ဟင်္သာတမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းရဲ့နေအိမ်ချိပ်ပိတ်ခံရ၊ ချိတ်ပိတ်ခံရတဲ့ အိမ် ၄၀ ကျော်အထိရှိလာ

အောက်တိုဘာ ၊ ၃၀-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်က မဲဆန္ဒအမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးအေးမင်းရဲ့ နေအိမ်ဟာ မနေ့အောက်တိုဘာ ၂၉ ရက်က ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေးဖြစ်စဉ်တွေပြောင်းလဲပြီးနောက် ၂၀၂၂ခုနှစ် မနေ့ အောက်တိုဘာ ၂၉ ရက်အထိ ချိပ်ပိတ်ခံရတဲ့ နေအိမ် ၄၀ ကျော်အထိ ရှိလာတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

လတ်တလောအနေနဲ့ ဟင်္သာတမြို့၊တာကလေးရပ်ကွက် ၊ဗာဂျီးနီးယား ၆ လမ်းမှာရှိတဲ့ မဲဆန္ဒအမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းရဲ့နေအိမ်ကို မနေ့ အောက်တိုဘာ ၂၉ ရက်က စစ်တပ် ၊ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့သူတွေက လာရောက် ချိပ်ပိတ်သွားတာလို့ နီးစပ်သူတွေဆီကနေ သိရပါတယ် ။

”အဲ့ဒီနေအိမ်မှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းက မရှိဘူး ၊ သူကရှောင်နေတာ ၊ သူ့အစ်မ တဦးထဲရှိတယ် ၊ အိမ်မှာရှိနေတဲ့ ဦးအေးမင်းရဲ့ အစ်မဖြစ်သူကို လိုအပ်တာ တွေသိမ်းပြီး အိမ်ပေါ်ကနေ ဆင်းပေးဖို့ပြောပြီး ချိပ်ပိတ်သွားတာ။”လို့ နီးစပ်သူ
တဦး ကပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ အဲ့ဒီကာလအတွင်း ချိပ်ပိတ် သိမ်းဆည်းခံရတဲ့ နေအိမ် ၄၀ ကျော်ထဲမှာ လွှတ်တော်တွေ ၊LND ပါတီဝင်တွေ ၊ တတ်ကြွလှုပ်ရှားသူတွေ ၊ CDM ဝန်ထမ်းတွေ ၊ ပရဟိတအဖွဲ့ဝင်တွေ ၊ အရပ်သားတွေရဲ့နေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာလို့ သိရပါတယ်။

”နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတဲ့ဖြစ်စဉ်တွေ
မရှိလောက်တော့ဘူးလို့ ယူဆတာ ၊ ဘ့ာကြောင့်လည်း ဆိုတော့ NLDပါတီရဲ့ အစိုးရဝန်ကြီးတွေ ၊ ရွေးကော် အဖွဲ့တာဝန်ရှိသူတွေ ၊ နာမည်ကြီး အဆိုတော်ပိုပိုနဲ့ ဝင်းမင်းသန့်တို့လို နာမည်ကြီးတွေကိုတောင် အခုရက်ထဲလွှတ်ပေးတာ ဆိုတော့လေ ၊ အခုက အထင်းကြီး ယုံကြည်လို့လည်းမရ ၊ အထင်သေး လျှော့တွက်လို့လည်း မရတဲ့အချိန်ပဲ ၊ ဘာမဆိုလုပ် ပေးတယ် ၊ ဘာမဆိုလည်း ပြန်လုပ်လာနိုင်တယ် ၊ သတိထားရမယ် ၊ ဟင်္သာတမှာကတော့ လတ်တလော ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ ကိုရဲမင်းရဲ့ နေအိမ် အပါအဝင် နေအိမ်က ၄၀ ကျော်မှာပဲရှိတယ်။”လို့ တရားလွှတ်တော် ရှေ့နေတဦးကပြောပါတယ်။

နေအိမ်ချိပ်ပိတ်ခံထားရတာတွေအများစုမှာ အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့သူတွေလည်း ပါဝင်သလို ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ခံထားရခြင်း မရှိတဲ့သူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ် ။

နေအိမ်တွေ ချိပ်ပိပ်သိမ်းဆီးခံရမှုမှာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ် ၊ PDF တွေနဲ့ပတ်သက်တယ်ဆိုပြီး ချိပ်ပိတ်ခံရတာများတယ်လို့ သိရပါတယ်။

အဲ့ဒီ့နေအိမ်တွေ ပြန်လည်ရရှိဖို့ သက်ဆိုင်ရာကို ဥပဒေကြောင်းအရ ပြန်လည်ခုခံချေပတင်ပြတောင်းခံထားပေမယ့် ဒီကနေ့ အထိ ထူးခြားတာမရှိသေးဘူးလို့ နေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့ဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ

Related posts

Leave a Comment

VOM News

FREE
VIEW