မန္တလေးတက္ကသိုလ် နှင့် အမ်အေ ဒေါ်အုန်း

———————————————– ဆူးငှက် ဆရာမကြီး အမ်အေဒေါ်အုန်းကို မန္တလေး ကဉ္စနမဟီရပ်ကွက်မှာ အဖ ဦးကျော်ရာ၊ အမိ ဒေါ်ခင်တို့က ၁၉၁၃ ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်မှာပဲ မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းက တက္ကသိုလ်ဝင်တန်းကို ပါဠိနဲ့ သင်္ချာဘာသာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ပါဠိမဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၃၆ က ၄၂ အထိ ရန်ကုန်တက္ကသိုလ် ပါဠိဌာန နည်းပြဆရာမ၊ ၁၉၄၇ က ၁၉၆၆ အထိ မန္တလေးတက္ကသိုလ်မှာ လက်ထောက်ကထိက၊ ကထိက နဲ့ ပါမောက္ခအဖြစ် အမှုထမ်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အာရှလူငယ်များအစည်းအရုံးဌာနချုပ် အမျိုးသမီးဥက္ကဋ္ဌ၊ ၁၉၄၅ မှာ ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ရဲ့ ပထမဆုံး အမျိုးသမီးအမှုဆောင်အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဆရာမကြီး အမ်အေဒေါ်အုန်းအကြောင်းပြောရင်လည်း မန္တလေးတက္ကသိုလ်က မပါမဖြစ် ပါရဦးမှာပါ။…

Read More

အောင်မြေ

————– ဆူးငှက် မန္တလေး အိမ်တော်ရာဘုရား ပရိဝုဏ်၏ ရာဟုထောင့်တွင် နာမည်ကျော် ၁၄ ခန်းဇရပ်ကြီးရှိသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ သစ်သားတိုင်များဖြင့် ကြီးမား ခံ့ထည် ကျယ်ဝန်းလှသော ဇရပ်ကြီးဖြစ်သည်။ ၁၄ ခန်း ဇရပ်ကြီးထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဦးချစ်မြဲ၏ နိပတ်တော် ပန်းချီကားများ ရှိသည်။ မူလ ၁၄ ခန်း ဇရပ်ကြီးမှာ ကိုတာမီးကြီးတုန်းက မီးသင့်သွားသဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ရွှေကုန်သည်ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ သမီး တင်တင်ဦးတို့က ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့သည်ဟု မှတ်သားရသည်။ ၁၄ ခန်း ဇရပ်ကြီးမှာ မြန်မာ့နိုင်ငံရေးသမိုင်းမျက်နှာစာတွင် မန္တလေး အခန်းကဏ္ဍ၌ အောင်မြေအဖြစ် အထင်အရှား တည်ရှိခဲ့သော ဘူမိနက်သန်ဖြစ်သည်။ နိုင်ငံရေးသာမက ဘာသာရေး၊ သာသနာရေး ကဏ္ဍများတွင်လည်း ဘူမိနက်သန် ဖြစ်ခဲ့၏။…

Read More

မြို့မငြိမ်းရဲ့ အမျိုးသားပညာရေးသီချင်း

ဆူးငှက် ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ်က တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ သပိတ်မှောက်ကြတယ်။ ကျောင်းသား ကိုဘဦးအပါအဝင် (၁၁)ဦးက ဦးဆောင်ပြီး သပိတ်မှောက်ကြတာပါ။ ဒီပထမကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အသိအမြင်တွေကို ပထမဆုံး စတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ္မာကို ကိုယ့်ဖာသာ စီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ်မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်းဖြစ်ခဲ့တယ်။ ဒါကြောင့် ပထမကျောင်းသားသပိတ်ကြီးအပြီး၊ ရန်ကုန်မှာ ဗဟန်းအမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများအပြင် တစ်ပြည်လုံး အတိုင်းအတာအထိ၊ အမျိုးသားကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။ ဒါကြောင့် ၁၂၈၃ခု သီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခု မောက်တိုဘာ၂၄ရက်)နေ့က မန္တလေးမှာ ကျင်းပတဲ့ နဝမမြောက် ဂျီစီဘီအေအသင်း အစည်းအဝေးကြီးမှာ ပထမကျောင်းသားသပိတ်ကြီးစတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့တယ်။ ဒါကြောင့်…

Read More

မြမျိုးလွင်နှင့် ညတိုက်ပွဲ

——————————— ဆူးငှက် “မြမျိုးလွင်၊မြမျိုးလွင်” ဟူသော ဆရာကြီးအကြောင်း၊ ဖတ်မှတ်မိတိုင်း ပုလိုင်းရပ်ကွက်မှာလည်း ဆရာကြီးနေထိုင်သည်ဟု ဆိုသောအခါ ရင်ခုန်ရသည်။ ပုလိုင်းဆိုတာ ကျွန်တော့ဆွေမျိုးတွေ အများဆုံးနေကြသည့် ရပ်ကွက်၊ ငယ်ငယ်က ချောင်းပေါက်မတတ် သွားရောက်လည်ပတ်ခဲ့ရသည့် ရပ်ကွက်မို့ ဓမ္မာရုံနဲ့ တည့်တည့် လမ်းကြားနေရာလား၊ သင်္ဂဇာချောင်း အရှေ့ဘက်မှာလား၊ ပုလိုင်းသစ်စက်ကြီးနဲ့ရော နီးသလား၊ ယူနီယံ ဆပ်ပြာစက်ရုံကြီးနားလား စသည်ဖြင့် မှန်းဆကြည့်ရသည်။ နောက်က်တော့ ဆရာကြီးခါင်းချသွားရာနေရာက မန္တလေး ၃၄ လမ်း၊ ညောင်ဇင်တန်းက “ဒီဇူဇာ”ဆေးတိုက် ကိုယ်စားလှယ်ဆိုင်းဘုတ်လေးရှိရာ အိမ်ဆိုတာ သိပြီး စက်ဘီးလေးတစ်စင်းနှင့် အမြဲသွားသွား ကြည့်ဖြစ်သည်။ ဆရာကြီးမြမျိုးလွင်၏ စာများကို စတင်ထိတွေ့ နှစ်သက်စဉ်က ဟံသာဝတီသတင်းစာပါ ဆောင်းပါးများက အများဆုံးဖြစ်၏။ အစ်ကိုများ၊ ဦးလေးများက ဆရာမြမျိုးလွင်ဆိုတာ တစ်ချိန်က နာမည်ကြီးလှသော လူငယ်ကြိုက် စာရေးဆရာကြီး တစ်ဦးဆိုတာပြောပြရင်း သူ့ဝတ္ထုတွေ ဖတ်စေခဲ့ခြင်းဖြစ်သည်။ ကျွန်တော်က…

Read More

မြနန္ဒာရေညိုသန်းတယ်…

ဆူးငှက် ““နန္ဒာရဝန်းရံခ၊ ပတ်လည်မှာ . . . ရွှေမန်းတောင်တော်သာ အို . . . ဆန်းပါလှ၊ မြို့နန်းဝတိံသာ””တဲ့။ မဟာဂီတလာ “မန်းတောင်လကျ်ာ” ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏။ ““နန္ဒရေဝန်းရံခ”” တဲ့။ ဟုတ်သည်။ ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက တောင်သမန် အင်းကြီးရှိသည်။ အနောက်ဘက်မှာ တက်သေးအင်း။ အခုတော့ မန္တလေးကန်တော်ကြီးဟု သုံးစွဲခေါ်ဝေါ်နေသည်။ အရှေ့တောင်မှာက ဇောင်းကလောကန်ကြီးရှိသည်။ အရှေ့ဘက်တစ်ကြောကြီးက မင်းရှင်စော၏ အောင်ပင်လယ်ကန်တော်။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်းမှသည် ဟိုးမြောက် မန္တလေးတောင် အရှေ့ဘက်အထိ ရှိမှာပေါ့။ မြောက်ဘက်မှာက နန္ဒာကန်ရှိပါသည်။ အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော်ဆည်ယူဖို့ဆောင်ပြီးစီးသဖြင့် အောင်ပင်လယ်ကန်ဟု…

Read More

ကျန်ပါသေးလား မန္တလေးစကား

————————————— ဆူးငှက် ရှေးရှေးကတည်းက မန္တလေးသားတွေ စကားအရာမှာ တတ်ကျွမ်းတယ်။ လိမ္မာရေးခြားရှိတယ်။ အထင်ကရရှိတယ်လို့ မှတ်သားခဲ့ကြတယ်။ မန္တလေးသားစာရေးဆရာကြီး ရွှေဥဒေါင်းက သူ့ရဲ့ ‘မနေ့က မန္တလေး၊ ယနေ့ မန္တလေး’ဆိုတဲ့ ဆောင်းပါးမှာ မန္တလေးသားတွေ အပြောအဆိုကြွယ်ဝပုံကိုလည်း ဒီလို မှတ်တမ်းတင်ခဲ့တယ်။ “ပြောပုံဆိုပုံ စကားလုံးအသုံးအနှုန်းနှင့် ပတ်သက်၍လည်း မန္တလေးသူ မန္တလေးသားများသည်(ကျွန်ုပ်တို့ ငယ်စဉ်ကမူ)တစ်ပြည်လုံးနှင့်မတူအောင် တစ်မူကွဲပြားခဲ့၏။ ဤအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်၏ ကိုယ်တွေ့ အခြင်းအရာတစ်ခုကိုသတိရ၍တင်ပြလိုသေး၏။ ၁၉၁၉ ခုနှစ်လောက်တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ သူရိယတိုက်အပေါ်ထပ်၌ အစည်းအဝေးတစ်ခုကျင်းပရာ ဦးချစ်လှိုင်၊ ဦးဘဖေ၊ ဦးသိန်းမောင်၊ ဦးသင်းမောင် အစရှိသောပုဂ္ဂိုလ်ကြီးများလည်း တက်ရောက်ကြ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း(ဆရာလွန်း)နှင့် ကျွန်ုပ်တို့လည်း စကားပြောလေရာ အစည်းအဝေးပြီးသောအခါ ဆရာကြီးက ‘မောင်တို့ မန္တလေးသားက စကားပြောပုံ ကောင်းပါပေ့မောင်ရာ၊ ဒီကခွေးမသားတွေ တစ်ကောင်မှလိုက်မမီဘူး’ဟု ကျွန်ုပ်အားပြောဖူးလေသည်။ ဆရာကြီးမှာ မြန်မာစကားအသုံးအနှုန်းနှင့် ပတ်သက်၍…

