စစ်လေယာဉ် ၂၄၀ ကျော်ပါ၀င်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မှု အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲလေ့ကျင့်မယ်

ဆိုးလ်၊ အောက်တိုဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုကို ယခုလနှောင်းပိုင်းမှည ကျင်းပသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။

အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်တွေ ပါ၀င်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၃၁ ရက်ကနေ နို၀င်ဘာ ၄ ရက်ထိပြုလုပ်သွားမယ်လို့ တောင်ကိုရီးယားစစ်တပ်တာ၀န်ရှိသူတွေက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ရှိအမေရိကန်လေတပ်အခြေစိုက်စခန်းမှ အက်ဖ်-၃၅ဘီ တိုက်လေယာဉ်တွေနံ့ တောင်ကိုရီးယားလေတပ်မှ အက်ဖ်-၃၅ အေ တိုက်လေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၂၄၀ ကျော်ပါ၀င်မှာဖြစ်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားက နျုကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြီးနောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟက်သတင်းဌာနက ဖော်ပြထားပါတယ်။

တောင်ကိုရီးယားစစ်တပ်ဟာ အောက်တိုဘာ ည ၁၇ ရက်ကလည်း သူ့ရဲ့ပုံမှန်စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW