သန်းခေါင်အကျတွင် နှစ်ကောင်က ဘာဂီပြင်

ဆူးငှက် ခရစ်နှစ် ၁၈၈၉ ခုက အရှည် ၃၈၆ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးမြို့မှာလည်း မီးရထား ဘူတာရုံကြီးတစ်ရုံ တည်ဆောက်ခဲ့တယ်။ အဲဒီကာလ မန္တလေးမြို့ရဲ့အဓိကနေရာတွေမှာ မန္တလေးနန်းတွင်း၊ နန်းတွင်းအနောက်ဘက် စီလမ်းတစ်လျှောက်နဲ့ ဈေးချိုဝန်းကျင်သာဖြစ်တာကြောင့် ဒီနေရာတွနဲ့ ဆက်သွယ်မှုလွယ်ကူတဲ့အရပ်မှာ ဘူတာကိုတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးနန်းတွင်းနဲ့ ၂၆ ဘီလမ်း တစ်လမ်းသာခြားပြီး တောင်ဘက် ၃၅ လမ်းထိအရှည်ရှိပြီး အကျယ်အဝန်းအနေနဲ့ ၇၈ လမ်းနဲ့ ၇၉ လမ်းကြားရှိတဲ့ မန္တလေးဘူတာကြီးရဲ့ဧရိယာမှာ အဲ့ဒီကတည်းက ဒီနေ့အချိန်တိုင်အောင် နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက်မျှတမှုရှိခဲ့တယ်။ ဘူတာကြီးဧရိယာမှာ ကုန်ရုံများရှိခဲ့တယ်။ တွဲဆိုင်းတွေပြင်ဆင်သန့်ရှင်းရာ နေရာတွေရှိပါတယ်။ လုံလောက်တဲ့ ဘူတာစင်္ကြံရှိတယ်။ ခရီးသည်တွေ နားနေဖို့်လည်း ကျယ်ဝန်းတယ်။ ဒါသာမက မီးရထားစက်ခေါင်းတွေအတွက် စက်ခေါင်းပြုပြင်ထိန်းသိမ်းဖို့ စက်ရုံလည်း တစ်ပါတည်းပါရှိခဲ့တယ်။ ဘူတာရုံကြီးနဲ့ မျက်နှာချင်းဆိုင်မှာလည်း ၇၈လမ်းတစ်လျှောက် ရာထူးကြီးငယ်အစဉ်လိုက် ၂၇လမ်းမှ…

Read More

ရေဦးမြို့နယ်မှာ စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော်တွေ့

ဧပြီ ၊ ၃၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ အခု ၁ လထဲမှာကို စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၁ ဒါဇင်ကျော် တွေ့ရတဲ့အတွက် နယ်ခံနာမှုကူညီရေးအသင်းတွေက ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ရေဦးမြို့ခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ရုပ်အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ရေဦးမြို့ခံ ပရဟိတသမားတယောက်က” ဧပြီ ၁ ရက်​နေ့အကူးမှာ ဇဝကျေးရွာနားမှာ ရုပ်အလောင်း ၃ လောင်း စတွေ့တယ်၊ ဧပြီ ၁ ရက် နေ့ခင်းမှာတော့ နှောကုန်းကျေးရွာနားမှာ ရုပ်အလောင်း ၁ လောင်း ထပ်တွေ့ပြန်တယ် ၊ ဧပြီ ၁၃၊ မနက် ၇ နာရီခွဲ သင်္ကြန်ကာလမှာ မုံရွာ ရေဦးကားလမ်း ၊ ပြည်တော်မင်း လေးပါး ပေါက်နားမှာရုပ်အလောင်း ၂ လောင်းတွေ့…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ငြိမ်းချမ်းရေးက တကယ်ရမှာလား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ငြိမ်းချမ်းအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လာရောက်ဆွေးနွေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ဟာ တကယ်အရာထင် ပါ့မလား၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတာဘယ်လိုဟာလဲ ၊ မန္တလေးမှာ ဖမ်းဆီးထားသူတွေ အသတ်ခံရကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက နေပြည်တော်မှာ တွေ့ဆုံမေမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #နစက #ဗိုလ်ချုပ်ဇော်မင်းထွန်း YouTube Link – https://youtu.be/UAJAHZRhz-0

Read More

တာလီဘန်တို့အပေါ် စစ်ပွဲသစ်ဆင်နွှဲဖို့ အာဖဂန်ဗိုလ်ချုပ်ဟောင်းနဲ့အဖွဲ့ စီစဉ်နေ

ကဘူး၊ ဧပြီ-၂၉-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်စစ်သားဟောင်းတွေနဲ့ နိုင်ငံရေးသမားတွေဟာ တာလီဘန်အဖွဲ့အပေါ် စစ်ပွဲသစ်ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း အာဖဂန်စစ်ဗိုလ်ချုပ်ဟောင်းတဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ စစ်ရေးအရ တုံ့ပြန်မှုဟာ ရှေ့ဆက်သွားဖို့ တခုတည်းသောနည်းလမ်းအဖြစ် အာဖဂန်ကို တာလီဘန်တို့ရဲ့ ရှစ်လကြာအုပ်ချုပ်မှုအတွင်း ပြည်သူအများအပြားက ယုံကြည်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဆာမိဆာဒက်က ပြောပါတယ်။ သူ့အနေဖြင့် အစ္စလာမ်တို့ရဲ့ အိဒ်ပွဲတော်အပြီးမှာ အာဖဂန်ကိုပြန်လာမှာဖြစ်ပြီး နောက်လဆန်းမှာ စစ်ဆင်ရေးတွေ စတင်နိုင်ကြောင်း သူကပြောပါတယ်။ အာဖဂန်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်ဆင်ရေးများပြီးဆုံးပြီးနောက် အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့တပ်ဖွဲ့တွေ ထွက်ခွာသွားတာကြောင့် သဘောထားတင်းမာတဲ့ တာလီဘန်တွေဟာ ၁၀ ရက်အတွင်း အာဖဂန်ကို ထိန်းချုပ်ခဲ့ကြပါတယ်။ သူနဲ့အခြားသူတွေအနေနဲ့ အာဖဂန်ကို တာလီဘန်လက်အောက်ကလွတ်မြောက်ပြီး ဒီမိုကရေစီစနစ်ပြည်လည်ထူထောင်ဖို့အတွက် ဘယ်အရာကိုမဆို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အစီအစဉ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC #voiceofmyanmar #VOM #ကဘူး

Read More

ရွှေဘို စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၄ ဦး ပျောက်ဆုံးနေ

ဧပြီ၊ ၂၉-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားက ရွှေဘို စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်အုပ်ဆရာကြီးအပါအဝင် ဝန်ထမ်း ၄ ဦးဟာ ဒီကနေ့ မနက်အစောပိုင်းကစလို့ ပျောက်ဆုံးနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကျောင်းအုပ်ကြီး ဦးအောင်အောင်၊ ဆရာမ ဒေါ်သီတာမြင့်၊ ဦးနေလင်းအောင် ဥယျာဉ်အုပ်ကြီး၊ ဦးဆန်းထူးတို့ ၄ ဦး ပျောက်ဆုံးနေတာ ” လို့ စိုက်ပျိုးရေးဝန်ထမ်းတယောက်က ပြောပါတယ်။ ညောင်ပင်သာကျေးရွာခံတယောက်က ” ဒီကနေ့ မနက် အစောပိုင်း ၄ နာရီဝန်းကျင်က လက်နက်ကိုင် လူတစု အဲ့ဒီ စိုက်ပျိုးရေး သိပ္ပံကျောင်းထဲက ထွက်သွားတာကို မထင်မရှား မြင်လိုက်ရတယ် ၊ အခုပျောက်ဆုံးနေတဲ့ ဝန်ထမ်းတွေ ပါသွား၊မသွားဆိုတာကိုတော့ မသိဘူး ” လို့ ပြောပါတယ်။ အခုလို ပျောက်ဆုံးနေတယ်လို့သာ…

Read More

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှက်နုအောင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပ​ဒေနဲ့အမှုဖွင့်

ဧပြီ ၂၉-၂၀၂၂ (VOM) ဧပြီ ၂၇ရက်မနေ့က အိုးဘိုထောင် တရားရုံးကအပြန် ပျောက်ဆုံးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဖမ်းဆီးခံရတဲ့ကိစ္စကို VOM က လိုက်လံစုံစမ်းတဲ့အခါ ဖမ်းဆီးခံရတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ပြီးတဲ့လက ဖမ်းခံရတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ ရှေ့နေတ​ယောက်ကို ဖမ်းစစ်တော့ သူ့ထွက်ချက်အရ ဖမ်းတယ်”လို့ ပြောပါတယ်။ ဒေါ်ရွက်နုအောင်ဟာ ဧပြီ၂၇ရက်က အိုးဘိုထောင်အတွင်းမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုရုံးချိန်းအတွက် အမှုလိုက်ပါဆောင်ရွက်ခဲ့ပြီး ပြန်လာတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ NLDပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းအချို့ကနေ သိရပါတယ်။ မန္တလေးရှေ့နေအသိုင်းအဝိုင်းရဲ့အပြောအရ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀ည နဲ့ ဖမ်းဆီးအမှုဖွင့်လိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတချို့ကို ပေးပို့တဲ့ ဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစည်သူဆိုသူရဲ့စစ်ကြောရေးထွက်ဆိုချက် မှတ်တမ်းဗီဒီယိုဖိုင်အရတော့ ဒေါ်ရွှက်နုအောင်ကို ဖမ်းတဲ့ကိစ္စဟာ ထွက်ဆိုချက်နဲ့ ပတ်သက်ဖွယ်ရှိနေပါတယ်။ ရှေ့နေဒေါ်ရွက်နုအောင်ဟာ NLDပါတီလက်ထက်က ဗစ်တိုးရီးယားအမှုကို နစ်နာသူဘက်က…

Read More

ယူကရိန်းစစ်ပွဲကို ဟန့်တားဖို့ နဲ့ ရပ်တန့်ဖို့ လုံခြုံရေးကောင်စီ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ကုလအကြီးအကဲ ဝေဖန်

ကိယက်ဗ်၊ ဧပြီ-၂၉-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ် ယူကရိန်းနိုင်ငံကိယက်ဗ်မြို့ကို ရောက်ရှိနေချိန်အတွင်း ကိယက်ဗ်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတော့ ယူကရိန်းစစ်ပွဲမဖြစ်အောင် ဟန့်တားဖို့ သို့မဟုတ် အဆုံးသတ်ဖို့နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ ကြီးစွာသော စိတ်ပျက်မှု ၊ ဒေါသထွက်မှုတွေရဲ့ အရင်းမြစ်ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီစစ်ပွဲကို ဟန့်တားဖို့နဲ့ အဆုံးသတ်ဖို့အတွက် လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေအားလုံး ပျက်ယွင်းခဲ့တယ်လို့ ဂူတာရက်စ်က ဝေဖန်ပြောဆိုပါတယ်။ အဖွဲ့၀င် ၁၅ ဦးပါ၀င်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေဆောင်ရွက်ဖို့ အထူးတာ၀န်ပေးခြင်းခံထားရပါတယ်။ ဒါပေမယ့် ယူကရိန်းကို ရုရှားက ဖေဖော်ဝါရီလမှာ ကျူးကျော်မှုပြုကတည်းက အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ယူကရိန်းအပါအ၀င် အခြားနိုင်ငံအစိုးရတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #ကိယက်ဗ်

Read More

အလုပ်သမားတွေစီးလားတဲ့ကား ချောက်ထဲကျသွားလို့ (၃)ဦးသေ (၈)ဦးဒဏ်ရာရ

ဧပြီ ၂၉-၂၀၂၂ KK(VOM) ကြံခင်းမြို့နယ်၊ အကောက်တောင်တက်လမ်းမှာ ဒီကနေ့ မနက် ၇ နာရီက အလုပ်သမားတွေစီးလာတဲ့ လိုက်ထရက်ယာဉ်တစီး ချောက်ထဲပြုတ်ကျကာ ၃ဦးသေ ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကြံခင်းမြို့က ဘိလပ်မြေစက်ရုံမှာနေထိုင်တဲ့ အလုပ်သမား ၁၁ဦး စီးလာတဲ့ လိုက်ထရက်ယာဉ်ဟာ အကောက်တောင်တက်လမ်းမှာ ချောက်ထဲထိုးကျခဲ့တာဖြစ်တယ်လို့ ကျန်းမာစေလို ပရဟိတအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ “အမျိုသမီးနှစ်ဦးက နေရာမှာတင် ပွဲချင်းပြီးသေတာ၊ယောက်ကျ်ားလေးတစ်ယောက်က ဆေးရုံရောက်မှ သေတာ”လို့ သူကပြောပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆိပ်သာတိုက်နယ်ဆေးရုံကတစိဆင့် ဟင်္သာတဆေးရုံကြီးကို အမျိုးသားလူနာ နှစ်ဦး ၊ အမျိုးသမီး လူနာ နှစ်ဦး၊ ကလေးလူနာ တစ်ဦး လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ကျန်လေးဦးဟာ ဆိပ်သာတိုက်နယ်ဆေးရုံမှာ ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။ လက်တလော သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်နိူင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က စီစဥ်နေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်ချောက်ထဲကျတဲ့ဖြစ်စဉ်ကို အကောက်တောင်လူမှုကူညီရေးအသင်း၊ကျန်းမာစေလို ပရဟိတအသင်း…

Read More

ယူကရိန်းကို ကူညီဖို့ ဒေါ်လာ ၃၃ ဘီလီယံ ကွန်ဂရက်ထံ အမေရိကန်သမ္မတ တောင်းခံ

ဝါရှင်တန်၊ ဧပြီ-၂၉-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့အတွက် ဒေါ်လာ ၃၃ ဘီလီယံကို ကွန်ဂရက်ထံတောင်းခံလိုက်ပါတယ်။ ယူကရိန်းအတွက် ရုရှားကို ခုခံကာကွယ်မှုတွေပြုလုပ်ရာမှာ အထောက်အကူဖြစ်စေမယ့် အဲဒီသဘောတူညီချက်ကို အမေရိကန်လွှတ်တော်အမတ်တွေ အတည်ပြုဖို့ အရေးကြီးတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ သမ္မတအဆိုပြုထားတဲ့ ဒေါ်လာ ၃၃ ဘီလီယံထဲမှာ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ ၂၀ ဘီလီယံ၊ စီးပွားရေးအကူအညီ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံနဲ့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သုံးဘီလီယံတို့ ပါ၀င်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းအတွက် အကူအညီတွေပေးမယ်လို့ ကြေညာခဲ့ပြီး လက်ရှိချိန်ထိပေးအပ်တဲ့အကူအညီတွေဟာ သိသိသာသာမြင့်တက်နေပါတယ်။ အမေရိကန်အနေနဲ့ ရုရှားကိုတိုက်ခိုက်နေတာမဟုတ်ဘဲ ရုရှားရဲ့ ရန်စမှုတွေကို ခုခံကာကွယ်ဖို့အတွက်…

Read More

မုံရွာ – မန္တလေး ကားလမ်းမှာ မုံရွာလူမှုကယ်ဆယ်ရေး အသင်းကား မိုင်းထိမှန်

ဧပြီ၂၉-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ထီးစောင်းကျေးရွာနဲ့ ညောင်ပင်ဝန်းကျေးရွာအကြား မုံရွာ-မန္တလေးကားလမ်းမှာ အရေးပေါ်လူနာ သွားရောက်ပို့ဆောင်တဲ့ လူနာတင်ကား ၂ စီးဟာ ဒီကနေ့ မနက်ပိုင်းက မိုင်းထိမှန်ကာ သေနတ်နဲ့ပါ ပစ်ခတ်ခံရတယ်လို့ မုံရွာမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” မန္တလေးဆေးရုံကို လူနာသွားပို့တဲ့အချိန် လမ်းမှာ မိုင်းထိမှန်တဲ့ကားက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)က ကား ၂ စီးလို့ သိရတယ် ၊ မိုင်းပေါက်ကွဲပြီးနောက် သေနတ်နဲ့ပါ ပစ်ခတ်ခံရတယ်လို့ ကနဦး ကြားရတယ် ၊ ဖြစ်စဥ် အသေးစိတ်ကို အတည်ပြုပြောဖို့ အချိန်စောသေးတယ် ၊ မုံရွာအဖွဲ့တွေ အခင်းဖြစ်အရပ်ကို လိုက်သွားနေကြတုန်း ” လို့ မုံရွာမြို့ခံ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မုံရွာ)ရဲ့ တာဝန်ရှိသူ ဦးစိန်ကိုကို အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း”…

Read More
VOM News

FREE
VIEW