လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲမှုစိစစ်ရေး ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂအတည်ပြု

နယူးယောက်၊ ဧပြီ-၂၈-၂၀၂၂
မျိုးဆက်(VOM)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲရာမှာ ခိုင်လုံတဲ့အကြောင်းပြချက်ပေးဖို့ အမြဲတမ်းအဖွဲ့၀င် ငါးနိုင်ငံကို တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် ပူးတွဲရေးသားတဲ့ နိုင်ငံပေါင်း ၈၀ ကိုယ်စား လက်ချင်စတိန်းနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပြီး မူကြမ်းမှာတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င် ငါးနိုင်ငံရဲ့ ဗီတိုအာဏာအသုံးပြုခွင့်ကို ပိတ်ပင်တာ၊ တားမြစ်တာမျိုးမရှိပါဘူး။

ဒါပေမယ့်လည်း အဲဒီနိုင်ငံတွေထဲက တနိုင်ငံက ဗီတိုအာဏာအသုံးပြုခဲ့မယ်ဆိုရင် ဗီတိုအာဏာအသုံးပြုမှုနဲ့ပတ်သက်ပြီး အကြောင်းပြချက်ကို ၁၀ ရက်အတွင် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးခေါ်ပြီး တောင်းခံနိုင်မှာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အဲဒီကိစ္စအပေါ် ပြစ်တင်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလုံခြံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာအသုံးပြုပယ်ချခဲ့ပြီးနောက် ဗီတိုအာဏာ သုံးစွဲခွင့်ကို စိစစ်မယ့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့၀င်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားတို့က လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံးပြီး ပယ်ချပိုင်ခွင့်ရှိနေပါတယ်။

Ref: AP
Photo:AP
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW