တောင်ကိုရီးယားရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေကို မြောက်ကိုရီးယားဘက်လွှဲပေးသူနှစ်ဦး ဖမ်းဆီးခံရ

ဆိုးလ်၊ ဧပြီ-၂၉-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားထောက်လှမ်းရေးလို့ ယူဆရတဲ့လူတဦးထံ စစ်ရေးလျှို့ဝှက်အချက်အလက်တွေ လွှဲပြောင်းပေးခဲ့တဲ့ သံသယရှိသူ ၂ဦးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုလုပ်ငန်းတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ စစ်တပ်အရာရှိတစ်ဦးတို့ဟာ တောင်ကိုရီးယား ပူးတွဲစစ်ရေးကွပ်ကဲမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မြောက်ကိုရီးယားဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့နှစ်ဦးဟာ အဲဒီလိုလျှို့ဝှက်အချက်အလက်တွေလွှဲပြောင်းပေးအပ်ခဲ့ခြင်းအတွက် ငွေအမြောက်အများရရှိခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀-၁၉၅၃ ခုနှစ်အတွင်း စစ်ပွဲဖြစ်ပြီးနောက်ပိုင်း ဆက်ဆံရေးတင်းမာနေကြဆဲဖြစ်ပါတယ်။ လက်ရှိဖြစ်စဉ်မှာ မြောက်ကိုရီးယားထောက်လှမ်းရေးတစ်ဦးရဲ့ ညွှန်ကြားမှုအရ တာ၀န်ထမ်းဆောင်နေဆဲ စစ်တပ်အရာရှိတစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ ပူးပေါင်းပြီး စစ်ရေးလျှို့ဝှက်ချက်တွေကို သူလျှိုလုပ်ပေးပို့မှုကို ပထမဆုံး တွေ့ရှိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့နှစ်ဦးကို ယခုလအစောပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား ထောက်လှမ်းရေးရဲ့ တည်နေရာနဲ့ မည်သူမည်ဝါဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ ရောက်မလာတဲ့ ကုမ္ပဏီ ၁၇၇ ခုကို မှတ်ပုံတင်သိမ်း

ဧပြီ ၂၉-၂၀၂၂ GG(VOM) သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ ဝင်ရောက်လာခြင်းမရှိခဲ့တဲ့အထဲက ကုမ္ပဏီ ၁၇၇ ခုကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းပြီး အရေးယူထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အရေးယူခဲ့တာတွေကတော့ ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီ ၁၂ ခု၊ ၂၀၁၇ ခုနှစ်မှာ ကမ္ပဏီ ၇၂ ခု၊ ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီ ၉၃ ခု ဖြစ်ပြီး အဲ့ဒီကုမ္ပဏီတွေဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းနဲ့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရ ပို့ကုန်ရငွေ နိုင်ငံခြားသုံးငွေ မပျက်မကွက် ထည့်သွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် အခုလိုအရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အရင်က ပို့ကုန်ရငွေတွေကို ၃ လအတွင်းပြန်ရောက်မရောက်စိစစ်မယ်ဆိုပြီး စာထုတ်တယ်။နောက် ပို့ကုန်ရငွေကို တလအတွင်းသုံးရမယ် မကုန်ရင် ဘဏ်ကိုရောင်းရမယ်လို့ပြောထားတာလည်းရှိတယ်၊ အခုသတ်မှတ်ကာလ ပိုကုန့်ရငွေမဝင်တဲ့ကုမ္ပဏီတွေကို…

Read More

ပုဂံဘုရားခိုးသူတွေ ဖမ်းမိပြီး ရုပ်တုတွေ ပြန်လည်ရရှိ

ဧပြီ ၂၉-၂၀၂၂ VOM (GG) ကမ္ဘာအမွေအနှစ်စာရင်းဝင် ပုဂံဒေသက ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ ဘုရားတွေဆီကနေ ဖြုတ်ယူအခိုးခံလိုက်ရတဲ့ ရုပ်တုတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်ရရှိခဲ့သလို ခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဌာနခွဲကနေ သိရပါတယ်။ ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု ၄ ခု ၊ဘုရားအမှတ် – ၇၁၆ မှခြင်္သေ့ရုပ်တု ၄ခု ၊ ဗုံတီးဟန်ရုပ်တု ၂ ခု (ဦးခေါင်းနဲ့အပိုင်းအစအချို့ ပဲ့)၊ပလ္လင်ထမ်းဟန် ရုပ်တု ၁ ခု၊ကချေသည်ရုပ်တု ၁ ခု၊ အုတ်ခွက်စာပါအုတ် ၁၉ ချပ် ၊၂ ပေပတ်လည် ကျောက်ပြားမှာ သမင်ရုပ်ပုံပါ ၁ ချပ်ကို ရရှိခဲ့တယ်လို့သိရပါတယ်။ ရှေးဟောင်းပစ္စည်းတွေနဲ့အတူ ပစ္စည်းဖြုတ်ယူခိုးသူ၊လက်ခံသူ ၊ရောင်းဝယ်တဲ့ ၆ ယောက်ကို ဖမ်းဆီးရမိထားပြီး…

Read More

စစ်ကိုင်းတိုင်းမှာ မီးလောင်မှု ၅၁ ကြိမ်ဖြစ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူ ၅ ထောင်နီးပါးရှိ

ဧပြီ ၊ ၂၉-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလကစလို့ ဧပြီလအထိ ၄ လတာ ကာလအတွင်း ပဋိပက္ခ ဖြစ်စဥ်တွေကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် မီးလောင်ကာ အိုးမဲ့အိမ်မဲ့ မီးဘေးသင့်ပြည်သူ ထောင်နဲ့ချီပြီးရှိတယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပဋိပက္ခဖြစ်စဥ်ကြောင့် ရွာမီးလောင်ရတဲ့ အကြိမ် အရေအတွက် ၅၁ ကြိမ်ရှိတယ် ၊ မီးဘေးသင့်ဒုက္ခသည် အိမ်ထောင်စု ၇၅၅ စု နဲ့ မီးဘေးသင့် အိုးအိမ်မဲ့ ပြည်သူ ၄၆၁၇ ဦးရှိတယ် ” လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ကိန်းဂဏန်း အရေအတွက်တွေဟာ စစ်ကိုင်းတိုင်းထဲက ခရိုင် ၁၁ ခုအနက် ကသာ ၊ ကောလင်း ၊ ရွှေဘို…

Read More

ကဝမြို့နယ် အငြိမ်းစားရဲမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

ဧပြီ ၂၈-၂၀၂၂ KK(VOM) ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက အငြိမ်းစာရဲမှူးတဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကဝမြို့နယ်၊ အမှတ် ၃ရပ်ကွက်၊ ပဲခူးလမ်းပေါ်ရှိ မင်းကြိုက်လက်ဘက်ရည်ဆိုင်မှာ ဒီကနေ့ မနက်၅ နာရီခွဲက လ္ဘက်ရည်ထိုင်သောက်နေတဲ့ အငြိမ်းစားရဲမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။ “လ္ဘက်ရည်သောက်နေတဲ့အချိန် သေနတ်နဲ့လာပစ်တာသွားတာ၊ ကျည်ထိမှန် ဒဏ်ရာငါးချက်နဲ့သေဆုံးသွားတာပါ”လို့ ပြောပါတယ်။ မင်းကြီးကြိုက်လ္ဘက်ရည်ဆိုင်ကို ဆိုင်ကယ်တစ်စီးနဲ့ လူ၂ဦးရောက်လာပြီး ရဲမှူးဟောင်းဦးဝင်းနိုင်ကို အနီးကပ်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောပါတယ်။ သေဆုံးသူဟာ ကဝမြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းနိူင် (အငြိမ်းစား)ဖြစ်ပြီး နောက်စေ့ကျည်ထိဒဏ်ရာနှစ်ချက်၊ငယ်ထိပ်ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ဇက်ပိုးဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ အခင်းဖြစ်နေရာမှာသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကဝမြို့နယ်ရဲမှူးဝင်းနိူင်(ငြိမ်း)ကို ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Bago Region PDF က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာသတင်းထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ ကဝမြို့နယ် အမှတ်…

Read More

အမေရိကန် ဒုသမ္မတ ကမလာဟားရစ် ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်ထုတ်ပြန်

ဝါရှင်တန်၊ ဧပြီ-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးမီက ခရီးသွားလာမှုအချိန်ဇယားကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ဒုတိယသမ္မတဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိကြောင်း ကမလာဟားရစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ဧပြီ ၂၅ ရက်ထိတိုင်အောင် ဝါရှင်တန်မှ ခရီးထွက်ခွာခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိချိန်ထိ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ တာ၀န်တွေကို သူ့ရဲ့အိမ်ကနေ ဆက်လက်ထမ်းဆောင်သွားဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်ဟာ ယခုနှစ် ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကမလာဟားရစ်ရဲ့ ခင်ပွန်းဖြစ်သူဟာလည်း မတ်လအတွင်းမှာ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အမေရိကန်မှာ လက်ရှိချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၂ သန်းကျော်ရှိနေပြီး သေဆုံးသူ တစ်သန်းကျော်ရှိလာပြီဖြစ်ပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

အိန္ဒိယနိုင်ငံ ပြည်နယ် ၁၅ ခုမှာ ပြင်းထန်သည့်အပူလှိုင်းနဲ့ ရင်ဆိုင်နေရ

  ဒေလီ၊ ဧပြီ-၂၈-၂၀၂၂ မျိုးဆက်(VOM) သန်းပေါင်းများစွာသော အိန္ဒိယပြည်သူတွေဟာ အသက်အန္တရာယ်နဲ့ အသက်မွေး၀မ်းကြောင်းတွေကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။ အပူလှိုင်းတွေဟာ မြောက်ပိုင်းဟိမာချယ်ပရာဒက်ရ်ှပြည်နယ်အပါအ၀င် ပြည်နယ် ၁၅ ခုမှာ ဖြစ်ပွားနေကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ သိပ္ပံနှင့်သဘာ၀ပတ်၀န်းကျင်စင်တာက ထုတ်ပြန်ထားပါတယ်။ နိုင်ငံတွင်းမှာ အပူချိန်တွေဟာ လျှင်မြန်စွာမြင့်တက်နေပြီး ဒီလိုအပူချိန်မြင့်တက်မှုဟာ ပုံမှန်ဖြစ်နေကျထက် လွန်စွာစောလွန်းနေကြောင်း ၀န်ကြီးချုပ် မိုဒီကပြောပါတယ်။ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများစုမှာ ယခုသီတင်းပတ်အတွင်း အပူချိန်ဟာ နှစ်ဒီကရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်ထိ တဖြည်းဖြည်းမြင့်တက်လာလိမ့်မယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံမှယ အပူလှိုင်းတွေဟာ အထူးသဖြင့် မေလနဲ့ ဇွန်လတို့မှာ ဖြစ်ပွားလေ့ရှိပေမယ့် ယခုနှစ်မှာတော့ မတ်လမှစပြီး အပူချိန်မြင့်မားခဲ့ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဒေလီ

Read More

လူမှုရေးဝန်ကြီးဟောင်းဦးနိူင်ငံလင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ဧပြီ ၂၈-၂၀၂၂ KK(VOM) လူမှုရေးဝန်ကြီးဟောင်းဦးနိူင်ငံလင်းကို ဒီကနေ့မနက်ပိုင်းက အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေ ဒီကနေ့ မနက် ၁၁ နာရီက အဂတိအမှု ၅ မှုအတွက် တစ်မှုကို သုံးနှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ “သူဘက်က ရှေ့နေကတော့ အယူခံဆက်တက်မယ်လို့ကြားတယ်၊ လျှော့ရက် ရမရ ဆိုတာကိုတော့ မသိ ဘူး”လို့ ပြောပါတယ်။ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဇွန် ၂၃ ရက် ညပိုင်းက နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းအစီအစဉ်မှာ ထည့်သွင်းကြေညာခဲ့ပါတယ်။ ဦးနိူင်ငံလင်းကို ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဥ်းထောင်မှာထိန်းသိမ်းထားတာဖြစ်ပါတယ်။ လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဒေါ်နီလာကျော်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က အင်းစိန်အကျဥ်းထောင်…

Read More

ပြည်မြို့ ညစျေးတန်းအဟောင်းက ဆိုင်ခန်းတွေကို အင်အားသုံးပြီး ဖြိုဖျက်

ဧပြီ ၂၈-၂၀၂၂ GG (VOM) ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးက အရင် ညဈေးတန်းအဟောင်းဆိုင်ခန်းတွေကို ဒီနေ့ဧပြီလ ၂၈ ရက်နေ့မနက်ပိုင်းမှာ မြို့နယ်တာဝန်ရှိသူတွေက စစ်သား၊ ရဲ အင်အားသုံးပြီး ဘူဒိုဇာနဲ့ဖြိုဖျက်တာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ရဲ၊ စစ်တပ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ လုံခြုံရေးယူပြီးဆိုင်ခန်းတွေကို ကားနဲ့ဖျက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ” မနက် ၆ နာရီလောက်ထဲကရောက်လာပြီး ဖျက်နေကြတာ။အန်တီိတို့ ဒီညစျေးတန်းဆိုတာ နှစ်ပေါင်းကြာနေပါပြီ။ညစျေးတန်းအသစ်ဖွင့်ရင်တော်ပြီပေါ့။ဆိုင်ခန်းတွေကို အခုလို ကားနဲ့လာထိုးဖျက်တော့ အန်တီတို့အတွက်အကြိမ်ကြိမ်နစ်နာမှုပါ။အကုန်ပျက်စီးကုန်ပါပြီ ” လို့ စျေးဆိုင်ခန်း ဖြိုဖျက်ခံရသူတဦးကပြောပါတယ်။ ဆိုင်ခန်းတွေကို ကားနဲ့ဖြို့ဖျက်စဉ် မတော်တဆထိခိုက်မှုဖြစ်ပြီး ဖြိုဖျက်သူတွေဘက်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရသူ၊လက်ချောင်းတွေပြတ်ထွက်တာတွေရှိလို့ ဆေးရုံမှာ ကုသမှုခံယူနေရတာတွေရှိတယ်လို့ သိရပါတယ်။ ဒိကနေ့ အဖျက်ခံနေရတဲ့ ဆိုင်ခန်းတွေဟာ အရင် NLD အစိုးရလက်ထက်တုန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်ဆိုင်တယ်ဆိုပြီး အစိုးရအိမ်ဥပစာနဲ့ ဖယ်ရှားပေးဖို့ သတိပေးစာထုတ်ခံခဲ့ရပေမယ့် ဒေသခံတွေကဖယ်ရှားမပေးဘူးဆိုကာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြည်မြို့မှာ…

Read More

လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲမှုစိစစ်ရေး ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂအတည်ပြု

နယူးယောက်၊ ဧပြီ-၂၈-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲရာမှာ ခိုင်လုံတဲ့အကြောင်းပြချက်ပေးဖို့ အမြဲတမ်းအဖွဲ့၀င် ငါးနိုင်ငံကို တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် ပူးတွဲရေးသားတဲ့ နိုင်ငံပေါင်း ၈၀ ကိုယ်စား လက်ချင်စတိန်းနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပြီး မူကြမ်းမှာတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င် ငါးနိုင်ငံရဲ့ ဗီတိုအာဏာအသုံးပြုခွင့်ကို ပိတ်ပင်တာ၊ တားမြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီနိုင်ငံတွေထဲက တနိုင်ငံက ဗီတိုအာဏာအသုံးပြုခဲ့မယ်ဆိုရင် ဗီတိုအာဏာအသုံးပြုမှုနဲ့ပတ်သက်ပြီး အကြောင်းပြချက်ကို ၁၀ ရက်အတွင် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးခေါ်ပြီး တောင်းခံနိုင်မှာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အဲဒီကိစ္စအပေါ် ပြစ်တင်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလုံခြံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာအသုံးပြုပယ်ချခဲ့ပြီးနောက် ဗီတိုအာဏာ သုံးစွဲခွင့်ကို စိစစ်မယ့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့၀င်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊…

Read More
VOM News

FREE
VIEW