လူ့ဘောင်သစ်ဆီသို့ မျှော်ရည်ခြင်း

MT(VOM) ​တကယ်လို့ ညဉ့်နက်သန်းခေါင်ယံမှာ လမ်းမတွေပေါ် လျှောက်သွားရင်း လေထဲမှာ လွင့်မျောနေတဲ့ တော်လှန်ရေး သီချင်းသံကို ကြားရရင်၊ ဒါမှမဟုတ် လက်ကိုင်ဖုန်း မျက်နှာပြင်ငယ်လေးတွေပေါ်မှာ အရင်းရှင်စနစ်ရဲ့ အက်ကြောင်းတွေကို လှောင်ပြောင်သရော်ထားတဲ့ စာသားတွေကို ဖတ်ရရင် ၊ တူတံစဉ် ၊ ကြယ်နီ ၊ Anarchy အမှတ်တံဆိပ် wallpaper တွေ တွေ့ရရင် မအံ့သြ လိုက်ပါနဲ့။ကမ္ဘာကြီးဟာ တစ်ခါပြန်ပြီး နိုးထလာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် နိုးထမှုကတော့ စက်ရုံအလုပ်ရုံတွေရဲ့ မီးခိုးခေါင်းတိုင်တွေအောက်က မဟုတ်ဘဲ၊ နည်းပညာခေတ်ရဲ့ အယ်လ်ဂိုရီသမ် (Algorithm) တွေကြားက ဖြစ်ပါတယ်။ ​ဒီအချက်ကိုပဲ Gen Z Socialism (ဂျင်န်ဇီး ဆိုရှယ်လစ်ဇင်) လို့ ခေါ်ရမယ် ထင်ပါတယ်။ ​သမိုင်းဆိုတာ အဆောက်အဦးတစ်ခုလိုပါပဲ။ အုတ်မြစ်မရှိဘဲ အမိုးကို ဆောက်လို့မရသလို၊ မာ့က်စ်နဲ့ လီနင်တို့ရဲ့…

Read More

ဦးမင်းဇင်ကို တရုတ်အစိုးရကဖမ်းဆီးတာဟာ တရားမျှတမှုမရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့လို

ဩဂုတ် ၂၃ – ၂၀၂၆ SS (VOM) မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လေ့လာသုတေသနပြုနေသူ၊ ISP – Myanmar တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဖမ်းဆီး ထိန်းသိမ်းထားတာဟာ တရားမျှတမှု မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုတယ်လို့ ယနေ့ခေတ်သတင်းဌာန အယ်ဒီတာချုပ် ဦးသက်ဇင်က ပြောပါတယ်။ ဦးမင်းဇင်ဟာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံရတာကြောင့် တရုတ်နိုင်ငံကို သွားရောက်ချိန် ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ “သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ စကားအရ ဆိုရင်လည်း သူတို့မှာ သံသယပဲရှိသေးတာ။ သူတို့အမှုကို တည်ဆောက်နေတယ်၊ သံသယပဲ ရှိသေးတာ။ ခုချိန်လည်း ဒါကို ဖော်ထုတ်လို့မရသေးဘူး။ ဒီဟာက ခိုင်လုံခြင်းလည်း မရှိ၊ တရားမျှတခြင်းလည်း မရှိတဲ့အတွက် အမြန်ဆုံး…

Read More

မန္တလေးက ကျောက်ဝိုင်းမှာ ကျောက်သမားတယောက်ကို ဓားထောက်လုယက်သွားတဲ့သူတွေကို ဖမ်းဆီးရမိ

မန္တလေး၊ သြဂုတ်- ၂၃- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း ၃၈-၃၉ လမ်းကြားမှာရှိတဲ့ ကျောက်မျက်ရတနာရောင်း ဝယ်ရေးစခန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ကျောက်သမားတယောက်ဆီကနေ မြန်မာငွေစက္ကူတွေနဲ့ ကျောက်မျက် ရတနာတွေကို ဓားထောက်လုယက်ခဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက်နေ့ ၁၀ နာရီခွဲအချိန်ခန့်က ကျောက်သမားကိုထက်အောင် ဆိုသူကို အမျိုးသားနှစ်ယောက်က စစ်ဆေးစရာရှိလို့ဆိုကာ ပုခုံးဖက်ကာ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းရဲ့ အပြင်ကိုခေါ်ဆောင်သွားပြီး ကိုထက်အောင်မှာ ပါလာတဲ့ ငွေတွေနဲ့ ကျောက်မျက်ရတနာတွေကို ဓားထောက်လုယက်သွားတယ်လို့ သိရပါတယ်။ ကိုထက်အောင်ရဲ့ လွယ်အိတ်အတွင်းမှာပါတဲ့ ကျောက်စိမ်းအချော ထည် ၂ ပွင့် ၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး ၊ ချွမ်အမျိုးအစားလည်ဆွဲ ၁ ကုံး ၊…

Read More

ပြည်ပစေလွှတ်ခဲ့တဲ့ အလုပ်သမားအားလုံးဟာ လစာ ၂၅ ရာခိုင်နူန်း အိမ်ကိုငွေပြန်လွှဲတဲ့ အထောက်အထားမပြနိုင်ရင် အလုပ်ခေါ်စာ ဆိုင်းငံ့ခံရမယ်

ဩဂုတ် ၂၃ ၊ ၂၀၂၆ GG (VOM) ပြည်ပကို စေလွှတ်ခဲ့တဲ့ လုပ်သားအရေအတွက်အားလုံးဟာ မိသားစုဆီကိုပြန်ပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်းအထောက်အထားကို တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီကို အလုပ်ခေါ်စာ (Demand Letter)အသစ် တင်ပြခွင့် ဆိုင်းငံ့သွားမယ်လို့ သိရပါတယ်။ အရင်က ပြည်ပစေလွှတ်ခဲ့တဲ့ လုပ်သားဦးရေရဲ့ ၅၀ ရာခိုင်နူန်းက မိသားစုလွှဲပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်း အထောက်အထားတင်ပြရပါတယ်။ အခုက စေလွှတ်လုပ်သားအားလုံး မိသားစုငွေလွှဲ အထောက်အထား တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လတ်တလော ညွှန်ကြားချက်အရဆိုရင် အေဂျင်စီတွေအနေနဲ့ ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီကနေ ဇွန်လအတွင်း ပြည်ပကိုစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေအားလုံးရဲ့ မိသားစုဆီ ၂၅ ရာခိုင်နူန်း ငွေလွှဲကြောင်းအထောက်အထားကို တင်ပြရမှာဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီကို လာမယ့် စက်တင်ဘာ ၁…

Read More

မိတ္ထီလာ​လေတပ်က အမောင်းသင်လေယာဥ် စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျလို့ တယောက်သေ ၊ တယောက်ဒဏ်ရာရ

ဩဂုတ် ၂၃ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းမှာ တပ်မတော်က အမောင်းသင်လေယာဉ်တစီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ သိရပါတယ်။ နည်းပြဗိုလ်မှူးနဲ့အ​မောင်းသင် ဗိုလ်တို့ နှစ်ယောက် လိုက်ပါတဲ့ K8 လေယာဥ်ဟာ ဩဂုတ် ၂၁ ရက်နေ့ ၊ ညနေ ၃ နာရီခွဲလောက်မှာ မိတ္ထီလာအ​မောင်းသင်စခန်းမှာ ပျံတက်စဥ် အင်ဂျင် Error ဖြစ်ပြီး ပြန်မဆင်းနိုင်ဘဲ ​လေယာဥ်မီး​လောင်ပျက်စီးကာ ဗိုလ်မှူး အနည်းငယ်ဒဏ်ရာရပြီး ဗိုလ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ” လေယာဥ်ပျက်ကျတာမှန်ကြောင်း ၊ အမောင်းသင်လေယာဥ်ဖြစ်ကြောင်း ၊ နှစ်ယောက်မောင်း K8 လေယာဥ်ဖြစ်ပြီး ပြန်အဆင်းမှာ စက်ချို့ယွင်းတာကြောင့် ခုန်ထွက်ခဲ့ပေမယ့် သေဆုံး ၊ဒဏ်ရာရရှိပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ” VOM ကို ပြောဆိုထားပါတယ်။…

Read More

နေ့စဉ်ဘဝမှာ ကျန်းမာနေဖို့ လွယ်ကူတဲ့ အလေ့အကျင့် ၅ ချက်

မန္တလာ ဆရာမျိုး ကျန်းမာရေးကောင်းဖို့ဆိုတာ ဈေးကြီးတဲ့ အားဆေးတွေ သောက်ရမယ်၊ အစားအသောက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းရမယ်၊ Gym မှာ နာရီပေါင်းများစွာ လေ့ကျင့်ရမယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ ကျန်းမာရေးကောင်းခြင်းဟာ နေ့စဉ်ဘဝမှာ လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကို မှန်မှန်လုပ်နိုင်ခြင်းနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ အထူးသဖြင့် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရမျှတစွာစားခြင်း၊ ရေလုံလောက်စွာသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း ဆိုတဲ့ အချက် ၅ ချက်ကို နေ့စဉ်ဘဝမှာ အလေ့အကျင့်ဖြစ်အောင် လုပ်နိုင်ရင် ကျန်းမာရေးအတွက် အခြေခံကောင်းတစ်ခု ရရှိလာနိုင်ပါတယ်။ ပထမဆုံးက အိပ်စက်ခြင်း (Sleep) ဖြစ်ပါတယ်။ လူကြီးအများစုဟာ တစ်ညကို ၇ နာရီမှ ၉ နာရီခန့် အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ချိန်တစ်ခုတည်းကိုသာ အာရုံစိုက်တာထက် နေ့တိုင်း အိပ်ချိန်၊ နိုးချိန်ကို အတတ်နိုင်ဆုံး မှန်မှန်ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။…

Read More

အမြန်လမ်းမှာ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က လိုက်ထရပ်ကို ဝင်တိုက်လို့ တယောက် သေ၊ နှစ်ယောက် ဒဏ်ရာရ

ဩဂုတ် ၂၄ – ၂၀၂၆ SS (VOM) ရန်ကုန် – မန္တလေးအမြန်လမ်းမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်၊ မနက်အစောပိုင်းက ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က ရှေ့ကမောင်းနေတဲ့ လိုက်ထရပ်ယာဉ် နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မိုင်တိုင် ၂၁၄/၂ နဲ့ ၂၁၄/၃ ကြားမှာ ဒီကနေ့ မနက် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ဖြစ်ခဲ့တာလို့သိရပြီး အမျိုးသား တယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ကာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး၊ ဒဏ်ရာရတာက လိုက်ထရပ်ယာဉ်ပေါ်က လူတွေပါ။ အဲဒီကားပေါ်မှာ အမျိုးသား ယောက်၊…

Read More

ရေကြည်မြို့နယ်နဲ့ ကျုံပျော်မှာ ရေကြီးတဲ့ ဧရိယာပိုကျယ်လာပြီး အကူအညီတွေ လိုအပ်နေ

ဩဂုတ် ၂၄ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်နဲ့ ကျုံပျော်မှာ ရေကြီးတဲ့ ဧရိယာပိုကျယ်လာပြီး အစားအစာ နဲ့ သောက်ရေသန့်အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ် ။ လက်ရှိ ကျုံပျော်မြို့နယ်မှာဆိုရင် ​မိုးသည်းထန်စွာရွာသွန်းပြီး ၊ ဒါးကချောင်းရေ မြင့်တက်လာလို့ ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာပေါင်း ၃၀ ထက်မနည်းအထိ ရေကြီးနေပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ၂၅၀၀ လောက် ရှိသလို နေအိမ်တွေမှာ စုနေသူတွေအများအပြားရှိနေပါတယ်။ ” ရေဘေးစခန်းကိုမလာဘဲ အိမ်မှာနေကြတာလည်းများတယ်။ အဲဒီလို ရွာတွေဘက်ကျတော့ အစားအစာက နေ့တိုင်းလိုအပ်ချက်ရှိနေမယ့်သဘောရှိတယ်။ အစာခြောက်ပဲ ရမယ်။ ထမင်းထုပ် ဘာညာကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက နေ့တိုင်းရောက်ဖို့မလွယ်ဘူး ။ ရေကတိုးတော့ ဧရိယာပိုကျယ်တော့ ကူညီရတဲ့နေရာကပိုများသွားရင် လစ်ဟာမှုက ရှိတတ်တာပဲ ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။…

Read More

ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရများ

သြဂုတ် ၂၄ ၊၂၀၂၆ GG (VOM) AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ထဲက စိမ်းစင်းဝကျေးရွာမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးကာ ၁၇ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မနက် ၁၁နာရီကျော်လောက်မှာ လေကြောင်းကနေတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ် ။ ” လေကြောင်းကနေ သုံးကြိမ်ကြဲသွားတာလို့သိရတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာတော့ ပြင်းထန်တဲ့သူ မပါဘူးလို့တော့ ကနဦးသိရတယ်။စိမ်းစင်းရွာက ပလက်ဝမြို့နဲ့ဆိုရင်နှစ်မိုင်သုံးမိုင်လောက်ပဲဝေးတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၊ အမျိုးသမီး တွေအပြင် ကလေးတွေလည်း ပါတာကို ဒေသတွင်း သတင်းတွေရဲ့ ဓာတ်ပုံဖော်ပြချက်အရသိရပါတယ်။ အဆိုပါ ပလက်ဝမြို့နယ် ၊ စိမ်းစင်းဝရွာ…

Read More

ထိုင်းတောင်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု​တွေမှာ မြန်မာနိုင်ငံသားတွေ လူစုလူဝေးရှောင်ဖို့ သံရုံးသတိပေး

ဩဂုတ် ၂၅ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပတ္တနီ၊ ယာလာ နဲ့ နရာသီဝပ် ပြည်နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် အဲဒီဒေသက မြန်မာနိုင်ငံသားတွေအနေနဲ့ မသက်ဆိုင်တဲ့ လူစုလူဝေးမှာ ပါဝင်ပတ်သက်မှုမလုပ်ဖို့နဲ့ လုံခြုံရေး အထူးဂရုပြု နေထိုင်သွားလာဖို့ ဘန်ကောက် ၊မြန်မာသံရုံးက သတိပေး ထုတ်ပြန်ပါတယ်။ တကယ်လို့ အကြောင်း တစုံတရာ ပေါ်ပေါက်လာပါက မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ် အကြောင်းကြားဖို့ ဩဂုတ် ၂၄ ရက်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ” အကြမ်းဖက်မှုတွေဖြစ်တဲ့နေရာထဲက ယာလာနဲ့ နရာသီဝပ်က ထိုင်းနဲ့မလေးရှားနယ်စပ် နေရာတွေပါ ။ ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေကလည်း လုံခြုံရေးတိုးမြှင့်လုပ်နေတယ်။ အဲဒီပြည်နယ်တွေမှာက မြန်မာလုပ်သားရှိတော့ရှိပေမယ့် တအားမများဘူး။ ဆောက်လုပ်ရေးရှိမယ်။ ရေလုပ်ငန်းရှိမယ်။ ကျန်တဲ့အထွေထွေအလုပ်ရှိမယ်။ ဘာပဲ ဖြစ်ဖြစ် အဲဒီဒေသမှာ လုပ်ကိုင်နေတဲ့ မြန်မာတွေအနေနဲ့…

Read More
VOM News

FREE
VIEW