Read More

အင်းကြီးတောင်သမန်

ဆူးငှက် “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန် ၁၁၄၄ခုနှစ်ကအမရပူရရွှေနိုင်ငံ ရေချိုတွင်းနဲ့ ပျံ့နန်းလှန်… ရွှေဘိုမင်းဆက်မှန်နန်းစံ မတ်ဘိုးတော်သူစီမံ…အင်းကြီးတောင်သမန်” (နန်းတော်ရှေ့ဆရာတင်တောင်သမန်သီချင်းမှ) တောင်သမန်တဲ့…။ သူကအမရပူရမြို့မှာရှိသည်။ ရှေးက အမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ်၊ အရှေ့တောင်ရွှေစာရံ၊တာင်-ပလိပ်ရွာ၊ အနောက်တောင်တဘက်ဆွဲ၊အနောက်မြောက် စစ်ကိုင်းတိုင်းနယ်မြေ၊မြောက်တောင်ကျုံးကြီးနှင့် အရှေ့မြောက်ဘုတ်သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည်။ ၁၁၄၄ခုနှစ်၊ တပို့တွဲလဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ရွှေနန်းတော်၊ ရွှေဂူတော်၊ ကျောင်းတော်၊ ပိဋိကတ်တိုက်တော်၊ ကန်တော်ဟူသော (၇)ဌာနကို တစ်ပြိုင်နက်တည်းဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည်။ တောင်သမန်အင်းက အမရပူရမင်းနေပြည်တော် တောင်ဘက်မှာရှိသည်။ မြို့တော်အဖြစ် ကောင်းစားခဲ့စဉ်က အမရပူရကို အင်္ဂလိပ်လူမျိုး ဟင်နရီဂူဂျာက”မြန်မာပြည်၌စ်နှစ်အကျဉ်းခံရစဉ်” ဟူ၍ ရေးသားဖော်ပြထားပါသည်။ အမရပူရမြို့တော်သည် လမ်းမတော်များမှာသာ အုတ်ကြွပ်မိုးသော အိမ်များရှိကြသည်။ ကျန်အိမ်များကား သစ်သား သက်ကယ်အိမ်တို့ဖြင့်သာ ဆောက်လုပ်သော အိမ်များဖြစ်ကြသည်။ ထိုအိမ်များသည် မပျက်စီးခင်က ရှုချင့်စဖွယ်ဖြစ်လိမ့်မည်။ မြန်မာတို့ထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်၍ ဆောက်ကြသည်။ လမ်းလက်မျက်နှာစာတွင် မြေမှသုံးပေမြင့်သော အောက်ဆင့်ကြမ်းပြင်၏…

Read More

မသိမိမှား ကျူးလွန်မိငြား

—————————- ဆူးငှက် ““ မဟာမုနိရုပ်ရှင်တော်မြတ်မှာ မီးသင့်လောင်ရာမျက်နှာတော်မှာ လက်လေးသစ်ခန့် ကွဲအက်၍ရောင်လျှံတော် မပွင့်မလင်းရှိသည်ကို။ ဂဏာစရိယ၊ ဂဏပါမောက္ခ သင်္ဃရာဇာမဟာဓမ္မရာဇ်ဖြစ်တော်မူသော မာလာလင်္ကာရဓဇ ဓမ္မသေနာပတိအတုလဓိပတိ သီရိပဝရ မဟာဓမ္မရာဇဂုရုတံဆိပ်နာမတော်ရှိသော သာသနာပြု ဆရာတော် ဘုရားကြီးနှင့် ဘဝရှင်မင်းတရားကြီးဘုရား လက်ဝဲလက်ယာ ကိုယ်တော်တိုင် ကြပ်မတော်မူလျှက် ပဉ္စသိင်္ခနတ်သား၏ စောင်းသံနှင့်တူသော တူရိယာမျိုးငါးပါးအသံတို့ကို တပြိုင်နက် တီးမှုတ်စေပြီးလျှင် မျက်နှာတော်အသစ် ဖွင့်တော်မူရာ သယ္မဘူငုံအာ၊ ပဒုမ္မာမုံရင့်၊ ပွင့်လုဆဲဆဲ၊ လွန်ကဲထူးမြတ်သော၊ ဒဗ္ဘသမ္ဘာရ အဆောက်အဦတော်ရှိသည်ဖြစ်၍ ကဏ္ဍပ္ပသရက်ပင်ရင်းနှိုက် မြတ်စွာဘုရားတန်ခိုးပာဋိဟာပြတော်မူသည့်ပမာ ရောင်ခြည်တော်ကွန့်မြူးလျှက် လက်လေးသစ်ခန့်ကွဲအက်သော မျက်နှာတော်သည် စန္ဒရပုဏ္ဏမီတိထီ စက်ဝန်းကဲ့သို့ ရွှန်းလက်သောပကတိအဆင်းနှင့် တည်တော်မူသည်။”” (ကန္နီမြို့စစ်ကဲမင်းထင်ရာဇာ-မန္တလေးရတနာပုံ မဟာရာဇဝင်တော်ကြီး စာမျက်နှာ-၂၀၃) သက္ကရာဇ် ၁၂၄၅ ခု နှောင်းတန်ခူးလဆန်းက လောင်သော မီးကြီးကြောင့် မန္တလေး မဟာမုနိဘုရားစောင်းတန်းကြီးလေးသွယ်၊ပြာသာဒ်တော်ကြီးများအထိ မီးစွဲလောင်ခဲ့ရာ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် ကပ်လှူပူဇော်ထားသော…

Read More

မန္တလေးက ပထမဆုံး လွတ်လပ်ရေးအောင်ပွဲ

ဆူးငှက် ၁၂၄၇ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့၊ မန္တလေးနေပြည်တော်မှ သီပေါဘုရင်ပါတော်မူပြီး ၆၂နှစ်ပြည့်မြောက်တဲ့ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ်ကြေညာနိုင်ခြင်းဖြစ်ပါတယ်။ လွတ်လပ်တဲ့ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ် ကမ္ဘာသိကြေညာနိုင်ခဲ့တာနဲ့အတူ နှစ်ပေါင်း ၁၀၀ကျော်၊ မြန်မာ့မြေပေါ်မှာ အပိုင်စီးလွှင့်ထူခဲ့တဲ့ ဗြိတိသျှအင်ပါယာယူနီယံဂျက် အလံကိုလျှောချပြီး အလယ်ခေါင်ရှိ ကြယ်ကြီးကို ကြယ်ငါးလုံးရံတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတော်သီချင်းနှင့်အတူ ဂုဏ်ယူဝံ့ကြွားစွာလွှင့်ထူ၊ အလေးပြုနိုင်ခဲ့တာပါပဲ။ ကြယ်ငါးလုံးဟာပြည်ထောင်စုရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ အလယ်ခေါင်ရှိ ကြယ်ကြီးက နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာပါ။ တိုင်းရင်းသားများနှင့် စုစည်းဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကြီးပေါ့။ အလယ်ခေါင်ကြယ်ကြီးကို ကြယ်ငါးလုံးရံထားတဲ့ အထိမ်းအမှတ်ဟာ ပြည်ထောင်စုရဲ့အမှတ်အသားအဖြစ် တိုင်းရင်းသားအားလုံးက အသိအမှတ်ပြုခဲ့ကြတာပါ။ ဒီတော့ လွတ်လပ်ရေးရဲ့အထိမ်းအမှတ်အဖြစ် ကျောက်တိုင်စိုက်ထူမယ်ဆိုတော့ ဒီအထိမ်းအမှတ်ပုံစံကိုပဲ နမူနာယူကြတယ်။ အလယ်ခေါင်က ကြယ်ကြီးကို ကြယ်ငါးလုံးရံထားတဲ့ ဒီဇိုင်းကိုအခြေခံပြီး ရန်ကုန်မှာ ပထမဆုံး လွတ်လပ်ရေးနေ့ ကတည်းက လွတ်လပ်ရေးကျောက်တိုင်ကို အုတ်မြစ်ချတည်ဆောက်ခဲ့တယ်။ ရန်ကုန် ဗန္ဓုလပန်းခြံက လွတ်လပ်ရေးကျောက်တိုင်နဲ့…

Read More
VOM News

FREE
VIEW