ရန်ကုန်တိုင်းမှာ​ ရွှေ တစ်ကျပ်သားကို ၂၅သိန်း ၃ သောင်းနဲ့ ရောင်းချပေးရမယ်လို့ စာထုတ်ထား

အောက်တိုဘာ ၃၁ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချပေးရမယ်လို့ တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မ​နေ့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ပြင်ပဈေးကွက်ထဲ ဖြစ်ပေါ်နေတဲ့ ရွှေဈေးကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။။

“ကျွန်တော်တို့တော့ ရွှေဈေး တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး မျှမျှတတဖြစ်အောင် အခုလို သတ်မှတ်လိုက်တယ်လို့ထင်ပါတယ်။ ဈေးနှုန်းတွေ အရမ်းကွာမသွားအောင် လုပ်တဲ့သဘောပေါ့။ ဒါကြောင့် ဈေးကွက်အနေအထားက ပုံမှန်ဖြစ်သွားမှာပါ။ တစ်ယောက်တစ်မျိုးလုပ်လို့ကတော့ အဆင်မပြေနိုင်ဘူးလေ။ အားလုံး မျှမျှတတဖြစ်သွားတာပေါ့”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၂၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေးမှာ ကျပ် ၂၆ သိန်း ၆ သောင်းခွဲဖြစ်ပြီး ဝယ်ဈေး ကျပ် ၂၆ သိန်း ၅ သောင်းခွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ YGEA ၏ အခေါက်ရွှေ ရည်ညွှန်းဈေးမှာ တစ်ကျပ်သား ၁၉ သိန်း ၄ သောင်းကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၆၄၄ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့နေ့ အမေရိကန်ဒေါ်လာ ပေါက်ဈေးကတော့ ရောင်းဈေး ၃၀၇၀ ကျပ်၊ ဝယ်ဈေး ၃၀၂၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေစျေး

Related posts

Leave a Comment

VOM News

FREE
VIEW