ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ သေဆုံးခဲ့တယ်လို့ အမေရိကန်စီအိုင်အေပြော

ဝါရှင်တန်၊ ဇူလိုင်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ သေဆုံးပြီး ၄၅၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားသမ္မတပူတင်က အမိန့်ပေးလိုက်ပြီးနောက် ငါးလနီးပါးအကြာမှာ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းဒွန်ဘတ်စ်ဒေသကို ဖြတ်ကျော်၀င်ရောက်ကာ ယူကရိန်းရဲ့ ငါးပုံတပုံကို သိမ်းပိုက်ထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ နောက်ဆုံးခန့်မှန်းချက်ကတော့ ရုရှားတပ်ဖွဲ့၀င် ၁၅၀၀၀ ကျော်လောက် သေဆုံးပြီး ဒဏ်ရာရသူ သုံးဆလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒါဟာ သိသိသာသာ ဆုံးရှုံးမှုတဖြစ်တယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူးကပြောပါတယ်။

ဒီလိုအခြေအနေရှိပေမယ့်လည်း ရုရှားရဲ့ စစ်ရေးရည်မှန်းချက်ဟာ ဒွန်ဘတ်စ်ဒေသထက်ကျော်လွန်ပြီး စစ်ပွဲရည်မှန်းချက်တွေကို ချဲ့ထွင်ထားကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂေးလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ရုရှားတပ်တွေကို ခုခံကာကွယ်ဖို့ ယူကရိန်းအတွက် အစွမ်းထက် HIMARS ဒုံးကျည်စနစ်တွေကို ထပ်မံပေးအပ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ကြေညာလိုက်ပါတယ်။

Ref: Reuters
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW