ပေကျင်း၊ နို၀င်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)
တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံး၀ကူးစက်မှုမရှိရေး မူဝါဒအရ ရှန်ဟိုင်းဒစ္စနေးလန်းကို အောက်တိုဘာ ၃၁ ရက်မှာ အာဏာပိုင်တွေက ရုတ်တရက်ပိတ်ပစ်လိုက်တာကြောင့် အပန်းဖြေလာရောက်သူတွေ ပိတ်မိနေပါတယ်။
လာရောက်လည်ပတ်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုမရှိကြောင်း စစ်ဆေးမှုရလဒ်ထွက်ပေါ်မှသာ ပန်းခြံပြင်ပကို အာဏာပိုင်တွေက ထွက်ခွင့်ပြုမှာဖြစ်ပါတယ်။
ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု ၁၀ ဦးတွေ့ရှိပြီးနောက် ယခုကဲ့သို့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ပန်းခြံအတွင်းရောက်ရှိနေသူတွေက ပန်းခြံတံခါးတွေဆီကို အပြေးအလွှားသွားနေကြပေမယ့် တံခါးသော့တွေ ခတ်ထားတာကို မြင်တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ပန်းခြံအတွင်းရောက်ရှိနေသူမအနေနဲ့ သုံးရက်ဆက်တိုက် ကိုဗစ်ကင်းရှင်းကြောင်း ရလဒ်ထွက်ပေါ်မှသာ ပြင်ပကို ထွက်ခွာနိုင်မယ်လို့ ရှန်ဟိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဒစ္စနေးလန်းပန်းခြံအပြင် အနီး၀န်းကျင်ရှိနေရာတွေကိုလည်း အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်မှာ အာဏာပိုင်တွေက ရုတ်တရက်ပိတ်ပစ်လိုက်ကြပါတယ်။
တရုတ်နိုင်ငံရဲ့ အငြင်းပွားဖွယ် ကိုဗစ်-၁၉ မူဝါဒကြောင့် တခါတရံပုံမှန်မဟုတ်တဲ့ နေရာတွေမှာ လူသန်းပေါင်းများစွာကို အကြိမ်ကြိမ် လော့ခ်ဒေါင်းချမှုတွေဖြစ်ပွားလေ့ရှိပါတယ်။
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း