ဘာသာရေးနဲ့ ဝမ်းရေးအတွက် ခက်ခဲနေသေးတဲ့ မိုးကြိုးပြင်ရွာ မီးဘေးသင့်ပြည်သူတွေ

နိုဝင်ဘာ ၂၇ -၂၀၂၂
Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ဇွန်လ (၂၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မိုးကြိုးပြင်(မ)ရွာ မီးရှို့ခံရပါတယ်။

အဲ့ဒီမီးရှို့ခံရမှုကြောင့် နေအိမ် (၂၀၀) ဝန်းကျင်မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်၊

လက်ရှိ မီးဘေးသင့်ပြည်သူတချို့ဟာ တောထဲမှာဖြစ်သလိုနေထိုင်ကြရပြီး စားဝတ်နေရေးခက်ခဲမှုတွေ၊ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသဟာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာကြောင့် လက်ရှိကျပ်တည်းနေတဲ့ စားဝတ်နေရေးအတွက် အလေ့ကျပေါက်တဲ့ ဒေသအခေါ် ပွင့်ဖြူပင် နှုတ်ရောင်းပြီးဖြေရှင်းနေကြရပါတယ်၊

အဲ့ဒီအပင်ဟာလည်း အချိန်အပိုင်းအခြားနဲ့သာ ပေါက်တာဖြစ်ပြီး တပိဿာကို ငါးရာတထောင်သာ ပေါက်ဈေးရှိတာကြောင့် ရေရှည်အတွက် အဆင်မပြေဘူးလို့ ပြောကြပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသမှာ မကြာခဏစစ်ဘေးရှောင်နေရတာကြောင့် သက်ကြီးရွယ်အိုတွေမှာ ဘာသာကေး၊ ဘုရားကျောင်းကန်နဲ့ ကင်းဝေးနေပြီး အသက်ရှင်နေနိုင်ရေးကိုသာ ကြိုးစားနေရတယ်လို့ပြောပါတယ်၊

#voiceofmyanmar #VOM #ဆားလင်းကြီး

Youtube Link – https://youtu.be/XESg9n_8k90

Related posts

VOM News

FREE
VIEW