အမည်ပျက်စာရင်းဂယက်နဲ့ မကျနိုင်တဲ့ ကုန်ဈေးနှုန်း

အောက်တိုဘာ ၃၁ – ၂၀၂၂ SN (VOM) မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းငွေကြေးဈေးနှုန်း ဖောင်းပွမှုနဲ့ ရွှေဈေးနှုန်းဂယက်ကြောင့် ကုန်ဈေးနှုန်းအတက်ကြမ်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို အခုအခါမှာလည်း ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က အမည်ပျက်စာရင်း ထည့်သွင်းတယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း အကျဘက်ကို ရောက်စပြုနေတဲ့ ပြည်တွင်းကုန်ဈေးနှုန်းတွေဟာ အတက်ဘက်ကိုပြန်ပြီး ဦးတည်လာခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင် အောက်တိုဘာလဆန်းပိုင်းက ပြည်တွင်း အမေရိကန်ဒေါ်လာဈေးဟာ အကျဘက်ကို ဦးတည်နေခဲ့ပေမယ့် အမည်ပျက်စာရင်းဝင်ပြီးတဲ့နောက် ချက်ချင်းဆိုသလို ၁ ဒေါ်လာကို ကျပ် ၃၀၀၀ ကျော် ဖြစ်လာပါတယ်။ ဒါ့အပြင် အဲ့ဒီ့ အမည်ပျက်စာရင်းကြောင့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုတွေ ရယူရာမှာလည်း ခက်ခဲလာနိုင်တယ်လို့ စီးပွားရေးဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ငွေဈေးကြောင့် ဈေးကွက်အတွင်း ပြန်ကျနိုင်တဲ့ကုန်ပစ္စည်းနဲ့ ပြန်မကျနိုင်တဲ့ ကုန်ပစ္စည်းဟူ၍ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။…

Read More

အိန္ဒိယမှာ ကိုလိုနီခေတ်တံတားတစင်းပြိုကျမှုကြောင့် လူ ၁၄၁ ဦးသေဆုံး

ဒေလီ၊ အောက်တိုဘာ-၃၁-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှာ လူကူးကြိုးတံတားတစ်စင်းပြိုကျမှုကြောင့် လူ ၁၄၁ ဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ဒေသခံအရာရှိတွေကပြောပါတယ်။ မော်ဘီမှာရှိတဲ့ အဲဒီကြိုးတံတားကို ပြုပြင်ပြီးနောက် တစ်ပတ်အကြာမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီပါ၀လီပွဲတော် ကျင်းပနေချိန်မှာ အဲဒီတံတားပေါ်မှာ လူတွေပြည့်လျှံနေခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ၇၅၄ ပေအရှည်ရှိတဲ့ မက်ချူးချူးမြစ်ပေါ်ရှိ အဲဒီတံတားကို ဗြိတိသျှတို့အုပ်ချုပ်စဉ် ၁၉ ရာစုကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ တံတားပြိုကျတဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေပါတယ်။ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အခင်းဖြစ်ရာနေရာကနေ လူ ၁၇၇ ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ လူအများအပြားဟာ အားလပ်ရက်အလည်အပတ်ခရီးအဖြစ် ဒီတံတားကို လာရောက်ကြတာဖြစ်ပြီး တံတားက ခံနိုင်ရည်မရှိတော့တာကြောင့် ပြိုကျခဲ့တာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ Ref:BBC Photo:AFP…

Read More

ရန်ကုန်တိုင်းမှာ​ ရွှေ တစ်ကျပ်သားကို ၂၅သိန်း ၃ သောင်းနဲ့ ရောင်းချပေးရမယ်လို့ စာထုတ်ထား

အောက်တိုဘာ ၃၁ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချပေးရမယ်လို့ တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မ​နေ့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ ပြင်ပဈေးကွက်ထဲ ဖြစ်ပေါ်နေတဲ့ ရွှေဈေးကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။။ “ကျွန်တော်တို့တော့ ရွှေဈေး တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး မျှမျှတတဖြစ်အောင် အခုလို သတ်မှတ်လိုက်တယ်လို့ထင်ပါတယ်။ ဈေးနှုန်းတွေ အရမ်းကွာမသွားအောင် လုပ်တဲ့သဘောပေါ့။ ဒါကြောင့် ဈေးကွက်အနေအထားက ပုံမှန်ဖြစ်သွားမှာပါ။ တစ်ယောက်တစ်မျိုးလုပ်လို့ကတော့ အဆင်မပြေနိုင်ဘူးလေ။ အားလုံး မျှမျှတတဖြစ်သွားတာပေါ့”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၂၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အခေါက်ရွှေ…

Read More

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်တင်ကား ၂ စီးတိုက်မိပြီး ၇ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၂ SP( VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်- မြဝတီ အာရှကုန်သွယ်ရေး လမ်းမကြီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ခရီးသည်တင် ကား ၂ စီးတိုက်မိပြီး ယာဥ်ပေါ်ပါ ခရီးသည်တွေ သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်ပွားတာက ညနေ ၄ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ကားမောင်းသူ အပါအဝင် လူ ၂၁ ယောက် လိုက်ပါလာတဲ့ ခရီးသည်တင် အံစာတုံးကားက အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို တိုက်မိပြီး တဖက်ယာဥ်ကြောကနေ မျက်နှာချင်းဆိုင်း မောင်းလာတဲ့ အံစာတုံးကို ဝင်တိုက်မိတာဖြစ်တယ် “လို့ သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ ယနေ့နေ့လယ် ၃ နာရီ ၄၀ မိနစ်ခန့်က ကားမောင်းသူအပါအဝင်…

Read More

ဟင်္သာတမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းရဲ့နေအိမ်ချိပ်ပိတ်ခံရ၊ ချိတ်ပိတ်ခံရတဲ့ အိမ် ၄၀ ကျော်အထိရှိလာ

အောက်တိုဘာ ၊ ၃၀-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်က မဲဆန္ဒအမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးအေးမင်းရဲ့ နေအိမ်ဟာ မနေ့အောက်တိုဘာ ၂၉ ရက်က ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေးဖြစ်စဉ်တွေပြောင်းလဲပြီးနောက် ၂၀၂၂ခုနှစ် မနေ့ အောက်တိုဘာ ၂၉ ရက်အထိ ချိပ်ပိတ်ခံရတဲ့ နေအိမ် ၄၀ ကျော်အထိ ရှိလာတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ လတ်တလောအနေနဲ့ ဟင်္သာတမြို့၊တာကလေးရပ်ကွက် ၊ဗာဂျီးနီးယား ၆ လမ်းမှာရှိတဲ့ မဲဆန္ဒအမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းရဲ့နေအိမ်ကို မနေ့ အောက်တိုဘာ ၂၉ ရက်က စစ်တပ် ၊ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့သူတွေက လာရောက် ချိပ်ပိတ်သွားတာလို့…

Read More

ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းပို့ကုန်တွေ တင်ပို့ခွင့် ရုရှားဆိုင်းငံ့၊ စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားအောင် တမင်တကာ ဖန်တီတာလို့ ယူကရိန်းဝေဖန်

ကိယက်ဗ်၊ အောက်တိုဘာ ၃၀ – ၂၀၂၂ မျိုးဆက် (VOM) ပင်လယ်နက်ဆိပ်ကမ်းတွေကတဆင့် ယူကရိန်းရဲ့ကောက်ပဲသီးနှံတွေကို တင်ပို့ခွင့်ပြုတဲ့ ကုလသမဂ္ဂကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက်ကို ရုရှားက ဆိုင်းငံ့လိုက်ပါတယ်။ ကောက်ပဲသီးနှံတွေနဲ့အတူ သင်္ဘော ေတွသွားလာမှုကို ပိတ်ဆို့လိုက်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလိုမျိုး စားနပ်ရိက္ခာအကျပ်အတည်းကို တမင်တကာ ပိုမိုဆိုးရွားစေခဲ့ အောင်လုပ်တာလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဝေဖန်ပြောဆိုပါတယ်။ ယနေ့အထိ ကောက်ပဲသီးနှ့တင်သင်္ဘော ၁၇၆ စီးဟာ ပင်လယ်ထဲမှာ စောင့်ဆိုင်းနေပြီး ရိက္ခာတင်ပို့မှု တန်ချိန် ၂ သန်းကျော် ပိတ်ဆို့ခံထားရတယ်လို့ သူကဆိုပါတယ်။ ကုလနဲ့ အခြားအဆင့် အထူးသဖြင့် ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲမှာ ဒီလိုပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး ရုရှားအပေါ်နိုင်ငံတကာမှ ပြင်းထန်သော တုံ့ပြန်မှုတခုလိုအပ်နေပြီလို့ ဇီလန်စကီးကပြောပါတယ်။ ရုရှားရဲ့လုပ်ရပ်ဟာ အခြားတိုက်ကြီး တေွ ငတ်မွတ်ခေါင်းပါးမှုဆီကို ဦးတည် ဖြစ်ပွား အောင်တမင်တကာ လုပ်ဆောင်တဲ့ အဓိပ္ပာယ်မဲ့လုပ်ရပ်လို့ သူကပြောပါတယ်။…

Read More

လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာမှာ လက်နက်ကြီး ပစ်ခတ်လို့ လူ ၃ ဦး ထိခိုက် ဒဏ်ရာရ

အောက်တိုဘာ ၃၀၊ ၂၀၂၂ Shy V(VOM) ကချင်ပြည်နယ်၊ ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာမှာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က လက်နက်ကြီး ပစ်ခတ်လို့ လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနက် ၁ နာရီခန့်မှာ။ မုံလိုင်ခက်ရွာ ရပ်ကွက် ၆ က နေအိမ် တစ်အိမ်နားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ်။ လိုင်ဇာ အနီးတဝိုက် လေယာဉ် ဝဲနေတာ။ လေယာဉ်က မတွေ့ရဘူး။ မီးမလင်းဘူး။ အသံပဲ ကြားနေရတယ်။ လက်နက်ကြီးသံ ၃ ခါ ကြားရပြီး ပြန်လှည့်သွားတယ်၊ ခါ့ယာတောင်မှာ တပ်စခန်းချနေတဲ့ စစ်တပ်ကနေ ၁၂၀ မမ လို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်။”…

Read More

ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၀၀ ကျော်သေဆုံး၊ ၃၀၀ ကျော် ဒဏ်ရာရ

မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၃၀ -၂၀၂၂ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ကားဗုံး နှစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးပြီး ၃၀၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုမာလီသမ္မတက တနင်္ဂနွေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ သားသမီးတွေကို ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ သားသည်မိခင်တွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ ပညာသင်ဖို့ စေလွှတ်ခံရတဲ့ ကျောင်းသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ပါတယ် လို့သမ္မတ Hassan Sheikh Mohamud က အခင်းဖြစ်ရာကို သွားရောက်ပြီးနောက်မှာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိပေမယ့် အယ်လ်ရှာဘက်စစ်သွေးကြွအဖွဲ့ကို သမ္မတက စွပ်စွဲပြောဆိုထားပါတယ်။ ပထမဆုံး ပေါက်ကွဲမှုဟာ မိုဂါဒစ်ရှူးရှိ လူစည်ကားရာ လမ်းဆုံလမ်းဆုံရှိ ပညာရေးဝန်ကြီးဌာနမှာဖြစ်ပွားခဲ့တာဖြစ်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။…

Read More

မိုးမောက်မှာ၂ ရက် အတွင်း လက်နက်ကြီးကျည်ကျလို့ လူ ၅ ဦးနဲ့ အထက် ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၃၀၊ ၂၀၂၂ Shy V(VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လုံဂျာတောင်မှ တပ်နဲ့ KIA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ၂ ရက်အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား ၅ ဦးနဲ့ အထက် ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့လည်း ထိခိုက် ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မန်ဘုန်ရွာက ရှမ်းလူမျိုး အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်။ ဗန်းမော် ဆေးရုံကို ပို့လိုက်ပြီ။ ၄၃၇ တပ်နားက ရွာတွေ အကုန်ထွက်ပြေး တိမ်းရှောင်ရပြီ။ မနေ့ညတော့ တော်တော်ပြင်းတယ်။ အုတ်အိမ်တွေတောင် လှုပ်တယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက် ၆ နာရီ ဝန်းကျင်ခန့်ကစ မနက် ၁၀ နာရီခွဲခန့်အထိ…

Read More

တောင်ကိုရီးယားမှာ ဟောလိုးဝင်းပွဲတော်ကျင်းပစဥ် လူအုပ်ပြိုကျမှုကြောင့် လူ ၁၅၀ ကျော်သေဆုံး

ဆိုးလ်၊ အောက်တိုဘာ ၃၀-၂၀၂၂ မျိုးဆက်(VOM) တောက်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အောက်တိုဘာ ၂၉ ရက်ညပိုင်းက ဟောလိုးဝင်းပွဲတော် ကျင်းရာမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၁၅၁ ဦးသေဆုံးပြီး ၈၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၉ ဦး ပါဝင်တယ်လို့ တောဂ်ကိုရီးယား အရေးပေါ်ဌာနက ပြောပါတယ်။ ဟောလိုးဝင်းပွဲတော်ကျင်းပဖို့ အတွက် လူကြိုက်များတဲ့ ညပိုင်းဖျော်ဖြေရေးနေရာဖြစ်တဲ့ အီတာဝမ်မှာ မှာ လူအုပ်ကြီး စုရုံးလာရင်း လူတွေရဲ့ ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံးသူအများစုမှာ အသက် ၂၀ အရွယ် ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူ တေွဖြစ်ကြောင်း မီးသတ်ဌာနက ပြောပါတယ်။ လူအုပ် ပြိုကျမှုဟာ ကျဉ်းမြောင်းတဲ့လမ်းလမ်းကြားမှ စတင်ခဲ့တယ်လို သတင်းတွေက ဖော်ပြထားပါတယ်။ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်ပမှာ ကျင်းပတဲ့ ဟောလိုးဝင်းပွဲတော်လည်း ဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ လူ…

Read More
VOM News

FREE
VIEW