အာဇာနည် ဦးရာဇတ်ရဲ့သားကြီး ဦးတင်မြင့် ကွယ်လွန်

ဇူလိုင် ၂၁၊၂၀၂၂
KK(VOM)

မြန်မာနိူင်ငံကို လွတ်လပ်ရေးရရှိအောင် ကြိုပမ်းခဲ့တဲ့ အာဇာနည်ကိုးဦးစာရင်းဝင် ဦးရာဇာတ်ရဲ့သားကြီးဖြစ်သူ ဦးတင်မြင့်ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝီတိုရီယဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

“ဒီကနေ့ မနက် ၆နာရီ လေးဆယ်မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ၊ ဒီနေ့ နေ့လယ် တနာရီခွဲအချိန် မွတ်ဆလင်သုသာန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဦးတင်မြင့်ဟာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယကတဦးဖြစ်သလို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ကမ်းလွန်) ညွှန်ကြားရေးမှူး (ငြိမ်း)တစ်ဦးလည်းဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၈၃နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

Photo – Original uploader
#voiceofmyanmar #VOM #အာဇာနည်စာရင်းဝင်ဦးရာဇတ်ရဲ့သားကြီး #ဦးတင်မြင့် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW