ယူကရိန်းကို ကူညီဖို့ ဒေါ်လာ ၃၃ ဘီလီယံ ကွန်ဂရက်ထံ အမေရိကန်သမ္မတ တောင်းခံ

ဝါရှင်တန်၊ ဧပြီ-၂၉-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့အတွက် ဒေါ်လာ ၃၃ ဘီလီယံကို ကွန်ဂရက်ထံတောင်းခံလိုက်ပါတယ်။

ယူကရိန်းအတွက် ရုရှားကို ခုခံကာကွယ်မှုတွေပြုလုပ်ရာမှာ အထောက်အကူဖြစ်စေမယ့် အဲဒီသဘောတူညီချက်ကို အမေရိကန်လွှတ်တော်အမတ်တွေ အတည်ပြုဖို့ အရေးကြီးတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

သမ္မတအဆိုပြုထားတဲ့ ဒေါ်လာ ၃၃ ဘီလီယံထဲမှာ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ ၂၀ ဘီလီယံ၊ စီးပွားရေးအကူအညီ ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံနဲ့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သုံးဘီလီယံတို့ ပါ၀င်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းအတွက် အကူအညီတွေပေးမယ်လို့ ကြေညာခဲ့ပြီး လက်ရှိချိန်ထိပေးအပ်တဲ့အကူအညီတွေဟာ သိသိသာသာမြင့်တက်နေပါတယ်။

အမေရိကန်အနေနဲ့ ရုရှားကိုတိုက်ခိုက်နေတာမဟုတ်ဘဲ ရုရှားရဲ့ ရန်စမှုတွေကို ခုခံကာကွယ်ဖို့အတွက် ယူကရိန်းကို ကူညီပေးနေတာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW