‘ဝဘာ’ကျေးရွာက မီးရှို့ခံထားရတဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် မျှော်လင့်ချက်တွေမဲ့နေ

မတ် ၃၁-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ဝဘာ ကျေးရွာမှာ ပြီးခဲ့တဲ့မတ်လ (၄) ရက်နေ့က နေအိမ် (၆၇)လုံး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီမီးရှို့ခံရမှုမှာ ဒေသခံတွေအနေနဲ့ အဝတ်တထည်ကိုယ်တခုနဲ့ အသက်လုပြီးထွက်ပြေးခဲ့ရတာကြောင့် ပိုင်ဆိုင်သမျှ အိုးအိမ်စည်းစိမ်အားလုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးဘေးသင့်ပြည်သူတွေကပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ မီးဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး အလှူရှင်တချို့ထောက်ပံ့လှုဒါန်းထားတဲ့ အဝတ်အထည်အစားအသောက်တွေနဲ့သာ အသက်ဆက်နေကြရပါတယ်။ မီးဘေးသင့်ပြည်သူတွေအနေနဲ့ အရင်လို ကိုယ်ပိုင်အိမ်နဲ့ ဘဝတခုပြန်လည်ထူထောင်ဖို့ရာ မျှော်လင့်ချက်မဲ့နေပြီး ကူညီထောက်ပံ့မယ့်သူရှိခဲ့ရင်တောင် နောက်ထပ် မီးရှို့ခံရမလဲစိုးရိမ်စိတ်တွေနဲ့ လုံခြုံမှုပါကင်းမဲ့နေတယ်လို့လည်း ပြောဆိုထားကြပါတယ်။ #voiceofmyanmar #VOM #ဒီပဲယင်း #ဝဘာကျေးရွာ #မီးဘေးသင့်ပြည်သူ Youtube Link – https://youtu.be/Wod73skKWrM

Read More
✕
VOM News

FREE
VIEW