မြို့မငြိမ်းရဲ့ အမျိုးသားပညာရေးသီချင်း

ဆူးငှက်

၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ်က တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ သပိတ်မှောက်ကြတယ်။ ကျောင်းသား ကိုဘဦးအပါအဝင်
(၁၁)ဦးက ဦးဆောင်ပြီး သပိတ်မှောက်ကြတာပါ။ ဒီပထမကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အသိအမြင်တွေကို ပထမဆုံး စတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ္မာကို ကိုယ့်ဖာသာ စီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ်မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်းဖြစ်ခဲ့တယ်။

ဒါကြောင့် ပထမကျောင်းသားသပိတ်ကြီးအပြီး၊ ရန်ကုန်မှာ ဗဟန်းအမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများအပြင် တစ်ပြည်လုံး အတိုင်းအတာအထိ၊ အမျိုးသားကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။

ဒါကြောင့် ၁၂၈၃ခု သီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခု မောက်တိုဘာ၂၄ရက်)နေ့က မန္တလေးမှာ ကျင်းပတဲ့ နဝမမြောက် ဂျီစီဘီအေအသင်း အစည်းအဝေးကြီးမှာ ပထမကျောင်းသားသပိတ်ကြီးစတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့တယ်။
ဒါကြောင့် ၁၂၈၃ခု၊ တန်ဆောင်မုန်းလပြည့်ကျော်
၁၀ရက်နေ့က စတင်ပြီးတစ်ပြည်လုံး အတိုင်းအတာနဲ့ အမျိုးသားအောင်ပွဲနေ့တွေ စတင်ကျင်းပခဲ့ကြတယ်။

နောင်တစ်ချိန်မှာ ပထမကျောင်းသားသပိတ်ကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အမျိုးသားကျောင်းတွေက အမျိုးသားအောင်ပွဲနေ့တွေကို ထူးထူးခြားခြားကျင်းပခဲ့ကြတာလည်း အထင်အရှားပါပဲ။

ပထမကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသားကျောင်းတွေ ဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး တက်ကြွစွာ ပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁) လမ်း၈၀နဲ့ ၈၁လမ်းကြား၊ လမ်း ၃၀နဲ့ ၃၁လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦးကြီးမှာ ဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊လမ်း၃၀နဲ့၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာ
ဆရာမကြီးဒေါ်စောအုံကျာင်းအုပ်အဖြစ်ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊ (၃) ဆိုင်းတန်း သင်္ဘောတန်းရပ်မှာ နေရှင်နယ်အလယ်တန်းကျောင်းနဲ့ (၄) ညောင်ပင်ဈေးမှာ ညောင်ပင်ဈေးနေရှင်နယ်ကျောင်း ဆိုပြီး ၄ကျောင်း ဖွင့်လှစ်ခဲ့တယ်။

မန္တလေးက အမျိုးသားကျောင်းတွေဟာ ဆရာကြီးဦးရာဇတ်ရဲ့ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး၂ခြမ်းအကွဲ၊ အမျိုးသားကျောင်းများ အထောက်အပံ့ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီး တည်တံ့ခဲ့တယ်။ ဒီကနေ့ အမှတ် ၂ အ.ထ.ကအဖြစ်နဲ့ အထိပေါ့။ မန္တလေးမြို့မိ မြို့ဖတွကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေးထောက်ခံခဲ့ကြရုံမက၊ ကိုယ့်သားသမီးတွေကိုလည်း
ဆရာကြီးဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသားကျောင်းမှာပဲ ကျောင်းအပ်ခဲ့ကြတာပါ။ ဒါကြောင့်
မန္တလေးရဲ့နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေ အများစုဟာ အမျိုးသားကျောင်းထွက်တွေ အများစုဖြစ်ခဲ့တယ်။

ဒီအထဲမှာ ဆရာမြို့မငြိမ်းကလည်း မန္တလေး ဗဟိုအမျိုးသားကျောင်းထွက်ဖြစ်ခဲ့တယ်။ (ဆရာမြို့မငြိမ်းရဲ့ သားသမီးတွေ အားလုံးကလည်း အမျိုးသားကျောင်းထွက်တွေပါပဲ။)
ဒါကြောင့်စီစဉ်ကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့တွမှာ ဗဟိုအမျိုးသားအထက်တန်းကျောင်းက ပဒေသာကပွဲများအထိ ပါဝင်ဆင်နွှဲကြတော့ ဆရာမြို့မငြိမ်းက အမှတ်တရ ဂုဏ်ပြုသီချင်းတွေ နှစ်တိုင်း ရေးစပ်ပေးခဲ့ပါတယ်။ ပြန်လည် စုဆောင်း၊ ရှာဖွေစုဆောင်းတော့ ဆရာမြို့မငြိမ်း ရေးစပ်ခဲ့တဲ့ အမျိုးသားနေ့ ဂုဏ်ပြုသီချင်း (၅)ပုဒ်တွေ့ရှိခဲ့ပါတယ်။

““ထောင့်နှစ်ရာရှစ်ဆယ့်နှစ်တွင် အတိတ်ခေတ်ကြေးမုံပြင်၊ ပြန်လည်သုံးသပ်ကာမြင်၊ ဂုဏ်ယူလောက်ဖွယ်ပင်..””လို့ အစချီတဲ့ ဆရာမြို့မငြိမ်းရဲ့သီချင်းမှာ သူ့မိခင်ကျောင်းတော်ကြီးကိုလည်း အခုလို ဂုဏ်ပြုစပ်ဆိုခဲ့ပါသေးတယ်။
““ကောင်းသောမိုးသောက်ထမှာဒို့မြင်xxကိုယ့်စိတ်လန်းဆတ်ကြည်လင်၊ ဝမ်းမြောက်ပျော်ရွှင်xxကျက်သရေပင် အိမ်တိုင်းစေ့ ရှုမငြီး၊ အလံတော်ကြီးတွေဝေဖြာလွင်xx တခုံတမင် ဗဟိုအမျိုးသားကျောင်း သောင်းသောင်းဖြဖြ xxအောင်ပွဲသဘင် ဆင်မြဲဝင်နွှဲ အကြိမ်ကြိမ်ပင်..””တဲ့။

အမျိုးသားအောင်ပွဲနေ့အတွက် ဆရာမြို့မငြိမ်းစပ်ဆိုခဲ့တဲ့နာက်ထပ်သီချင်းတစ်ပုဒ်မှာ ““လွတ်လပ်ရေးရယူစေသော မျိုးစေ့ပင်၊ ဒီနေ့မျိုးစိုက်သည်တွင်၊ ဒို့အောင်မြင်”” ဆိုတဲ့စာသားတစ်ပိုဒ်ပါဝင်တယ်။ အင်မတန်
ကျစ်လျစ်အားကောင်းပြီး အဓိပ္ပာယ်လေးနက်ပါတယ်။ ကျွန်ပညာရေးကို မလိုလား၊ လက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့သပိတ်မှောက်တယ်။ ဒီလုပ်ဆောင်ချက်နဲ့ တစ်ဆက်တည်း အမျိုးသားကျောင်းတွေပေါ်ပေါက်လာတယ်။ အမျိုးသားကျောင်းတွေက လက်ရုံးရည်၊နှလုံးရည်နဲ့ပြည့်စုံတဲ့ သားကောင်းသမီးကောင်းတွေ မွေးထုတ်ပေးတယ်။ ဒီ သားကောင်းသမီးကောင်းတွက လွတ်လပ်ရေးတိုက်ပွဲမှာ အဓိကအားအင်တွေဖြစ်ခဲ့တယ်။ ဒါကို ဆရာမြို့မငြိမ်းက အကျစ်လျစ်ဆုံး အားကောင်းတဲ့ စကားလုံးတွေနဲ့ ရေးစပ်ခဲ့တာပါ။

ဆရာမြို့မငြိမ်းရဲ့ အမျိုးသားနေ့ ဂုဏ်ပြု နာက် ထပ်သီချင်းတစ်ပုဒ်မှာတော့…
““ပညာရေးလောကကြီးပေါက်ဖွားစေxx
အမျိုးသားနေ့ မမေ့အပ်ပေ ထူးမြတ်သလေxx
အောင်ပွဲဆင်မြဲကျောင်းသားကျောင်းသူမောင်မယ်ဆွေxx အမျိုးစိတ်တွေ မြင့်လျက်တိုးတက်နေxx
ဒို့မြေဒို့ပြေ၊ ဒို့မြေဒို့ပြေဘိုးဘွားများအမွေxx
ပြည်ထောင်စုကို မြတ်နိုးအကျိုးဆောင်မယ်လေ”” တဲ့။ အမျိုးသားအောင်ပွဲနေ့လို့ သတ်မှတ်လိုက်တဲ့
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့က အမျိုးသားပညာရေးလောကကြီး ပေါ်ပေါက်လာခဲ့ပုံကို မှတ်တမ်းတင် လိုက်ခြင်းပါပဲ။

ဆရာမြို့မငြိမ်းရဲ့နောက်ထပ်သီချင်းတစ်ပုဒ် ကတော့ တစ်ပုဒ်လုံးမျှ အဓိပ္ပာယ်လေးနက်လှပါတယ်။
ခတ်အမြင်ခေတ်အတွေးနဲ့ အမြင်ကျယ်လှပါတယ်လို့ပြောရပါမယ်။ တိုင်းပြည်ဟာ ခေတ်နဲ့အညီကမ္ဘာနဲ့
ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ပညာရေးက အရေးကြီးကြောင်း။ တိုင်းသူပြည်သား (လူထု)ရဲ့ ပညာဉာဏ်ရည် အနိမ့်အမြင့်ကိုလိုက်ပြီး တိုင်းပြည်ရဲ့ အဆင့်အတန်းအနိမ့်အမြင့်ရှိနိုင်တယ်။ တိုင်းပြည်ထိပ်တန်းရောက်ဖို့ လူထုရဲ့ပညာဉာဏ်ရည် အနိမ့်အမြင့်က အရေးပါတယ်လို့ လေးနက်စွာဖွင့်ဆိုလိုက်ခြင်းပါ။

အမျိုးသားပညာရေးသီချင်း

ရေး – မြို့မငြိမ်း

၁ – “ထိပ်တန်းသို့မြန်မာနိုင်ငံရောက်ဖို့မြင့်ရန် အရေးဝယ် xx လူထု၏နိမ့်မြင့်ပညာဉာဏ်ရည်လိုက်လို့မြင့်နိုင်မယ်xxထို့ကြောင့် လူငယ်၊မြန်မာပြည်ဖွားတိုင်းရင်းသားမောင်မယ် xx သင်ကြားအားထုတ် ကြိုးကုတ်ပညာမလင့်မီအခါဝယ် xx ကြီးလာတော့ တိုင်းပြည်အကျိုးထမ်းပိုးနိုင်မယ် နောက်နောင်ဝယ်”

cho “ဆည်းပူးလေ့လာတယ် xx အလောင်းတော်ဘုန်းကြွယ် xx ၆နှစ်တိုင်တိုင် ဉာဏ်ပညာရေးတွေးကြံတယ် xx သွေးသားခန်းစေဖွယ် အကျင့်လွန်ကြီးကျယ် xx
ဟုတ်မှန်ရာကိုထိုခါတော့မှ တွေ့မြင်တယ်xxအို… တို့လူမျိုးတန်ခိုးထွဋ်ခေါင် ဘုန်းမီးနေရောင်ထွန်းပြောင်တယ်xx”

၂ – “ (ပညာသင် ငယ်စဉ်အရွယ် ××× ထူးချွန်အောင်သွေးရမယ် ×××နောင်ခါဝယ် လူထုအလယ် ××
တောင့်တင်းစွာရပ်နိုင်မယ် ×××)၂ ။ ဗမာတိုင်းကိုထိပ်ရောက်အောင်မြှင့်ရေးတင့်ရေးပညာကြွယ်
××× ကမ္ဘာ့ဗိုလ်ပုံလူတွေအလယ် ××× ၊ အို…တို့လူမျိုးတန်ခိုးမြေဆုံးမိုးလုံးပညာဖုန်းရောင်ကြွယ်..။

Cho (ဆည်းပူးလေ့လာတယ် xx……………………………………….. အို… တို့လူမျိုးတန်ခိုးထွဋ်ခေါင် ဘုန်းမီးနေရောင်ထွန်းပြောင်တယ်xx)

ဒီသီချင်းကိုအမျိုးသားနေ့အောင်ပွဲအတွက်သာမက ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေး ယူနီဗာစီတီကောလိပ်အဖြစ် ဖွင့်လှစ်နိုင်တဲ့ အထိမ်းအမှတ်ဖွင့်ပွဲမှာလည်း သီဆိုခဲ့ကြသတဲ့။ မန္တလေးတက္ကသိုလ်က ၂၀၂၅ခုနှစ်မှာ နှစ်၁၀၀ပြည့်မှာမို့ အခုလို ရာပြည့်ကြို အချိန် ဆရာမြို့မငြိမ်းသီချင်းကလည်း အမှတ်တရပါပဲ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW