အိန္ဒိယနိုင်ငံ ပြည်နယ် ၁၅ ခုမှာ ပြင်းထန်သည့်အပူလှိုင်းနဲ့ ရင်ဆိုင်နေရ

 

ဒေလီ၊ ဧပြီ-၂၈-၂၀၂၂
မျိုးဆက်(VOM)

သန်းပေါင်းများစွာသော အိန္ဒိယပြည်သူတွေဟာ အသက်အန္တရာယ်နဲ့ အသက်မွေး၀မ်းကြောင်းတွေကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။

အပူလှိုင်းတွေဟာ မြောက်ပိုင်းဟိမာချယ်ပရာဒက်ရ်ှပြည်နယ်အပါအ၀င် ပြည်နယ် ၁၅ ခုမှာ ဖြစ်ပွားနေကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ သိပ္ပံနှင့်သဘာ၀ပတ်၀န်းကျင်စင်တာက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတွင်းမှာ အပူချိန်တွေဟာ လျှင်မြန်စွာမြင့်တက်နေပြီး ဒီလိုအပူချိန်မြင့်တက်မှုဟာ ပုံမှန်ဖြစ်နေကျထက် လွန်စွာစောလွန်းနေကြောင်း ၀န်ကြီးချုပ် မိုဒီကပြောပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများစုမှာ ယခုသီတင်းပတ်အတွင်း အပူချိန်ဟာ နှစ်ဒီကရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်ထိ တဖြည်းဖြည်းမြင့်တက်လာလိမ့်မယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံမှယ အပူလှိုင်းတွေဟာ အထူးသဖြင့် မေလနဲ့ ဇွန်လတို့မှာ ဖြစ်ပွားလေ့ရှိပေမယ့် ယခုနှစ်မှာတော့ မတ်လမှစပြီး အပူချိန်မြင့်မားခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW