ကဝမြို့နယ် အငြိမ်းစားရဲမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

ဧပြီ ၂၈-၂၀၂၂
KK(VOM)

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက အငြိမ်းစာရဲမှူးတဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကဝမြို့နယ်၊ အမှတ် ၃ရပ်ကွက်၊ ပဲခူးလမ်းပေါ်ရှိ မင်းကြိုက်လက်ဘက်ရည်ဆိုင်မှာ ဒီကနေ့ မနက်၅ နာရီခွဲက လ္ဘက်ရည်ထိုင်သောက်နေတဲ့ အငြိမ်းစားရဲမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။

“လ္ဘက်ရည်သောက်နေတဲ့အချိန် သေနတ်နဲ့လာပစ်တာသွားတာ၊ ကျည်ထိမှန် ဒဏ်ရာငါးချက်နဲ့သေဆုံးသွားတာပါ”လို့ ပြောပါတယ်။

မင်းကြီးကြိုက်လ္ဘက်ရည်ဆိုင်ကို ဆိုင်ကယ်တစ်စီးနဲ့ လူ၂ဦးရောက်လာပြီး ရဲမှူးဟောင်းဦးဝင်းနိုင်ကို အနီးကပ်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောပါတယ်။

သေဆုံးသူဟာ ကဝမြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းနိူင်
(အငြိမ်းစား)ဖြစ်ပြီး နောက်စေ့ကျည်ထိဒဏ်ရာနှစ်ချက်၊ငယ်ထိပ်ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ဇက်ပိုးဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ အခင်းဖြစ်နေရာမှာသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကဝမြို့နယ်ရဲမှူးဝင်းနိူင်(ငြိမ်း)ကို ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Bago Region PDF က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာသတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ ကဝမြို့နယ် အမှတ် ၃ရပ်ကွက်နဲ့ ပဲခူးလမ်းတလျှောက် ကားတွေ၊ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ကဝ #ရဲမှူးငြိမ်း #သေနတ်နဲ့ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW