မြို့မငြိမ်းရဲ့ အမျိုးသားပညာရေးသီချင်း

ဆူးငှက် ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ်က တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ သပိတ်မှောက်ကြတယ်။ ကျောင်းသား ကိုဘဦးအပါအဝင် (၁၁)ဦးက ဦးဆောင်ပြီး သပိတ်မှောက်ကြတာပါ။ ဒီပထမကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အသိအမြင်တွေကို ပထမဆုံး စတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ္မာကို ကိုယ့်ဖာသာ စီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ်မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်းဖြစ်ခဲ့တယ်။ ဒါကြောင့် ပထမကျောင်းသားသပိတ်ကြီးအပြီး၊ ရန်ကုန်မှာ ဗဟန်းအမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများအပြင် တစ်ပြည်လုံး အတိုင်းအတာအထိ၊ အမျိုးသားကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။ ဒါကြောင့် ၁၂၈၃ခု သီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခု မောက်တိုဘာ၂၄ရက်)နေ့က မန္တလေးမှာ ကျင်းပတဲ့ နဝမမြောက် ဂျီစီဘီအေအသင်း အစည်းအဝေးကြီးမှာ ပထမကျောင်းသားသပိတ်ကြီးစတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့တယ်။ ဒါကြောင့်…

Read More
VOM News

FREE
VIEW