ရုရှားအတွက် ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပိုမိုထောက်ပံ့ပေးသွားမယ်လို့ အီရန်ကတိပြု

တီဟီရန်၊ အောက်တိုဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

အီရန်ဟာ ရုရှားအတွက် ဒရုန်းတွေနဲ့ မြေပြင်ကနေ မြေပြင်ပစ်ဒုံးကျည်တွေ ပိုမိုထောက်ပံ့ပေးသွားမယ်လို့ အီရန်ထိပ်တန်းတာ၀န်ရှိနှစ်ဦးက အောက်တိုဘာ ၁၈ ရက်မှာပြောပါတယ်။

အဲဒီစစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဒုတိယသမ္မတ၊ တော်လှန်ရေးအစောင့်တပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီတို့က ထိပ်တန်းတာ၀န်ရှိသူနှစ်တို့ဟာ မော်စကိုကို သွားရောက်ဆွေးနွေးခဲ့တဲ့ အောက်တိုဘာ ၆ ရက်မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ရုရှားကို အီရန်က အခုလိုက်လက်နက်တွေ ထောက်ပံ့မှုအပေါ် အနောက်နိုင်ငံတွေက အမျက်ဒေါသထွက်နေပါတယ်။

ရုရှားဟာ အီရန်ဒရုန်းတွေနဲ့ ပိုမိုကောင်းမွန်တိကျတဲ့ Fateh နဲ့ Zolfaghar ပဲ့ထိန်းဒုံးကျည်တွေ ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ကြောင်း အီရန်ထိပ်တန်းတာ၀န်ရှိသူတဦးက ပြောပါတယ်။

အဲဒီ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ ပေးအပ်ဖို့ အီရန်နဲ့ ရုရှားတို့အကြား သဘောတူညီမှုရရှိထားတယ်လို့ အနောက်နိုင်ငံတခုမှ ထိပ်တန်းတာ၀န်ရှိသူတဦးကလည်း အတည်ပြုပြောဆိုထားပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေဟာ ၄၃၅ မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး အခုလိုလက်နက်တွေ ရုရှားကို လွှဲပြောင်းပေးအပ်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပြောဆိုချက်တွေကို အီရန်ကပယ်ချထားပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW