အိန္ဒိယက မြန်မာ မတ်ပဲ တန် ၂ သိန်းခွဲကို ၅ နှစ်ဆက်တိုက်၀ယ်မယ်၊ ပြည်တွင်းမှာတော့ အရောင်းအဝယ်မရှိဖြစ်နေ

ဇူလိူင် ၂၂-၂၀၂၂ VOM (GG) မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၂ သိန်းခွဲကို အိန္ဒိယအစိုးရက ၅ နှစ်ဆက်တိုက် ဝယ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ မတ်ပဲဝယ်ယူမယ့်ကာလဟာ လက်ရှိ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဖြစ်ပြီး အခုဘဏ္ဍာနှစ်ကုန်အထိကိုလည်း မတ်ပဲနဲ့ ပဲစဉ်းငုံကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုထားတယ်လို့သိရသလို ပဲစဉ်းငုံ တန်ချိန် ၁ သိန်းလည်းဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာဖြစ်နေတဲ့ ဒေါ်လာကန့်သတ်ချက် ဂယက်တွေကြောင့် မတ်ပဲစျေး မတည်မငြိမ်ဖြစ်နေသလို အဝယ်သာရှိပြီး ရောင်းလိုအား မရှိဖြစ်နေကြောင်း၊ ကုန်သည်တွေကလည်း အခြေအနေကိုစောင့်ကြည့်နေကြရတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။ “မြေပဲ၊ ပဲမျိုးစုံကို တင်ပို့ရောင်းချတာကို ဒေါ်လာနဲ့လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်အရောင်းအဝယ် နည်းတယ်။တင်ပို့ရင်လည်း ပစ္စည်းဖိုးကို အရင်ချေရမယ်ဆိုတော့ လုပ်ငန်းရှင်တွေ ဒုက္ခရောက်ကြတယ်။ရတဲ့ဒေါ်လာကျ ၁၈၅၀ နဲ့ရောင်းရတယ်။ကိုယ်လိုအပ်တော့ ၂၅၀၀ နဲ့ဝယ်ရတယ်၊အဆင်မပြေဘူး။ နောက်ဆုံး အကုန်ထိမှာ၊ ကျနော်တို့ ကတော့ ကိုယ်…

Read More

DICAမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့နိုင်ငံခြားဘဏ်စာရင်းထဲကဒေါ်လာကို မြန်မာငွေနဲ့လဲရမယ်

ဇူလိူင် ၂၁-၂၀၂၂ VOM (GG) DICA ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့နိုင်ငံခြားဘဏ်စာရင်းထဲမှာရှိတဲ့ ဒေါ်လာငွေကို မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်လာအားလုံးကို မြန်မာငွေလဲလှယ်ခြင်းကို ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး လုပ်ဆောင်ဖို့ ဘဏ်တွေကိုအကြောင်းကြားစာပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေကို မြန်မာကျပ်နဲ့လဲလှယ်တဲ့အခါ ဗဟိုဘဏ်သတ်မှတ်စျေး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ပြင်ပမှာတော့ တဒေါ်လာကို ၂၅၀၀ ကျပ်အထိ ဖြစ်နေပါတယ်။ ” DICA မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်းက ၅၀၀၀၀ ကျော်လောက်ရှိတယ်၊ ပြည်ပရော ပြည်တွင်း ရောပေါ့”လို့ DICAမှ တာဝန်ရှိသူတဦးကပြောပါတယ်။ ဗဟိုဘဏ်ဟာ ဇူလိူင်လ ၁၅ ရက်နေ့က နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက နိုင်ငံခြားငွေကိုသာ…

Read More

အာဇာနည် ဦးရာဇတ်ရဲ့သားကြီး ဦးတင်မြင့် ကွယ်လွန်

ဇူလိုင် ၂၁၊၂၀၂၂ KK(VOM) မြန်မာနိူင်ငံကို လွတ်လပ်ရေးရရှိအောင် ကြိုပမ်းခဲ့တဲ့ အာဇာနည်ကိုးဦးစာရင်းဝင် ဦးရာဇာတ်ရဲ့သားကြီးဖြစ်သူ ဦးတင်မြင့်ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝီတိုရီယဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ “ဒီကနေ့ မနက် ၆နာရီ လေးဆယ်မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ၊ ဒီနေ့ နေ့လယ် တနာရီခွဲအချိန် မွတ်ဆလင်သုသာန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ ဦးတင်မြင့်ဟာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယကတဦးဖြစ်သလို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ကမ်းလွန်) ညွှန်ကြားရေးမှူး (ငြိမ်း)တစ်ဦးလည်းဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၈၃နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ Photo – Original uploader #voiceofmyanmar #VOM #အာဇာနည်စာရင်းဝင်ဦးရာဇတ်ရဲ့သားကြီး #ဦးတင်မြင့် #ကွယ်လွန်

Read More

မြန်မာနိုင်ငံမှာ ဒေါ်လာပြတ်လပ်မှုနဲ့ ငွေပေးခြေမှု စိုးရိမ်စရာဖြစ် ၊ ကုန်စျေးနှုန်းဆက်လက်မြင့်တက်နိုင်ပြီး စီးပွားရေးအလားအလာ နိမ့်ပါးနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဝါရှင်တန်၊ ဇူလိုင်-၂၁-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ ဒေါ်လာရှားပါးမှုနဲ့ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခတွေဖြစ်ပွားမှုဟာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့ရတဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် မြန်မာ့စီးပွားရေး အလားအလာဟာ နိမ့်ပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာလကုန်ထိ ဘဏ္ဍာရေးနှစ်အတွက် ဂျီဒီပီတိုးတက်မှုနှုန်းဟာ ယခင်မျှော်မှန်းထားတာထက် ကောင်းမွန်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ်ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်းလျော့နည်းမယ်လို့ အာရှဒေသအတွက် ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၁ ရက်မနက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ ပြောပါတယ်။ လောင်စာဆီအပါအ၀င် တင်သွင်းလာတဲ့ကုန်ပစ္စည်းအများအပြား ရရှိနိုင်မှုကို ကန့်သတ်ထားပြီး အမေရိကန်ဒေါ်လာပြတ်လပ်မှုနဲ့အတူ ငွေပေးချေမှုအခြေအနေတွေဟာ အလွန်စိုးရိမ်စရာဖြစ်ပြီး ကုန်စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကပြောပါတယ်။ နိုင်ငံရဲ့နေရာအတော်များများမှာ ပြင်းထန်နေတဲ့ပဋိပက္ခတွေက စီးပွားရေးတိုးတက်မှုတွေကို ဆက်လက်အဟန့်အတားဖြစ်စေတာကြောင့် မကြာမီကာလတွေအတွင်း ကပ်ရောဂါမတိုင်ခင်အချိန်ကလိုမျိုး စီးပွားရေးအခြေအနေပြန်ဖြစ်ဖို့ မလွယ်ဘူးလို့…

Read More

ဂျပန်မှာ ကိုဗစ်သတ္တမလှိုင်း စတင်ဖြစ်ပွား ၊ နေ့စဉ်ကူးစက်မှု တစ်သိန်းခွဲကျော်ထိ စံချိန်တင်နေ

တိုကျို၊ ဇူလိုင်-၂၁-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင်မြင့်တက်နေပြီး ဇူလိုင် ၂၀ ရက်မှာ ကူးစက်မှု တစ်သိန်းခွဲကျော်ထိ ရှိနေပါတယ်။ နိုင်ငံတွင်းရှိ စီရင်စု ၄၇ ခုအနက် စီရင်စု ၃၀ မှာကူးစက်မှုစံချိန်တင်နေပြီး ကူးစက်မှု သတ္တမလှိုင်းဟာ လျှင်မြန်စွာဖြစ်ပွားနေပါတယ်။ တိုကျိုမှာလည်း ရောဂါကူးစက်မှုသစ် နှစ်သောင်းကျော်ရှိနေပြီး ဒါဟာ ဖေဖော်ဝါရီနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။ ဖျားနာတဲ့ကလေးငယ်အရေအတွက်လည်း တိုးပွားလာနေပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်နှက်နေကြောင်း ဆရာ၀န်တွေကပြောပါတယ်။ လက်ရှိကူးစက်မှုလှိုင်းဟာ ဘယ်အချိန်မှာ အထွတ်အထိပ်ရောက်မယ်ဆိုတာကို မသိရှိနိုင်သေးကြောင်း၊ ကူးစက်မှုတွေဟာ ယခင်လှိုင်းတွေထက် နှစ်ဆမြင့်တက်နိုင်ကြောင်း အစိုးရအကြံပေးအဖွဲ့အကြီးအကဲ အိုမီရှီဂီရူက သတိပေးပြောဆိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိချိန်ထိ တာ၀န်ရှိသူတွေက ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေပြန်လည်ချမှတ်ဖို့ လုပ်ဆောင်နေခြင်းမရှိသေးပါဘူး။ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေနဲ့ ကူးစက်နိုင်ခြေမြင့်မားသူတွေကို စတုတ္ထမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့ တွန်းအားပေးနေပါတယ်။ Ref: Getty Images Photo: Reuters…

Read More

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ သေဆုံးခဲ့တယ်လို့ အမေရိကန်စီအိုင်အေပြော

ဝါရှင်တန်၊ ဇူလိုင်-၂၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ သေဆုံးပြီး ၄၅၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားသမ္မတပူတင်က အမိန့်ပေးလိုက်ပြီးနောက် ငါးလနီးပါးအကြာမှာ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းဒွန်ဘတ်စ်ဒေသကို ဖြတ်ကျော်၀င်ရောက်ကာ ယူကရိန်းရဲ့ ငါးပုံတပုံကို သိမ်းပိုက်ထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ နောက်ဆုံးခန့်မှန်းချက်ကတော့ ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ ကျော်လောက် သေဆုံးပြီး ဒဏ်ရာရသူ သုံးဆလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒါဟာ သိသိသာသာ ဆုံးရှုံးမှုတဖြစ်တယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူးကပြောပါတယ်။ ဒီလိုအခြေအနေရှိပေမယ့်လည်း ရုရှားရဲ့ စစ်ရေးရည်မှန်းချက်ဟာ ဒွန်ဘတ်စ်ဒေသထက်ကျော်လွန်ပြီး စစ်ပွဲရည်မှန်းချက်တွေကို ချဲ့ထွင်ထားကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီအတောအတွင်း ရုရှားတပ်တွေကို ခုခံကာကွယ်ဖို့ ယူကရိန်းအတွက် အစွမ်းထက် HIMARS ဒုံးကျည်စနစ်တွေကို ထပ်မံပေးအပ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ကြေညာလိုက်ပါတယ်။…

Read More

ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကြားက ရွာတွေမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၀ နီးပါးတွေ့ရှိ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကြားက ၊ သာဝတ္ထိကျေးရွာနဲ့ ကျီစုကျေးရွာတွေမှာ မနေ့ ဇူလိုင် ၂၀ ရက်က မီးရှို့သတ်ခံထားရတဲ့ လူသေရုပ်အလောင်း ၂၀ နီးပါးတွေ့ခဲ့ရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။ ” မီးထဲရောက်ပြီးမှ သေတာလား ၊ သေပြီးမှ မီးထဲရောက်တာလားတော့ မသိဘူး ၊ အလောင်းတွေက မီးကြွင်းနေပြီ ၊ ရုပ်မပီတော့ဘူး ၊ တချို့ အလောင်းတွေဆို လက်နောက်ပြန်ကြိုးတုပ်ရဲ့ တန်းလန်းနဲ့တွေ့ရတာ ” လို့ ကျီစုရွာခံ တယောက်က ပြောပါတယ်။ ခင်ဦးမြို့နယ် သာဝတ္ထိရွာခံတယောက်ကလည်း ” ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကလူတွေ အကုန်ပြေးကြတယ် ၊ မနေ့ကတော့ ပြေးတဲ့သူ တချို့တဝက် ရွာပြန်ကြတဲ့အခါ ရွာထဲမှာ အလောင်း…

Read More

ငွေကြေး ကွာဟမှု မြင့်တက်လာတာကြောင့် ကုန်သည်တွေ အခက်အခဲဖြစ်နေ

ဇူလိုင် ၂၁၊ ၂၀၂၂ Shy V(VOM) မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေး ကွာဟမှု မြင့်တက်လာတာကြောင့် ကုန်သည်တွေ အခက်အခဲဖြစ်နေကြရ​တယ်လို့ သိရပါတယ်။ “ငွေကြေးကွာဟမှုက တဖြည်းဖြည်း ကြီးသထက်ကြီးလာတော့ ဘာမှလုပ်မရဘူး ဖြစ်နေတယ်။” လို့ မူဆယ်နယ်စပ်က Export ကုန်သည် ၁ ဦးက ပြောပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက ၁ ဒေါ်လာကို ၁၈၅၀ ကျပ်သာရှိနေ‌ပေမယ့် ဇူလိုင်လ ၂၀ ရက်မှာ ပြင်ပငွေလဲနှုန်းက ၁ ဒေါ်လာကို ၂၄၅၀ ကျပ်ဝန်းကျင်ထိ ပေါက်ဈေး ရှိလာတာကြောင့် ၁ ‌ဒေါ်လာ မှာ ၆၀၀ ကျပ်ခန့်ထိ ကွာဟလာခဲ့ပါတယ်။ ဒေါ်လာရောင်းရတဲ့စျေးနဲ့ ဝယ်ရတဲ့စျေးက တနေ့ထက်တနေ့ ကွာခြားမှုကြီးလာလို့ ကုန်သည်တွေအရောင်းအဝယ်လုပ်ရတာ ရောင်းပြီးတာနဲ့ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ”…

Read More

မတ္တရာမြို့နယ် သမဝါယမ ဦးစီးမှူး ရုံးထိုင်နေချိန် ပစ်သတ်ခံရ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၂ SP( VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့ ၊ မြို့နယ်သမဝါယမဦးစီးဌာနရုံးထဲမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး မြို့နယ်ဦးစီးအရာရှိ တဦး သေဆုံးသွားတယ်လို့ မတ္တရာ သမဝါယမအသင်းသားတွေဆီက သိရပါတယ်။ ” မြို့နယ် ဦးစီးမှူး ဦးသောင်းကြိုင် ရုံးစထိုင်တဲ့အချိန် ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ လူ ၂ ယောက်က ဦးစီးမှူး ရုံးခန်းထဲကို ဝင်လာပြီး ဦးစီးမှူးရဲ့ ခေါင်းကို သေနတ်နဲ့ ၁ ချက်ပစ်တယ် ” လို့ မတ္တရာ သမဝါယမ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်တာနဲ့ ပတ်သက်ပြီး မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” ရုံးတက်နေတဲ့ သမ ဦးစီးမှူး ဦးသောင်းကြိုင် ပစ်ခံရတာပါ…

Read More

ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာက သက်တော် ၉၃ ရှိ ဆရာတော်နဲ့ ကပ္ပိယဖြစ်သူ အသတ်ခံရ

ဇူလိုင် ၂၁၊၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ဒေးဒရဲမြို့နယ်၊အင်းဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သက်တော် ၉၃ အရွယ် ကျောင်းထိုင်ဆရာတော် နဲ့ ကပ္ပိယဖြစ်သူတို့ မနေ့ ဇူလိုင် ၂၀ ရက် မနက်စောပိုင်းက ဓားနဲ့ထိုးခုတ်အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရတဲ့ကျောင်းထိုင်ဆရာတော်ဟာ သက်တော် (၉၃)နှစ်၊ဝါတော် (၇၂)ဝါ၊ဘဒ္ဒန္တအိန္ဒြိယဖြစ်ပြီး ဦးခေါင်း ငယ်ထိပ် ပြတ်ရှဒဏ်ရာ (၂)ချက်၊ဝဲပါး ပြတ်ရှဒဏ်ရာ (၁)ချက်နဲ့ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယဖြစ်သူ အသက် (၆၂)နှစ်အရွယ် ဦးမောင်စောဟာ ယာမေးစေ့ပြတ်ရှဒဏ်ရာ(၁)ချက်နဲ့သေဆုံးခဲ့ရကြောင်း ဆရာတော်နဲ့ ကပ္ပိယကို ကျောင်းတိုက်အတွင်းကို လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “အသတ်ခံရတဲ့ ကျောင်းထိုင်ဆရာတော်က သက်တော်ရှည် ဆရာတော်ကြီးပါ၊ သက်တော် ၉၃ နှစ်တောင်ရှိပါပြီ၊ကိုယ့်ဆရာတော်အသတ်ခံရတာ ယူကျုံးမရဖြစ်ရတယ်၊စိတ်မကောင်းလည်းဖြစ်ရတယ်၊ကပ္ပိယကြီးကလည်း ဓါးဒဏ်ရာ ၁ ချက်နဲ့သေဆုံးခဲ့ရတာ၊ စိတ်ထဲ တော်တော်လေးကို မကောင်းဖြစ်ရတယ်၊သတ်သွားတဲ့သူတွေက လူစိတ်မရှိတဲ့သူတွေဖြစ်ပုံရတယ်၊ မြန်မာနိုင်ငံမှာလောကပါလတရားတွေ ပျောက်ကွယ်လာပြီး ဘယ်သူမှ သတ်ဖို့ဝန်မလေးတော့ဘူး”လို့ ဒေသခံတဦး ကပြောပါတယ်။…

Read More
VOM News

FREE
VIEW