တောင်ကိုရီးယားရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေကို မြောက်ကိုရီးယားဘက်လွှဲပေးသူနှစ်ဦး ဖမ်းဆီးခံရ

ဆိုးလ်၊ ဧပြီ-၂၉-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားထောက်လှမ်းရေးလို့ ယူဆရတဲ့လူတဦးထံ စစ်ရေးလျှို့ဝှက်အချက်အလက်တွေ လွှဲပြောင်းပေးခဲ့တဲ့ သံသယရှိသူ ၂ဦးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုလုပ်ငန်းတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ စစ်တပ်အရာရှိတစ်ဦးတို့ဟာ တောင်ကိုရီးယား ပူးတွဲစစ်ရေးကွပ်ကဲမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မြောက်ကိုရီးယားဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

သူတို့နှစ်ဦးဟာ အဲဒီလိုလျှို့ဝှက်အချက်အလက်တွေလွှဲပြောင်းပေးအပ်ခဲ့ခြင်းအတွက် ငွေအမြောက်အများရရှိခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀-၁၉၅၃ ခုနှစ်အတွင်း စစ်ပွဲဖြစ်ပြီးနောက်ပိုင်း ဆက်ဆံရေးတင်းမာနေကြဆဲဖြစ်ပါတယ်။

လက်ရှိဖြစ်စဉ်မှာ မြောက်ကိုရီးယားထောက်လှမ်းရေးတစ်ဦးရဲ့ ညွှန်ကြားမှုအရ တာ၀န်ထမ်းဆောင်နေဆဲ စစ်တပ်အရာရှိတစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ ပူးပေါင်းပြီး စစ်ရေးလျှို့ဝှက်ချက်တွေကို သူလျှိုလုပ်ပေးပို့မှုကို ပထမဆုံး တွေ့ရှိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

သူတို့နှစ်ဦးကို ယခုလအစောပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား ထောက်လှမ်းရေးရဲ့ တည်နေရာနဲ့ မည်သူမည်ဝါဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW