အတိတ်နဲ့ ပစ္စုပ္ပန် ရွှေစာရံ

မတ် ၁၇-၂၀၂၂
(VOM)

ရွှေစာရံဘုရားပွဲတော်လို့ ပြောလိုက်တာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုရားအမကြီး မိဘုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစာရံစေတီတော် ဆိုတာကို မြန်မာနိုင်ငံသူ/သား တိုင်းက စိမ်းမယ်မထင်ပါဘူး။

ရွှေစာရံစေတီရဲ့ပွဲတော်ဟာ တစ်ချိန်က ရွာသားကြီး စိန်တင်ဟန် ရေးဆက်ခဲ့ပြီး မင်းသမီးကြီး ဒေါ်ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီးသီချင်းနဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။

အရင်ပွဲတော်ကာလတွေမှာတော့ ဘုရားလာဖူးတဲ့သူတိုင်းဟာ ထန်းရွက်ပုတီးလေးတွေကို အလုအယက်ဝယ်ပြီး ဝတ်ဆင်လေ့ရှိကြပေမယ့် နှောင်းပိုင်းကာလ ရောက်လာတဲ့အချိန်မှာ ထန်းရွက်ပုတီးလေးတွေကို စိတ်ဝင်စားမှုနည်းပါးလာတာ မြင်တွေ့ရပါတယ်။

ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကို ရှေးအရင်က ဘယ်လိုပုံစံမျိုးတွေ ကျင်းပခဲ့သလဲဆိုတာ ရွှေစာရံကျေးရွာသားကြီးဖြစ်တဲ့ အသက် ၈၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးကြည်အောင် ကို VOM က မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ရွှေစာရံ

YouTube Link – https://youtu.be/Hz7BLe4P3-I

Related posts

Leave a Comment

VOM News

FREE
VIEW