ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၀၀ ကျော်သေဆုံး၊ ၃၀၀ ကျော် ဒဏ်ရာရ

မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၃၀ -၂၀၂၂
မျိုးဆက်(VOM)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ကားဗုံး နှစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးပြီး ၃၀၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုမာလီသမ္မတက တနင်္ဂနွေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ သားသမီးတွေကို ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ သားသည်မိခင်တွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ ပညာသင်ဖို့ စေလွှတ်ခံရတဲ့ ကျောင်းသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ပါတယ် လို့သမ္မတ Hassan Sheikh Mohamud က အခင်းဖြစ်ရာကို သွားရောက်ပြီးနောက်မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ခြင်းမရှိပေမယ့် အယ်လ်ရှာဘက်စစ်သွေးကြွအဖွဲ့ကို သမ္မတက စွပ်စွဲပြောဆိုထားပါတယ်။

ပထမဆုံး ပေါက်ကွဲမှုဟာ မိုဂါဒစ်ရှူးရှိ လူစည်ကားရာ လမ်းဆုံလမ်းဆုံရှိ ပညာရေးဝန်ကြီးဌာနမှာဖြစ်ပွားခဲ့တာဖြစ်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပြီး သေဆုံးဒဏ်ရရသူတွေနဲ့ပတ်သက်ပြီး ကူညီထောက်ပုံမှုတွေလုပ်ဖို့ သမ္မတ ကညွှန်ကြားထားပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #မိုဂါဒစ်ရှူး

Related posts

Leave a Comment

VOM News

FREE
VIEW