုင်ခြေ ငါးဆပိုများတယ်လို့ သတိပေးထားပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာတစ်၀န်း ကပ်ရောဂါအသွင်နဲ့ ရှိနိုင်တော့မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဖိုက်ဇာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေကပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမေရိကန်နိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း…
Read Moreအရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်တပ်ဆင်လုပ်ငန်းတွေ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်အတွက် ခွင့်ပြုချက် ယူရမယ်
ဒီဇင်ဘာ ၁၈ GH ( VOM) အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်တဲ့လုပ်ငန်းတွေရဲ့ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနဲ့ လုပ်ငန်းသုံး သကြားတင်သွင်းခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားရမယ်လို့ MIC က အသိပေးထုတ်ပြန်ပေးလိုက်ပါတယ်။ ” သကြားက လုပ်ငန်းရှိမှပဲ တင်သွင်းခွင့်ပေးတာ၊ အဲ့ဒါက အရင်ကတည်းက စီးပွားကူးသန်းရဲ့မူဝါဒပေါ့၊ မလိုအပ်ဘဲ တင်သွင်းတာ၊ပြည်တွင်းသကြားပဲ ဦးတည်သုံးစွဲရန်ဆိုတဲ့ရည်ရွယ်ချက်ပေါ့။ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ refineသကြား(သန့်စင်သကြား)ကိုတော့ လိုအပ်ချက်အရ တင်သွင်းနိုင်တယ်ပေါ့။ အရင်ကတော့ စီးပွားကူးသန်းထောက်ခံချက်နဲ့ပဲ လုပ်ရတာပေါ့။ အခုက MIC ရဲ့ခွင့်ပြုချက်ပါရယူရမှာပေါ့။လုပ်ငန်းစဉ်တစ်ခု ပိုသွားတာပေါ့။ ” လို့ မြန်မာနိုင်ငံ ကြံနှင့်သကြားလုပ်ငန်းရှင်များအသင်းရဲ့ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးကပြောပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး တင်သွင်းခွင့်အတွက် တင်ပြလျှောက်ထားလာမယ်ဆိုရင် နှစ်အလိုက် လိုအပ်ချက်ကို MIC ထံ…
Read Moreတောင်ကြီးမြို့နယ် NLDပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ
ဒီဇင်ဘာ ၁၈-၂၀၂၁ KK(VOM) တောင်ကြီးမြို့နယ်ကNLDပါတီရဲ့ အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငွေကို မနေ့ ဒီဇင်ဘာ ၁၇ရက် ညပိုင်းက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ ဒေါက်တာသန်းငွေကို မနေ့ည ၁၁ နာရီခွဲက စစ်တပ်နဲ့ရဲတွေက CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးတယ်ဆိုပြီး လာဖမ်းသွားတာ၊ စရဖတွေရော ရဲတွေရော စစ်တပ်ရောအကုန်ပါတယ်”လို့ နီးစပ်သူတဦးက ပြောပါတယ်။ လက်တလောမှာ ဖမ်းဆီးသွားပြီးနောက်ပိုင်း ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေါက်တာသန်းငွေဟာ ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ၊၂၀၁၅ ရွေးကောက်ပွဲ၊၂၀၂၀ ရွေးကောက်ပွဲတွေမှာ သုံးကြိမ်တိုင် အနိူင်ရရှိထားသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကလည်း ထောင်လေးလုံးအကျဥ်းထောင်မှာ ဖမ်းဆီးထားတဲ့ ပြည်သူပါတီမှ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းကို၊NLD ခရိုင်အတွင်းရေးမှူး…
Read Moreဖိလစ်ပိုင်မှာ အင်အားပြင်းမုန်တိုင်းကြောင့် ၁၂ ဦးသေဆုံး၊ လူ ၁၃ သန်းထိခိုက်ဖွယ်ရှိ
မနီလာ၊ ဒီဇင်ဘာ-၁၈-၂၀၂၁ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း၀င်ရောက် တိုက်ခတ်ပြီးနောက် ကမ္ဘာလှည့်ခရီးသွားတွေအကြား ပေါ်ပြူလာဖြစ်တဲ့ကျွန်းတကျွန်းမှာ ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းရိုင်ဟာ Siargao အပန်းဖြေကျွန်းကို တနာရီ ၁၂၀ မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းဟာ ကျွန်းပေါ်ကသူ့တိုက်ခတ်ရာလမ်းကြောင်း တလျှောက်က နေအိမ်တွေကို ပြိုကျပျက်စီးစေခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် လူ ၁၃ သန်းအပေါ် ထိခိုက် သက်ရောက်မှုရှိနိုင်ကြောင်း ကုလသမဂ္ဂကပြောပါတယ်။ လက်ရှိချိန်ထိ လူ ၁၂ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး အဓိကလေဆိပ်အဆောက်အအုံပျက်စီးသွားပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်းတွေတိုက်ခတ်လေ့ရှိပြီး တနှစ်ကို တိုင်ဖွန်းမုန်တိုင်း ၂၀ လောက်၀င်ရောက်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့ ဟိုင်ယန်တိုင်ဖွန်းမုန်တိုင်ကြောင့် လူ ခြောက်ထောင်ကျော်ထိ သေဆုံးခဲ့ပါတယ်။…
Read Moreအိုမီခရွန်ကြောင့် ပြင်းထန်နာမကျန်းမှုကို ထပ်ဆောင်းကာကွယ်ဆေးက ၈၅ ရာခိုင်နူန်း လျှော့ချနိုင်
လန်ဒန်၊ ဒီဇင်ဘာ-၁၈-၂၀၂၁ မျိုးဆက်(VOM) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံမှုဟာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ပြင်းထန်သော နာမကျန်းဖြစ်ခြင်းကို ၈၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ ဗြိတိန်သုတေသီတွေက ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုဟာ ယခင်ဗိုင်းရပ်စ်တွေကိုကာကွယ်နိုင်တဲ့ အာနိသင်ထက် အိုမီခရွန်ဗိုင်းရပ်စ်ကို ခုခံရာမှာ လျော့နည်းကြောင်း လန်ဒန်အင်ပီရီရယ်ကောလိပ်မှ သုတေသီတွေက ပြောပါတယ်။ ဒါကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပါက ဗိုင်းရပ်စ်ကြောင့် ပြင်းထန်သောနာမကျန်းဖြစ်တာကို ပိုမိုကာကွယ်နိုင်ပြီး ဆေးရုံတက်ရတဲ့နှုန်း ကျဆင်းနိုင်ကြောင်း သုတေသီတွေကပြောပါတယ်။ ဒါပေမယ့် အဲဒီတွေ့ရှိမှုဟာ အိုမီခရွန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကန့်အသတ်ရှိတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး သုတေသီများက လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ လျှင်မြန်စွာကူးစက်နေတဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်အကြောင်းကို လက်တွေ့ကမ္ဘာမှအချက်အလက်တွေကို ပိုမိုစုဆောင်းမရရှိမီအချိန်ထိ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးမသေချာမရေရာမှုတွေ ရှိနေဆဲဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။ Ref: BBC Photo: Getty…
Read More