ပြန်လည်ထူထောင်ရေးထက် စားဖို့တောင်ခက်ခဲနေရတဲ့ မူးကမ်းကြီးရွာက မီးဘေးသင့်ပြည်သူများ

သြဂုတ် ၃၀-၂၀၂၂
Voice Of Myanmar(VOM)

ဒီပဲယင်းမြို့နယ်ထဲက အိမ်ခြေ (၃၀၀၀) ဝန်းကျင်ရှိတဲ့ မူးကမ်းကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈) ရက်နေ့က အိမ်ခြေ (၆၀၀) နီးပါးမီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီမီးရှို့ခံရတဲ့အထဲမှာ ပြီးခဲ့တဲ့ ဇွန်လ (၁၄) ရက်နေ့ကမီးရှို့ခံရပြီး ပြန်လည်ဆောက်လုပ်ထားတဲ့ နေအိမ်တွေလည်း ပါဝင်နေတာကြောင့် နှစ်ကြိမ်တိုင်တိုင် မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

မူးကမ်းရွာက မီးဘေးသင့်အိမ်ထောင်စု (၇၀၀) ဝန်းကျင်၊ လူဦးရေ (၃၀၀၀) ဝန်းကျင်ဟာ စားဝတ်နေရေးအခက်အခဲနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပါလိုအပ်နေကြတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မူးကမ်းကြီးကျေးရွာ #မီးဘေးသင့်ပြည်သူ

Youtube Link – https://youtu.be/PNEOphD3NUo

Related posts

Leave a Comment

VOM News

FREE
VIEW