မုံရွာမှာ လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာကနေ ပစ်ခတ်မှု​ဖြစ်လို့ ၃ ဦးသေဆုံး

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ ဗိုလ်တေဇလမ်းမှာရှိ လက်ဘက်ရည်ဆိုင် တခုမှာ ဒီကနေ့ ၊ ညနေပိုင်းက လူငယ်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ခံရတာကြောင့် လူငယ် ၃ ဦးသေဆုံးသွားတယ်လို့ စက်မှုဇုန်ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီညနေ ၃ နာရီဝန်းကျင်က ဖြစ်တာပါ ၊ မိဘမေတ္တာ လက်ဘက်ရည်ဆိုင်ထဲကို ဆိုင်ကယ် ၄ စီးနဲ့ လူငယ် ၆ ယောက် ရောက်လာတယ် ၊ လက်ဘက်ရည် မှာသောက်ပြီးနောက် သူတို့အချင်းချင်း စကားများရန်ဖြစ်ကြတယ် ၊ သေနတ်အတိုပါလာတဲ့ လူငယ်တယောက်က သေနတ်နဲ့ ထုတ်ပစ်လိုက်တော့ ၊ သူတို့နဲ့ အတူတူလာတဲ့ လူငယ် ၆ ယောက်ထဲက ၃ ယောက်သေသွားတယ်…

Read More

ရုရှားအတွက် ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပိုမိုထောက်ပံ့ပေးသွားမယ်လို့ အီရန်ကတိပြု

တီဟီရန်၊ အောက်တိုဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) အီရန်ဟာ ရုရှားအတွက် ဒရုန်းတွေနဲ့ မြေပြင်ကနေ မြေပြင်ပစ်ဒုံးကျည်တွေ ပိုမိုထောက်ပံ့ပေးသွားမယ်လို့ အီရန်ထိပ်တန်းတာ၀န်ရှိနှစ်ဦးက အောက်တိုဘာ ၁၈ ရက်မှာပြောပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဒုတိယသမ္မတ၊ တော်လှန်ရေးအစောင့်တပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီတို့က ထိပ်တန်းတာ၀န်ရှိသူနှစ်တို့ဟာ မော်စကိုကို သွားရောက်ဆွေးနွေးခဲ့တဲ့ အောက်တိုဘာ ၆ ရက်မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ရုရှားကို အီရန်က အခုလိုက်လက်နက်တွေ ထောက်ပံ့မှုအပေါ် အနောက်နိုင်ငံတွေက အမျက်ဒေါသထွက်နေပါတယ်။ ရုရှားဟာ အီရန်ဒရုန်းတွေနဲ့ ပိုမိုကောင်းမွန်တိကျတဲ့ Fateh နဲ့ Zolfaghar ပဲ့ထိန်းဒုံးကျည်တွေ ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ကြောင်း အီရန်ထိပ်တန်းတာ၀န်ရှိသူတဦးက ပြောပါတယ်။ အဲဒီ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ ပေးအပ်ဖို့ အီရန်နဲ့ ရုရှားတို့အကြား သဘောတူညီမှုရရှိထားတယ်လို့ အနောက်နိုင်ငံတခုမှ ထိပ်တန်းတာ၀န်ရှိသူတဦးကလည်း အတည်ပြုပြောဆိုထားပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေဟာ ၄၃၅ မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး အခုလိုလက်နက်တွေ ရုရှားကို လွှဲပြောင်းပေးအပ်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့…

Read More

မူဆယ် ၁၀၅ မိုင် တုန်ခန်ဂိတ်နားမှာ တပ်က အရာရှိ ၂ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၁၉ -၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ပထမ ရှန်တိန်ကွင်း ပိုးသတ်ဆေးဖြန်းတဲ့နေရာအနီး အထက်တုန်ခန် အဝင်ဂိတ်နားမှာ မ​နေ့ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီခွဲကျော်ခန့်က တပ်မတော် အရာရှိ ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ “ကွန်ဖန်း ပါ။ တပ်ရေးဗိုလ်ရော နှစ်ယောက်လုံး သေတာပါ၊ တဦးက တပ်ရင်းမှူး ဖြစ်ပြီး နောက်တဦးကတော့ တပ်ရင်းမှူးပြီးရင် အကြီးဆုံးဖြစ်တဲ့ ဦး ၊ရေး၊ထောက် ကိုင်သူ တပ်ရေးဗိုလ် ဖြစ်​ပြီး နာမည်တော့ မသိသေးဘူး”လို့ အမည်မဖော်လိုသူ ဒေသခံ ၁ ဦးက ပြောပါတယ်။ စစ်တပ်နဲ့ နီးစပ်သူ ၁ ဦး ကလည်း…

Read More

စစ်လေယာဉ် ၂၄၀ ကျော်ပါ၀င်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မှု အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲလေ့ကျင့်မယ်

ဆိုးလ်၊ အောက်တိုဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုကို ယခုလနှောင်းပိုင်းမှည ကျင်းပသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ပါတယ်။ အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်တွေ ပါ၀င်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၃၁ ရက်ကနေ နို၀င်ဘာ ၄ ရက်ထိပြုလုပ်သွားမယ်လို့ တောင်ကိုရီးယားစစ်တပ်တာ၀န်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ရှိအမေရိကန်လေတပ်အခြေစိုက်စခန်းမှ အက်ဖ်-၃၅ဘီ တိုက်လေယာဉ်တွေနံ့ တောင်ကိုရီးယားလေတပ်မှ အက်ဖ်-၃၅ အေ တိုက်လေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၂၄၀ ကျော်ပါ၀င်မှာဖြစ်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၇ ခုနှစ်မှာ မြောက်ကိုရီးယားက နျုကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြီးနောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟက်သတင်းဌာနက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ အောက်တိုဘာ ည ၁၇ ရက်ကလည်း သူ့ရဲ့ပုံမှန်စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ Ref: NHK Photo:AP #voiceofmyanmar…

Read More

အင်းစိန်အကျဥ်းထောင်အတွင်း ဗုံးပေါက်မှု ၈ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

  ရန်ကုန်၊အောက်တိုဘာ ၁၉ ၊၂၀၂၂ GG +KK(VOM) အင်းစိန်အကျဥ်းထောင်အတွင်း ဒီကနေ့ မနက် ကိုးနာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ဝန်ထမ်း၃ဦးအပါအဝင် ၈ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အင်းစိန်ထောင်အဝင်အထွက် အတွင်းနဲ့အပြင်မှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဝန်ထမ်း၃ဦးအပါအဝင် ၈ဦးသေဆုံးခဲ့ပြီး ဝန်ထမ်းလေးဦးအပါအဝင် ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ “အရင်ဆုံးကြားတာ ဝန်ထမ်း ၃ဦးသေပြီး ခုနှစ်ဦးဒဏ်ရာရတယ်၊ နောက်ထပ်သိရတာက ထောင်ဝင်စာပို့တဲ့ အမျိုးသမီး ၅ဦးသေတယ် ၄ ဦးဒဏ်ရာရတယ်၊ နောက်ထပ်ဗုံးတွေ့တယ် အခုဆေးရုံက လူနာအချို့လည်း ထပ်သေတယ်ကြားတယ်၊ သတင်းကရှုပ်နေတော့ အတည်ပြုမရဘူး “လို့ ပြောပါတယ်။ အင်းစိန်အကျဥ်းထောင်အတွင်း ဗုံးပေါက်ကွဲပြီးနောက် ပစ်ခတ်မှု့အချို့ ဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်သူတဦးက VOM ကို ပြောပါတယ်။ “သေနတ်သံတွေတော့ ကြားတယ် ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိဘူး၊ ထောင်ထဲကို လူနာတင်ယာဥ်တွေ…

Read More

ရွှေနဲ့ ဒေါ်လာမှာသာ ရင်းနှီးမြှုပ်နှံနေတဲ့အတွက် ပြည်တွင်း အိမ်ခြံမြေစျေးကွက် ရောင်း/ဝယ်အေးနေ

အောက်တိုဘာ ၁၉- ၂၀၂၂ SN (VOM) နိုင်ငံရေးအခြေအနေကြောင့် ပိုင်ဆိုင်မှုခိုင်မာတဲ့ ရွှေနဲ့ ဒေါ်လာမှာသာ ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် ပြည်တွင်း အိမ်ခြံမြေစျေးကွက် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဘဏ်စနစ်အကျပ်အတည်းကြောင့် လူထုအနေနဲ့ ကျပ်ငွေကို လက်ဝယ်မကိုင်ဆောင်လိုတော့ဘဲ ပိုင်ဆိုင်မှု ပိုမိုခိုင်မာတဲ့ ရွှေနဲ့ ဒေါ်လာစျေးကွက်ထဲ ဝင်ရောက်စုဆောင်းနေတာကြောင့် အိမ်ခြံမြေဈေးကွက် အေးနေတာဖြစ်တယ်လို့ သိရပါတယ်။ “အခုနိုင်ငံရေးက ပိုဆိုးလာနိုင်တဲ့အနေအထားမှာရှိနေတော့ တစ်စုံတခုဖြစ်လာခဲ့ရင် အိမ်တွေ​ခြံတွေကထားခဲ့ရမှာ။ ဒေါ်လာတို့ရွှေတို့က ယူသွားလို့ရတယ်။ ငွေကိုင်ထားတဲ့သူတွေက အရှုံးနည်းပြီး ပိုင်ဆိုင်မှုမပျောက်မှာမျိုး ရှာနေတဲ့အတွက် အရင်လိုခန့်မှန်းလို့မရတော့ဘူး။ မြန်မာငွေနဲ့စာရင် ခိုင်မာမှုရှိတဲ့အရာတွေပေါ် ရွေးချယ်လာကြတာပေါ့။ အဲ့ဒါ‌ကြောင့် အခုလအစကတည်းက အိမ်ခြံမြေစျေးကွက်က အေးနေတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ သိန်း ၁၀၀၀ ကနေ သိန်း ၅၀၀၀ ဝန်းကျင်ရှိ ခြံတွေ အရောင်းအဝယ် ပိုဖြစ်နေပြီး…

Read More
VOM News

FREE
VIEW