ရွှေဘို စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၄ ဦး ပျောက်ဆုံးနေ

ဧပြီ၊ ၂၉-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားက ရွှေဘို စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်အုပ်ဆရာကြီးအပါအဝင် ဝန်ထမ်း ၄ ဦးဟာ ဒီကနေ့ မနက်အစောပိုင်းကစလို့ ပျောက်ဆုံးနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကျောင်းအုပ်ကြီး ဦးအောင်အောင်၊ ဆရာမ ဒေါ်သီတာမြင့်၊ ဦးနေလင်းအောင် ဥယျာဉ်အုပ်ကြီး၊ ဦးဆန်းထူးတို့ ၄ ဦး ပျောက်ဆုံးနေတာ ” လို့ စိုက်ပျိုးရေးဝန်ထမ်းတယောက်က ပြောပါတယ်။

ညောင်ပင်သာကျေးရွာခံတယောက်က ” ဒီကနေ့ မနက် အစောပိုင်း ၄ နာရီဝန်းကျင်က လက်နက်ကိုင် လူတစု အဲ့ဒီ စိုက်ပျိုးရေး သိပ္ပံကျောင်းထဲက ထွက်သွားတာကို မထင်မရှား မြင်လိုက်ရတယ် ၊ အခုပျောက်ဆုံးနေတဲ့ ဝန်ထမ်းတွေ ပါသွား၊မသွားဆိုတာကိုတော့ မသိဘူး ” လို့ ပြောပါတယ်။

အခုလို ပျောက်ဆုံးနေတယ်လို့သာ သတင်းသိရပြီး ၊ အဲ့ဒီ ဝန်ထမ်းတွေကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

#voiceofmyanmar #VOM #ရွှေဘို #စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး #ဝန်ထမ်းတွေပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW