အဆိုတော် စောဖိုးခွားနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ပြန်လည်လွတ်မြောက်လာ

နိုဝင်ဘာ ၁၅ – ၂၀၂၂
SN (VOM)

အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး (ခ) ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးတို့ဟာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာပဲ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

“ပြန်လွတ်လာတာ မှန်ပါတယ်။ ဒီမနက်ကပါပဲ။ အိမ်ပြန်ရောက်နေပါပြီ”လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သူတို့နှစ်ဦးလုံးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။

မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်၂ နှစ်၊ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒါရိုက်တာမင်းထင်ကိုကိုကြီး #စောဖိုးခွါ #ပြန်လွတ်လာ

Related posts

Leave a Comment

VOM News

FREE
VIEW