ဘာသာရေးနဲ့ ဝမ်းရေးအတွက် ခက်ခဲနေသေးတဲ့ မိုးကြိုးပြင်ရွာ မီးဘေးသင့်ပြည်သူတွေ

နိုဝင်ဘာ ၂၇ -၂၀၂၂ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ဇွန်လ (၂၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မိုးကြိုးပြင်(မ)ရွာ မီးရှို့ခံရပါတယ်။ အဲ့ဒီမီးရှို့ခံရမှုကြောင့် နေအိမ် (၂၀၀) ဝန်းကျင်မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်၊ လက်ရှိ မီးဘေးသင့်ပြည်သူတချို့ဟာ တောထဲမှာဖြစ်သလိုနေထိုင်ကြရပြီး စားဝတ်နေရေးခက်ခဲမှုတွေ၊ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီဒေသဟာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာကြောင့် လက်ရှိကျပ်တည်းနေတဲ့ စားဝတ်နေရေးအတွက် အလေ့ကျပေါက်တဲ့ ဒေသအခေါ် ပွင့်ဖြူပင် နှုတ်ရောင်းပြီးဖြေရှင်းနေကြရပါတယ်၊ အဲ့ဒီအပင်ဟာလည်း အချိန်အပိုင်းအခြားနဲ့သာ ပေါက်တာဖြစ်ပြီး တပိဿာကို ငါးရာတထောင်သာ ပေါက်ဈေးရှိတာကြောင့် ရေရှည်အတွက် အဆင်မပြေဘူးလို့ ပြောကြပါတယ်။ ဒါ့အပြင် အဲ့ဒီဒေသမှာ မကြာခဏစစ်ဘေးရှောင်နေရတာကြောင့် သက်ကြီးရွယ်အိုတွေမှာ ဘာသာကေး၊ ဘုရားကျောင်းကန်နဲ့ ကင်းဝေးနေပြီး အသက်ရှင်နေနိုင်ရေးကိုသာ ကြိုးစားနေရတယ်လို့ပြောပါတယ်၊ #voiceofmyanmar #VOM #ဆားလင်းကြီး Youtube Link – https://youtu.be/XESg9n_8k90

Read More

ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ခွဲခြားဆက်ဆံ ခံရမှုတွေရှိနေဆဲ

နိုဝင်ဘာ ၂၇ – ၂၀၂၂ VOM(VOM) ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ခွဲခြားဆက်ဆံ ခံရမှုတွေရှိနေဆဲဖြစ်တယ်လို့ စစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စကားဝိုင်တရပ်နဲ့ အသိပညာပေး အစီအစဉ်မှာပြောကြားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်တာကြောင့် စစ်တွေမြို့မှာ အမျိုးသမီး အရေးတက်ကြွလှုပ်ရှားတဲ့ Women Empowerment and Development Organization (WEDO) က ဦးဆောင်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စကားဝိုင်တရပ်နဲ့ အသိပညာပေး အစီအစဉ်တွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရခိုင် #အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးကဏ္ဍ Web Link – https://youtu.be/_2Bl9OHPdEY

Read More

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးထိ စံချိန်တင်ကျဆင်းနေ

တိုကျို၊ နို၀င်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ အနိမ့်ဆုံးထိ စံချိန်တင်ကျဆင်းနေပြီး ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလထိ ကလေးမွေးဖွားမှု ခြောက်သိန်းအောက်သာရှိကြောင်း ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက နို၀င်ဘာ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အဆိုပါမွေးဖွားမှုနှုန်းဟာ ၁၈၉၉ ခုနှစ်မှာ မွေးဖွားမှုဆိုင်ရာ အချက်အလက်တွေကို စတင်မှတ်တမ်း တင်ပြီးနောက်ပိုင်း မွေးဖွားမှုရှစ်သိန်းအောက် ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်ပါတယ်။ ယခုနှစ်ပထမကိုးလအတွင်း ကလေးမွေးဖွားမှု ငါးသိန်းကိုးသောင်းကျော်ရှိခဲ့ပြီး သူတို့ထဲမှာ ပြည်ပနိုင်ငံသားတွေရဲ့ မွေးဖွားမှုများလည်းပါ၀င်ကြောင်း ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ ယမန်နှစ် အလားတူကာလထက် ကလေးမွေးဖွားမှု သုံးသောင်းကျော် သို့မဟုတ် ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ကလေးမွေးဖွားမှု ရှစ်သိန်းတစ်သောင်းကျော်ထိ ရှိခဲ့ပါတယ်။ ယခုနှစ်အတွင်း ကလေးမွေးဖွားမှု ကျဆင်းမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်နိုင်ပြီး ကပ်ရောဂါစတင်ပြီးနောက်ပိုင်း နိုင်ငံတွင်းမှာအိမ်ထောင်ပြုမှုနဲ့…

Read More

ပိုလန်နယ်စပ်မှာ နေတိုးမဟာမိတ်အဖွဲ့ စစ်ရေးလေ့ကျင့်

ဝါဆော၊ နို၀င်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) နေတိုးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ပိုင်းလုံခြုံရေးအတွက် အရေးပါတဲ့ နေရာဖြစ်တဲ့ ပိုလန်နိုင်ငံမြောက်ပိုင်းမှာ နေတိုးတပ်ဖွဲ့၀င်တွေ နို၀င်ဘာ ၂၅ ရက်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ ဘီလာရုစ်နဲ့ ရုရှားနယ်မြေတခုဖြစ်တဲ့ ကာလင်နင်ဂရက်အကြားရှိ ပိုလန်မြောက်ပိုင်း ဆူဝေါ်ကီဂက်ပ်ဒေသဟာ နေတိုးမဟာမိတ်အဖွဲ့အတွက် အရေးပါတဲ့ မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်ပါတယ်။ အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းစစ်မြေပြင်မှာ လက်ရှိဖြစ်ပွားနေတဲ့ အတွေ့အကြုံနဲ့ စောင့်ကြည့်လေ့လာမှုတွေနဲ့အတူ ရုရှားက ဘယ်လိုနည်းလမ်းတွေကို အသုံးပြုတယ်ဆိုတာနဲ့ ဘယ်လို ကာကွယ်ရမည်ဆိုတာကို အခြေခံထားကြောင်း ပိုလန်ကာကွယ်ရေး၀န်ကြီး မာရီယက်ဇ်ဘလက်ဇက်ခ်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ကြည်းတပ်နဲ့လေတပ်မှ တပ်ဖွဲ့၀င် ၂၀၀၀ ကျော်ပါ၀င်ခဲ့ပြီး တိုက်ခိုက်ရေးနဲ့ ပို့ဆောင်ရေးယာဉ် ၁၀၀၀ ကျော်လည်း ပါ၀င်ခဲ့ကြောင်း ပိုလန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ယူကရိန်းကို ရုရှား၏ရဲ့ကျူးကျော်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တုံ့ပြန်မှုအဖြစ် ပိုလန်ဟာ သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ့ဂျီဒီပီ၏ သုံးရာခိုင်နှုန်းထိ မြှင့်တင်ဖို့ စီစဉ်နေပါတယ်။ Ref: Reuters…

Read More

ပခုက္ကူ – အုန်းတောလမ်းမှာ ကား ၁ စီး ပစ်ခတ်ခံရလို့ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ အုန်းတောကျေးရွာနဲ့ ကွက်သစ်ကျေးရွာ ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၂၅ ရက် ၊ နေ့လယ်ပိုင်းက အိမ်စီးကား ၁ စီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ကားပေါ်ပါ လူ ၂ ယောက်အနက် ၁ ဦးသေဆုံးကာ ၊ ကျန် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မြစ်ခြေမြို့သစ်မှာနေတဲ့ ဦးအောင်ကျော်ဆိုသူဟာ အုန်းတောရွာမှာနေတဲ့ သူ့ရဲ့တူမ မရွှေအနဲ့အတူ ဘင်အမျိုးအစား အိမ်စီးကားကိုမောင်းလာတဲ့အချိန် ပစ်ခံရတာပါ ၊ ဦးအောင်ကျော်က မျက်လုံး ၂ဘက် ၊ နဖူး ၊ ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့…

Read More

မော်ကျွန်းမှာ KTV နဲ့ မာဆတ် ဗုံးခွဲခံရတာနဲ့ ပတ်သက်လို့ လယ်သမားတွေအပါအဝင် လူ ၂၀ ဝန်းကျင် ဖမ်းခံရ

နိုဝင်ဘာ၂၆ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြိုနယ် စော်ကဲချောင်းတံတားအနီး တာဝန်ရှိတဲ့သူတွေ ပူးပေါင်းဖွင့်ထားတဲ့ ငွေဇင်ယော် KTV နဲ့ မာဆတ် ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒေသခံ လယ်သမားတွေ အပါအဝင်လူ အယောက် ၂၀ ဝန်းကျင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ”KTV နဲ့ မာဆတ်ကို ရေယာဉ်အသင်း ဥက္ကဌရယ်၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးဝင်းဆွေနဲ့ ၁၁ အုပ်ချုပ်ရေးမှူး ဦးကျော်မောင်တို့ ပေါင်းပြီး ဖွင့်ထားတာ ၊ ၂၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရတာ ၊ ၂၂ ရက်ကနေ မနေ့က အထိ လူအယောက် ၂၀ လောက် အဖမ်းခံရတယ် ၊ သံသယနဲ့ ဖမ်းတာပါ ၊ လယ်သမားတွေပါတယ်၊ သူတို့ လက်ညိုးထိုးတဲ့သူ အကုန်ဖမ်းတာ ၊ လူတွေတော့…

Read More

ဆစ်ဒနီကမ်းခြေမှာ လူစုလူဝေးလိုက် အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်ပြီး အရေပြားကင်ဆာအကြောင်း အသိပညာပေး

ဆစ်ဒနီ၊ နို၀င်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) အရေပြားကင်ဆာရောဂါကြောင်း သတိပြုမိစေဖို့ရည်ရွယ်တဲ့ အနုပညာပြကွက်တခုအဖြစ် သြစတြေးလျနိုင်ငံ ဆစ်ဒနီရှိ ဘွန်ဒီကမ်းခြေမှာ အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်တဲ့ လှုပ်ရှားမှုကို နို၀င်ဘာ ၂၆ ရက် နံနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပြကွက်ကို အမေရိကန်ဓါတ်ပုံဆရာ စပန်ဆာတူနစ်က စီစဉ်တာဖြစ်ပြီး သြစတြေးလျနိုင်ငံသားတွေ အရေပြားကျန်းမာရေးပုံမှန်စစ်ဆေးမှုများပြုလုပ်ခြင်းကို အားပေးဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ အရေပြားကင်ဆာရောဂါ အသိပညာပေး ရက်သတ္တပတ်အတွင်း ပြုလုပ်တဲ့ အဆိုပါလှုပ်ရှားမှုမှာ အရေပြားရောဂါဆိုင်ရာ ပရဟိတအဖွဲ့တဖွဲ့နဲ့ ပူးပေါင်းပြီး စေတနာ့၀န်ထမ်း ၂၅၀၀ ပါ၀င်ခဲ့ပါတယ်။ အရေပြားစစ်ဆေးမှုတွေပတ်သက်ပြီး အသိပညာပေးခွင့်ရတဲ့အတွက် ဂုဏ်ယူ၀မ်းမြောက်ကြောင်း ကမ္ဘာကျော် ဓါတ်ပုံဆရာ စပန်ဆာတူနစ်ကပြောပါတယ်။ သူဟာ ကမ္ဘာ့အထင်ကရနေရာတွေမှာ လူစုလူဝေးလိုက် အ၀တ်ဗလာနဲ့ ဓါတ်ပုံရိုက်ကူးမှုတွေကြောင့် လူသိများထင်ရှားသူဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရေပြားကင်ဆာဖြစ်ပွားမှုဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတွေထဲမှာ ပါ၀င်ကြောင်း ကမ္ဘာ့ကင်ဆာ သုတေသနရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Ref: BBC…

Read More

အရာတော်က နွားမသင်းကျေးရွာမှာ လူနေအိမ် ၈၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူ ၁ ဦး မီးလောင်သေဆုံး

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နွားမသင်းကျေးရွာမှာ မနေ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အဲ့ဒီ မီးလောင်ပြင်မှာ သက်ကြီးရွယ်အို လူတယောက်လည်း မီးလောင်သေဆုံးသွားတယ်လို့ အရာတော်ဒေသခံတွေဆီက သိရပါတယ်။ ” မနက် ၈ နာရီလောက်မှာ သေနတ်သံတွေကြားရတော့ ရွာကလူတွေ ပြေးကြတယ် ၊ အချိန်သိပ်မကြာဘူး ၊ ရွာဘက်ကနေ မီးခိုးလုံးတွေတက်လာတယ် ၊ အိမ်တွေ မီးရှို့ခံရပြီလို့ သိရတယ် ၊ ဘယ်အဖွဲ့စည်းက ရှို့တယ်ဆိုတာ ပြေးနေရတော့ မသိဘူး ၊ ညနေပိုင်း ရွာပြန်ရောက်မှ သိရတာက အိမ်ခြေ ၈၃ လုံး မီးလောင်တယ် ၊ အသက် ၉၀ ကျော်…

Read More

ရွှေဒင်္ဂါး အများအပြားဝယ်သူတွေရဲ့ ဝင်ငွေရလမ်းကို စစ်ဆေးမယ်

နိုဝင်ဘာ ၂၆- ၂၀၂၂ SN (VOM) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးခဲ့တဲ့ ရွှေဒင်္ဂါးပြားတွေကို မသမာတဲ့နည်းလမ်းနဲ့ အမြတ်ရှာ ပြန်လည်ရောင်းချမှုတွေ ရှိနေတဲ့အတွက် နောက်နောင်မှာ ရွှေဒင်္ဂါးတွေဝယ်သူတွေရဲ့ ဝင်ငွေရလမ်းကို စစ်ဆေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “ကျွန်တော့်စိတ်ထင်တော့ သူတို့ပြောတာက သူတို့ရောင်းချတဲ့နေရာမှာ မသမာမှုတွေ များတယ်နဲ့တူပါတယ်။ လူတယောက်တည်းကနေပြီး လူအယောက် ၁၀၀ ရဲ့နာမည်နဲ့ စာရင်းသွင်းပြီး အပြား ၁၀၀ ထုတ်သွားတာမျိုးပေါ့။ အဲ့ဒီလိုလူတွေကိုပြောတာ ဖြစ်ပါလိမ့်မယ်။ တခုလောက် ဝယ်တဲ့သူတွေကျတော့ ဝင်ငွေရလမ်းလည်း ဘာမှ စစ်စရာမရှိဘူးလေ။ အရည်ကြိုပြီး ပြန်ရောင်းရအောင်လည်း မကိုက်ဘူး။ အများကြီးဝယ်ပြီး အရည်ကြိုရင်တော့လည်း ကိုက်ချင်ကိုက်မှာပေါ့။ တခုတည်းသမားကတော့ မဖြစ်လောက်ဘူး”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဌာနအနေနဲ့ကတော့ ကိုယ်ကျိုးအတွက် စီးပွားရှာသူတွေ ရှိနေတဲ့အတွက် နောက်နောင်မှာ ရွှေဒင်္ဂါးပြားတွေ ရောင်းချရင် ဝယ်ယူသူတွေရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းအပြင် ဝင်ငွေရလမ်းကိုပါ…

Read More

ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်

ဆူးငှက် “ကျွန်ုပ်မှာ မျက်နှာမလိုက်ဘဲ မိမိ မှန်သည်ထင်သော ဘက်မှ ထောက်ခံရးသားလိုသော ဆန္ဒပြင်းထန်သူ တစ်ယောက် ဖြစ်သည့်အလျောက် မှန်သည့်ကိစ္စနှင့်ဖြစ်လျှင် မည်သူ မကြိုက်ကြိုက်၊ ကြိုက်ကြိုက် မှန်သည်ကို ဝန်ခံရေးသားလိုသည်။ တိုင်းပြည်စီးပွားရေးစနစ်တွင် လက်ဝဲဝါဒကို သဘောကျစေကာမူ လက်ဝဲသမားများ၌ အမှားများတွ့လျှင်လည်း ထောက်၍ ပြချင်တတ်၏။ ဤကဲ့သို့ ထောက်ပြမိသည့် အတွက်ကြောင့် လက်ဝဲဝါဒ အောင်မြင်ရေးအတွက် အနှောက်အယှက်ဖြစ်သည်ဆိုလျှင်လည်း ကျွန်ုပ်ဂရုမစိုက်။ တိုင်းပြည်၌ လက်ဝဲခါင်းဆောင်ကြီးများ မှားသည် ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်။ ကျွန်ုပ်လက်လှမ်းမှီသလောက် ဖော်ထုတ်တင်ပြရမှ ကျေနပ်တတ်သည်။ ကျွန်ုပ်၌ ပါတီစိတ်ဓာတ်မျိုး၊ ဝါဒစိတ်ဓာတ်မျိုး တတ်နိုင်သမျှ ကင်းအောင်နေချင်တတ်သည်”ဟု ကိုယ်ယုံကြည်ရာကို ရိုးရိုးရှင်းရှင်း ဒေါင်းဒေါင်းပြေး၊ အချက်ကျကျဖြင့် ရေးသားသော အထက်ပါ စာပိုဒ်မှာ ဆရာကြီး ရွှေဥဒေါင်း၏ နာမည်ကျော် သတင်းစာခေါင်းကြီး တစ်ပုဒ်မှ စာပိုဒ်ဖြစ်၏။ ဆရာကြီးရွှေဥဒေါင်းသည် ဒိုးဒိုးဒေါက်ဒေါက်၊ ခိုင်ခိုင်ခံ့ခံ့၊…

Read More
VOM News

FREE
VIEW