လူမှုရေးဝန်ကြီးဟောင်းဦးနိူင်ငံလင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ဧပြီ ၂၈-၂၀၂၂
KK(VOM)

လူမှုရေးဝန်ကြီးဟောင်းဦးနိူင်ငံလင်းကို ဒီကနေ့မနက်ပိုင်းက အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေ ဒီကနေ့ မနက် ၁၁ နာရီက အဂတိအမှု ၅ မှုအတွက် တစ်မှုကို သုံးနှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“သူဘက်က ရှေ့နေကတော့ အယူခံဆက်တက်မယ်လို့ကြားတယ်၊ လျှော့ရက် ရမရ ဆိုတာကိုတော့ မသိ
ဘူး”လို့ ပြောပါတယ်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဇွန် ၂၃ ရက် ညပိုင်းက နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းအစီအစဉ်မှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

ဦးနိူင်ငံလင်းကို ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဥ်းထောင်မှာထိန်းသိမ်းထားတာဖြစ်ပါတယ်။

လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဒေါ်နီလာကျော်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ အဂတိပုဒ်မအပါအဝင် ပုဒ်မ ၁၆ ခုနဲ့ ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဦးနိုင်ငံလင်း #ထောင်၁၅နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW