ဂျပန်မှာ ကိုဗစ်သတ္တမလှိုင်း စတင်ဖြစ်ပွား ၊ နေ့စဉ်ကူးစက်မှု တစ်သိန်းခွဲကျော်ထိ စံချိန်တင်နေ

တိုကျို၊ ဇူလိုင်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင်မြင့်တက်နေပြီး ဇူလိုင် ၂၀ ရက်မှာ ကူးစက်မှု တစ်သိန်းခွဲကျော်ထိ ရှိနေပါတယ်။

နိုင်ငံတွင်းရှိ စီရင်စု ၄၇ ခုအနက် စီရင်စု ၃၀ မှာကူးစက်မှုစံချိန်တင်နေပြီး ကူးစက်မှု သတ္တမလှိုင်းဟာ လျှင်မြန်စွာဖြစ်ပွားနေပါတယ်။

တိုကျိုမှာလည်း ရောဂါကူးစက်မှုသစ် နှစ်သောင်းကျော်ရှိနေပြီး ဒါဟာ ဖေဖော်ဝါရီနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။

ဖျားနာတဲ့ကလေးငယ်အရေအတွက်လည်း တိုးပွားလာနေပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်နှက်နေကြောင်း ဆရာ၀န်တွေကပြောပါတယ်။

လက်ရှိကူးစက်မှုလှိုင်းဟာ ဘယ်အချိန်မှာ အထွတ်အထိပ်ရောက်မယ်ဆိုတာကို မသိရှိနိုင်သေးကြောင်း၊ ကူးစက်မှုတွေဟာ ယခင်လှိုင်းတွေထက် နှစ်ဆမြင့်တက်နိုင်ကြောင်း အစိုးရအကြံပေးအဖွဲ့အကြီးအကဲ အိုမီရှီဂီရူက သတိပေးပြောဆိုပါတယ်။

ဒါပေမယ့်လည်း လက်ရှိချိန်ထိ တာ၀န်ရှိသူတွေက ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေပြန်လည်ချမှတ်ဖို့ လုပ်ဆောင်နေခြင်းမရှိသေးပါဘူး။

ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေနဲ့ ကူးစက်နိုင်ခြေမြင့်မားသူတွေကို စတုတ္ထမြောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့ တွန်းအားပေးနေပါတယ်။

Ref: Getty Images
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW