တောင်ကိုရီးယားမှာ ဟောလိုးဝင်းပွဲတော်ကျင်းပစဥ် လူအုပ်ပြိုကျမှုကြောင့် လူ ၁၅၀ ကျော်သေဆုံး

ဆိုးလ်၊ အောက်တိုဘာ ၃၀-၂၀၂၂
မျိုးဆက်(VOM)

တောက်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အောက်တိုဘာ ၂၉ ရက်ညပိုင်းက ဟောလိုးဝင်းပွဲတော် ကျင်းရာမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၁၅၁ ဦးသေဆုံးပြီး ၈၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၉ ဦး ပါဝင်တယ်လို့ တောဂ်ကိုရီးယား အရေးပေါ်ဌာနက ပြောပါတယ်။

ဟောလိုးဝင်းပွဲတော်ကျင်းပဖို့ အတွက် လူကြိုက်များတဲ့ ညပိုင်းဖျော်ဖြေရေးနေရာဖြစ်တဲ့ အီတာဝမ်မှာ မှာ လူအုပ်ကြီး စုရုံးလာရင်း လူတွေရဲ့ ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

သေဆုံးသူအများစုမှာ အသက် ၂၀ အရွယ် ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူ တေွဖြစ်ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

လူအုပ် ပြိုကျမှုဟာ ကျဉ်းမြောင်းတဲ့လမ်းလမ်းကြားမှ စတင်ခဲ့တယ်လို သတင်းတွေက ဖော်ပြထားပါတယ်။

ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်ပမှာ ကျင်းပတဲ့ ဟောလိုးဝင်းပွဲတော်လည်း ဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာ လူ ၃၀၄ ဦးသေဆုံးခဲ့တဲ့ ကူးတို့သင်္ဘော နစ်မြုပ်တဲ့ဖြစ်စဥ်ပြီးရင် လူအသေအပျောက်အများဆုံး မတော်တဆမှုလည်းဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW